Sunday, March 12, 2017

ဘာလီကို ကိုယ်တိုင်ပလန်ပြီး စမတ်ကျကျ Solo ခရီး သွားကြမယ် ( Epi 1)





ဘာလီဟာ တစ်ယောက်ထဲ ခရီးသွားမဲ့သူတွေအတွက် သင့်တော်တဲ့ မြို့ လေး ဖြစ်ပါတယ်။
ခရီးစရိတ်ကလည်း သက်သာပြီး နိုင်ငံတကာ ခရီးသွား နဲ့  Backpackerတွေတော်တော်များများ လာတက်ကြပါတယ်။


ကိုယ့် အနေနဲ့ လည်း ဒီခရီးဟာ ဘဝမှ ပထမဆုံး သွားဖူးတဲ့ Solo Trip ပါ ။ တခါမှလည်း ခရီးကို ကိုယ်သွားမဲ့ နိုင်ငံမှာ နယ်ခံအသိမရှိဘဲ ဒါမှမဟုတ် ခရီးသွားဖော်တွေ မပါဘဲ မသွားဖူးတော့ နည်းနည်းတော့ စိတ်လှုပ်ရှားပါတယ်။ ဒါပေမဲ့ ကိုယ်တွေကသာ ကိုယ့်ကိုယ်ယုံကြည်မှု နည်းလို့ ဖြစ်ချင်ဖြစ်ပါလိမ့်မယ် တခြားနိုင်ငံသူ နိုင်ငံသားတွေကတော့ သွားချင်ရာကို ပလန်တွေ ချပြီး ခြေဆန့် နေကြတော့ .. ကိုယ်တွေလည်း အွန်လိုင်းလေးကနေဘဲ ကြည့်ပြီး သာယာနေတဲ့ ဘဝက လွတ်ဖို့ သင့်ပါပြီ ။ :P ( ခရီးသွားချင်အောင် ဆွသည် ) ကိုယ်တိုင်ကိုယ်ကျ သေသေချာချာ စီစဉ်ပြီး သွားခဲ့တဲ့ အချိန်မှာ စိတ်ကျေနပ်မှု ရရှိခဲ့လို့  မိတ်ဆွေများကို ကိုယ့်သွားတဲ့ ပုံစံလေးပြောပြချင်ပါတယ်။

ပထမဆုံးပြောရရင် ဘာလီဆိုတာ ကိုယ့် အနေနဲ့ အလှမ်းဝေးပါတယ်။ သူက Luxury Tour အနေနဲ့ ဘဲ လူသိများတော့ ဈေးကြီးတယ် ။ အကုန်အကျများတယ် ဆိုပြီး တွေးကြပါတယ်။  အမှန်တော့ သေသေချာချာ စေ့စေ့စပ်စပ်လေး စီစဉ်တက်ရင် တစ်ယောက်ထဲ ( သူုများနဲ့ ရှဲသုံးစရာမလိုဘဲ သုံးမယ် ) ဆိုရင် ကျနော်ကုန်သလောက်ပဲ ကုန်မှာပါ။

ဘာလီကုန်ကျစရိတ်

  • လေယာဉ်ခ အသွားအပြန် - 200$ ( တစ်လကြိုမှာရင် ဒီဈေးနဲ့ ရပါတယ်။ Holiday များတဲ့  April  မှာတော့ ဈေးကြီးနေပါပြီ )
  • တည်ခိုခန်းခ - 100$ ( နေရာမတူ ၄ညအိပ်စာ )
  • Private Driver တက်စီ လည်ပတ်စရိတ် - 100$
  • စားသောက်စရိတ် - 100$
  • Others – 50$ 


စုစုပေါင်း ဒေါ်လာ ၅၀၀ ကျော်ဝန်းကျင် အကုန်အပြီးအစီး




ခရီးစဉ်

ခရီးစဉ်က ၄ ညအိပ် ၅ ရက် ခရီးစဉ်ပါ ။ မတ်လ ၆ရက်နေ့ ကနေ မတ်လ ၁၀ ရက်နေ့ ကိုယ် ရွေးလိုက်ပါတယ်။ ဒီမှာ ခရီးစဉ်ကို ချိန်ဆရတာ ပြောပြပါမယ်။ ကိုယ်တိုင်ပလန်ချင်တဲ့ သူများအတွက်ပါ ။ ရန်ကုန်ကနေ ဘာလီကို ဈေးသက်သာတဲ့ Air Asia က တိုက်ရိုက်မသွားတော့ ကြားထဲမှာ Transit အနေနဲ့ ကွာလမ်လာပူ ၊ မလေးရှားလေဆိပ်မှာ ခဏဝင်ပါတယ်။ မလေးကတော့ ဗီဇာရှိမှ  နို်င်ငံအထဲဝင်လို့ ရပါတယ်။ ကိုယ်က Transit  ပဲဆိုတော့ ဗီဇာမလုပ်တော့ပါဘူး ။မလေးဗီဇာလုပ်ရတာလည်း စရိတ်ကမသေးပါဘူး ။ ပြီးတော့ ချက်ချင်းလည်း မရပြန်ပါဘူး ။ ဆိုတော့ ကိုယ်ကတော့ မလေးရှားဝင်မှာ မဟုတ်တဲ့ အတွက် နိုးပါ။ :P  

KL လေဆိပ်မှာပဲ  ကိုယ့်လေယာဉ်ရှိတဲ့ Gate တွေသွား စစ်ဆေးရေးဂိတ်တွေဖြတ်ပြီး သကာလ ဂိတ်မှာပဲ ပစ္စည်းတွေ ချနားပါတယ်။ ဒီထဲမှာ တစ်ခု သတိပြုရမှာက Transit လုပ်မဲ့ အချိန်ကို လေယာဉ်လက်မှတ်ဝယ်ကထဲက တွက်ကြည့်ထားပါ။ ဘယ်နှစ်နာရီလောက် လေဆိပ်မှာ နေရမှလဲ ။ လေယာဉ်ထွက်တဲ့ အချိန် တွေ ဘာတွေ တွက်ပြီး Transit သိပ်မကြာတဲ့ အချိန်ကို ရွေးပြီးမှ ဝယ်ပါ။ Transit  စောင့်တဲ့ အချိန်မှာ မပျင်းရလေအောင် လေဆိပ်အင်တာနက်သုံး ဒါမှမဟုတ် စာဖတ်နေလို့ ရပါတယ်။

ကိုယ်ခရီးသွားတဲ့ အချိန်မှာ Mobile Apps တွေကလည်း တော်တော် အကူအညီပေးပါတယ်။



  • Booking.com ( ဟိုတည် ဘိုကင်လုပ်ရန်၊ ဟိုတည်ဈေး နဲ့  Review ပါ ဖတ်လို့ ရပါတယ်။ )
  • AirAsia  ( လေယာဉ်လက်မှတ်ဘိုကင်လုပ်ရန် )
  • TripAdvisor (သွားမဲ့ နေရာနဲ့ အကြောင်းအရာများ ကို ပြောပြထားတဲ့ Review ဖတ်ရန် ၊ လိပ်စာရှာရန် )
  • Google Trips ( Trip ကို Plan ဆွဲထားရန် ၊ လေယာဉ်လက်မှတ်ကို မိမိ Gmail နဲ့လုပ်ထားပါက ဒီ Apps လေးမှာ တခါထဲ Syn လုပ်ပေးထားမှာပါ )
  • Maps.me  ( သွားမဲ့ နေရာ အသေးစိတ်မြေပုံ Offline ကြည့်ရန် )
  • Currency  (ငွေဈေးနှုန်းကြည့်ရန် )
  • Google Map ( သူကတော့ အမြဲလိုလို ကိုယ်ဘယ်ရောက်နေတယ် ဆိုတာကို ပြသပေးပြီး သိချင်တဲ့ ဆိုင် ၊နေရာတွေကို ရေးရှာလိုက်တာနဲ့  သွားမဲ့ လမ်းကြောင်း ၊ အကွာအဝေးတွေပါ ပြောပြပေးပါတယ်။အင်တာနက်ဖွင့်ထားပြီး သွားရင် ကိုယ်နဲ့ အနီးဆုံးမှာ ဘယ်လို Things to do တွေ ရှိတယ် ဆိုတာပါ ပြပေးပါတယ်)



Trip Agenda
 Flight Time
March 6 : Yangon 7:45AM – KL 1:00PMTransit Waiting Hours ( 3Hrs )KL 4:20PM – Bali 7:20 PM



မတ်လ (၆) ရက်နေ့ မနက်စောစော ၇နာရီခွဲလောက် ရန်ကုန်ကနေ Air Asia နဲ့ ထွက်ပါတယ်။ ဒါတောင် ထွက်တာ ၁၅ မိနစ် နောက်ကျလို့  KL လေဆိပ်ကို နေ့ လည် ၁နာရီလောက် မှ ရောက်ပါတယ်။ ရောက်တာနဲ့ ကိုယ့်  Transit လေယာဉ်နံပါတ်ကို ကြည့်ပြီး လေယာဉ်ရှိမဲ့ Gate ကို သွားပါတယ်။ Air Asia က ဈေးသက်သာတဲ့ လေယာဉ်ဖြစ်ပြီး လေယာဉ်အချိန် စောတာတွေ နောက်ကျတာတွေ ရှိတက်လို့ ကိုယ့်ဘက်က Check In ကောင်တာကို အချိန် သုံးနာရီလောက် စောရောက်တာ ပိုကောင်းပါတယ်။


Hotel Booking


ကိုယ်တည်းမဲ့ Hotel တွေကို Booking.com ကနေ Book လုပ်ပါတယ်။ သူက Credit ကဒ်ရှိမှ Book  လုပ်လို့ ရတာ ရှိသလို ကဒ်မပါလည်း လုပ်လို့ ရတဲ့ ဟော်တည်၊ Guest House တွေ ရှိပါတယ်။ ကိုယ်က ကဒ်မသုံးချင်လို့  ဒီအတိုင်း Member Register လုပ်ပြီး Booking လုပ်လို့ ရတဲ့ ဟော်တည်တွေကို ရှာပါတယ်။ Reivew တွေ ဖတ်ပါတယ်။  ဒီလိုနဲ့  စိတ်ကြိုက်တွေ့ တဲ့ ဟိုတည်နှစ်ခုကို Book လုပ်ထားပါတယ်။ လေယာဉ်လက်မှတ်ကို တစ်လလောက်အကြိုမှာ ဝယ်ပြီးပြီးချင် ဟိုတည်ဘိုကင်ကိုပါ ကြိုလုပ်ထားပါတယ်။




ဘာလီကို ရောက်တဲ့ အခါ

မတ်လ ၆ ရက်နေ့ ကို ည၇ခွဲလောက် ဘာလီက Ngurah Rai Air Port ကို ရောက်ပါတယ်။ လေဆိပ်ကို ရောက်တာနဲ့  ပိုက်ဆံလဲပါတယ်။ ဒေါ်လာ ၃၀၀ ကို အရင်လဲလိုက်ပါတယ်။ လေဆိပ်ကနေ ထွက်တော့ ဘာလီရာသီဥတုကတော့ အိုက်စပ်စပ်လေး ဖြစ်နေတယ်။

Photo:internet

US 1$  = 13,000 Idr  / 1000 = 1K ( Airport Exchange Rate )

ကိုယ်က ကားခပေးဖို့ လိုတော့ ငွေအရင်လဲလိုက်ပါတယ်။ ပြီးတော့ အင်တာနက်သုံးဖို့ လည်း လိုတော့ လေဆိပ်မှာပဲ ဖုန်းကဒ်ဝယ်ပါတယ်။ 8G ကို အင်တာနက် နဲ့  နို်င်ငံတကာကို ပြောဆိုခ ၄၅ မိနစ်ဖို့ အပါအဝင် ဆိုပြီး 350,000 idr နဲ့ ဝယ်လိုက်ပါတယ်။ မြန်မာငွေနဲ့ ဆို ၃သောင်းခွဲလောက်သွားကျပါတယ်။ ကိုယ်ကလည်း ဒီမှာပဲ အရင်ဆုံးတွေ့ တာ ဝယ်လိုက်တော့ ၅ရက်လောက်ပဲ နေမဲ့ဟာကို နည်းနည်းများသလို ဖြစ်သွားပါတယ်။ သူများတွေပြောတာကတော့ 4G တန်လည်း ရှိတယ်ပြောပါတယ်။ ရှိစေတော့ :P

ငွေကို အပြင်မှာ လဲလည်း ရပါတယ်။ အပြင်မှာတော့ ပိုရပါတယ်။ ကိုယ်ကတော့ အခြေအနေအရ လေဆိပ်ကောင်တာမှာပဲ လဲလိုက်တာပါ။  ဒါကြောင့် အရေးပေါ် သုံးဖို့ က လွဲရင် အရမ်းမလိုသေးရင် ၁၀၀ ဖိုးလောက် အရင်လဲလိုက်လည်း ဖြစ်ပါတယ်။ နောက်မှ ကိုယ်နေတဲ့ နေရာရောက်မှ ထပ်ပြီးလဲချင်လဲပါ။ ပိုရအောင်ပါ။

Photo:internet


ဘာလီကျွန်းမှာ ဘယ်ကို သွားမလဲ .. ဘာလုပ်မလဲ  ?

ကျနော်က  Blog တွေဖတ်ပြီး သွားတာ ဖြစ်တဲ့ အတွက် ဘလော့ပ် မှာ ပြောပြထားတဲ့ ခရီးစဉ်ကိုပဲ ရွေးပြီး ကိုယ့်စိတ်ကြိုက် ပလန်ဆွဲလိုက်ပါတယ်။

ဘာလီက ကျွန်းမြို့လေး ပါ။ သူက အလယ်မှာ တောင်တန်းတွေ ရှိပြီး ရေပတ်လယ်ဝိုင်းထားတဲ့ ကမ်းခြေမြို့ လေးပါ။ ဆိုတော့ ခန့် မှန်းကြည့်ရအောင် အလယ်မှာ သစ်တောနဲ့ တောင်တန်းတွေ ရှိမယ် ။ အောက်ခြေမှာ ကမ်းခြေတွေက ပတ်လည်ဝိုင်းထားမယ်။ ဒီလိုမျိုးပါ။

သစ်တောတွေ တောင်တန်းတွေ ၊ လယ်ကွင်းတွေ နဲ့  Adventure  ဆန်ဆန်သွားလို့  ကောင်းပြီး အေးဆေးတဲ့ နေရာကတော့  Ubud   ပါ။ သူက ဘာလီကျွန်းရဲ့ အလယ်မှာ တည်ရှိပါတယ်။ 

ကမ်းခြေတွေ ၊ Shopping Mall တွေ ၊ Nightlife Club တွေ ရှိတဲ့ နေရာလေးက Kuta နဲ့ 
Seminyak ပါ။ ဘာလီကျွန်းရဲ့ တောင်ပိုင်းအခြမ်းမှာ ရှိပြီး လေဆိပ်နဲ့ နီးတဲ့ အရပ်ပါ။

အဲ့ဒီတော့ ကိုယ်က  ဘာလီကျွန်းထဲမှာပဲ မတူတဲ နေရာနှစ်ခု မှာ နေဖို့ ပလန်ချထားပါတယ်။ Ubud မှာ နှစ်ရက် နဲ့  Kuta မှာ နှစ်ရက် နေပါတယ်။ 

ဒီတော့ ကိုယ့်ပလန် က အသွားအပြန် နဲ့ လည်တာပတ်တာ အားလုံး ၅ရက် ရှိပါတယ်။


ပထမနေ့  

ပထမနေ့ က လေယာဉ်စီး ၊ transit နဲ့ ဆိုတော့ ညပိုင်း ၇ နာရီ လောက်မှ ဘာလီကို ရောက်ပါတယ်။ ရောက်တာနဲ့  Ubud ကို တန်းတက်မယ် ဆိုတော့ ညကို Ubud မြို့ ထဲ လျှောက်သွားတာ လျှောက်ကြည့်တာတော့ လုပ်လို့ ရမှာပါ။ ဒါကြောင့် လေဆိပ်ကနေ လာကြိုဖို့ ကားကို ညွန်းထားတဲ့ ဘလော့ပ်ကနေပဲ ရှာပြီး အဲ့ဒီက နံပါတ်ကို WhatsApp ကနေ လှမ်းချိတ်ပါတယ်။ ဒီလိုနဲ့  လေဆိပ်နဲ့  Ubud အသွားကို အင်ဒိုငွေ 300K idr နဲ့ Book ကြိုလုပ်ထားလိုက်ပါတယ်။  Private Driver ငှားတာက စိတ်ချရပါတယ်။ Recommend ပေးထားတဲ့ Private Driver တွေ ရှာရတာ လွယ်ပါတယ်။ ကိုယ်ဘိုကင် လုပ်ထားတဲ့ ကားက လာကြိုပြီး Ubud ကို တန်းသွားပါတယ်။ လေဆိပ်ကနေ Ubud ကို တစ်နာရီလောက် ကြာအောင် မောင်းရပါတယ်။


Photo:internet

Ubud – လယ်ကွင်းတွေနဲ့ မြို့ကလေး

 လယ်ကွင်းတွေ ၊ တောင်တန်းတွေ ကုန်းမြင့်တွေ ရှိတဲ့ နေရာလေးက Ubud (အူဘတ်)  ဆိုတဲ့ မြို့ နေရာလေးပါ။ ဘာလီကျွန်း ရဲ့ အလယ်တည့်တည်မှာ တည်ရှိပါတယ်။ လှေကားထစ်စိုက်ထားတဲ့ လယ်ကွင်းတွေ ၊ တောလမ်းတွေ ၊ ရေတံခွန်တွေ ၊ ရှေးဟောင်းဘုရားကျောင်းတွေ ရှိပါတယ်။ Ubud က အေးအေးဆေးဆေးသမားတွေ စိတ်အပန်းဖြေပြီး နားအေးပါအေး လည်ပတ်ချင်သူများအတွက် ကောင်းပါတယ်။


Eat Pray Love ဇာတ်ကားကို ကြည့်ဖူးရင် သိပါလိမ့်မယ်။ Julia Roberts တစ်ယောက် တရားတွေ ထိုင်တဲ့ လယ်ကွင်းနားက ဘန်ဂလိုလေးတွေ ၊ မြက်ပင်အရှည်ကြီးတွေ ရှိတဲ့ လျှောက်လမ်းတွေ ၊ လယ်ကွင်းတွေကို ဖြတ်သွားတဲ့ လမ်းကလေးတွေ ၊ ပြီးတော့ ဘာလီရိုးရာ ရုပ်ထုတွေ ရှိပါတယ်။ ကိုယ့်ကိုယ်တွေ ဒီဇာတ်ကားလေးက တော်တော်လေး လွမ်းမိုးထားတော့ Ubud မှာ နှစ်ရက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Ubud က ဘာလီဘာသာဖြစ်ပြီး အဓိပ္ဗယ်က ဆေးဝါးလို့ ပြောပါတယ်။ ဒီနေရာကို ရောက်တဲ့ သူက ဘာဘဲ ခံစားနေရ နေရ စိတ်သက်သာရစေတယ်။ ဒဏ်ရာကို ပျောက်စေပါတယ်တဲ့။



Puji Bungalow
Jalan Bisma , No 28 , Ubud

Ubud မှာ တည်းတဲ့ ဘန်ဂလိုလေးပါ။ သူက ဘန်ဂလို တစ်ခုကို နှစ်ယောက်လောက် နေလို့ ရပါတယ်။ ကိုယ်ကတော့ တစ်ယောက်ထဲ သွားတာ ဆိုတော့ အခန်းကလည်း အကျယ်ကြီးပါ။ ရေခဲသေတ္တာ ၊ အဲကွန်း ၊   Bathtub  ရေပူရေအေးရပါတယ်။ မနက်စာပါပါတယ်။ ပြီးတော့ ကိုယ်အကြိုက်ဆုံးကတော့ ရေကူးကန်ပါ။ အရှေ့ မှာ စပါးခင်းမြင်ကွင်းနဲ့ တော်တော်လေးမိုက်ပါတယ်။ ကိုယ့်ဘန်ကလိုအရှေ့ မှာ လယ်ကွင်းလေးတွေရှိတယ်။ အေးအေးဆေးဆေးရှိတယ်။ မြို့ ထဲကျပြီး လမ်းကြားလေးထဲမှာ တည်ရှိတော့ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ပါ။ သီးသန့် လည်း ဆန်ပါတယ်။







မတ်လ 6-7 နှစ်ညအိပ်ကို idr 900,000 ကျပါတယ်။ Usd နဲ့ ဆိုရင် စုစုပေါင်း $ 67 လောက်ကျပါတယ်။ Budget ဟိုတည်အမျိုးအစားပါပဲ။


တစ်ခုရှိတာက ရေကတော့ ဝယ်သောက်ရပါတယ်။ ဒီမှာ ဘန်ဂလိုမှာတော့ မပေးထားပါဘူး ။ တခြားသူတွေကလည်း အဲ့လို ဝယ်သောက်တယ် ထင်ပါတယ်။ ရေဘူးလေးတွေ ဘန်ဂလိုကို ဝယ်လာကြတာတွေ့ တယ်။ ကိုယ်လည်း ရောက်တာနဲ့  ပြန်နား ရေမိုးချိုးပြီး ဗိုက်ဆာတာနဲ့  စားစရာရှာရပါတယ်။ အနီးအနားမှာ စားသောက်ဆို်င်တွေ ရှိပေမဲ့ နောက်မှ Tripadvisor လေးကြည့်ုပြီး ကောင်းတာလေးရှာစားတော့မယ် ဆိုပြီး လမ်းထဲက M-Mart ဆိုတဲ့ ရန်ကုန်က City express  လို ဆိုင်လေးမှာ ခေါက်ဆွဲပြုတ်ပဲ ဝယ်စားလိုက်ပါတယ်။




ပထမရက် ၊ ဒုတိယနေ့  - Ubud ထဲ လျှောက်လည်မယ် ၊ Walking Tour လုပ်မယ်။

Ubud က Retreat လုပ်လို့ ကောင်းတဲ့ နေရာလေးပါ။ သူက Party Town တော့မဟုတ်ပါဘူး။ ညဆို ဘားတွေ ဆိုင်တွေက ၁၁ နာရီလောက် ဆို ပိတ်ပါတယ်။ ဒါပေမဲ့ အငြိမ်လိုင်းလေး ဆိုတော့ အဆင်ပြေတယ်။ မြို့လေးက လမ်းလျှောက်ပြီး လျှောက်သွားလို့  ကောင်းတယ်။ Safe ဖြစ်တယ်။

အဲ နေ့ ဆိုရင် နေတော့ ပူတယ် ။ ဆိုတော့ Sun Screen ဒါမှမဟုတ် Sun Spray လေး ယူသွားသင့်ပါတယ်။ ကိုယ်ကတော့ အဲ့ဒီက M-Mart ကနေပဲ ဝယ်လိုက်တယ်။ နေပူတော့ အဝတ်အစား ထူထူကြီးတွေလည်း မဝတ်ချင် ဆိုတော့ ဖက်ရှင်လည်း ကျအောင် လက်ပြတ် နဲ့  ဘောင်းဘီအတိုလေး နဲ့  ပေါ့ပေါ့ပါးပါးစတိုင်လေး ဝတ်တာ ကောင်းတယ်။ ဒီလိုနဲ့ ပြင်ဆင်ပြီး သကာလ ဟိုတည်က ကျွေးတဲ့ နံနက်စာ အသီးစုံနဲ့  ခေါက်ဆွဲကြော် ၊ ကော်ဖီသောက်တယ်။ အဲ့ဒီမှာ မနက်စာ စားတော့ ကိုယ်တွေလိုပဲ တစ်ယောက်ထဲ ခရီးသွားတဲ့ သူတွေနဲ့ မိတ်ဆက် စကားတွေပြောတော့ .. ကိုယ်က မြန်မာဆိုတော့ သူတို့ က အံ့သြပြီး တစ်ယောက်ထဲ လာတာလား.. ဘာညာမိတ်ဆက် ဒီလိုနဲ့  မိတ်ဆွေအသစ်တွေ ရခဲ့တယ်။






လာတဲ့ သူတော်တော်များများ ကြည့်မယ်ဆိုရင် Europe ဘက်က လူတွေပါမယ်။ Korea တို့  တခြား Asian  တွေလည်း တွေ့ ပါတယ်။ အားလုံးကလည်း လူငယ်တွေပါ။ သူတို့ ကို ကြည့်ပြီး ကိုယ်လည်း စိတ်ဓာတ်တွေ တက်ကြွနေရော။

နည်းနည်းကြာတော့ မြို့ထဲကို ကျောပိုးအိတ်လေး တစ်လုံးလွယ်လို့  လိမ့်ပါတယ်။ ဒီနေရာမှာ လမ်းမသိရ မရှိလေအောင် Mobile Internet ကို ဖွင့်ပြီး Google Map ကို On ထားဖို့ လိုပါတယ်။




သူကတော့ Ubud မြို့ အလယ်ထဲမှာပဲ ရှိပြီး Ubud ရဲ့ ရှေ့ အကျဆုံး နန်းတော်ကြီးလို့ ပြောလို့ ရပါတယ်။ အခုဆိုရင်တော့ ရိုးရာအခမ်းအနားတွေ ကျင်းပတက်ပါတယ်။ နန်းတော်ဘေးမှာပဲ စင်လေးတစ်ခု လုပ်ထားပြီး ညနေဆိုရင် ဘာလီရိုးရာအကတွေနဲ့ တင်ဆက်ပါတယ်။ ကိုယ်သွားတော့ မမီလိုက်ဘူး ။ 



Ubud ဈေးထဲက အသည်ဆီကနေ ဝယ်စားတဲ့ Street Food , Nasi Ayum စက္ကူအညိုရောင်နဲ့ ထုတ်ထားပြီး အထဲမှာ ကြက်သား အသီးအရွက် ထမင်းတို့ ပါတယ်။


Yoga ကျင့်နေတဲ့ ကြောင်ရုပ်လေး သဘောကျလို့ ဝယ်မိ ။ 

ပူနေတော့ ဘာလီကော်ဖီအေးအေးလေးသောက်မယ်လေ။





သူက Ubud  မြို့ လယ်ထဲမှာပါ ။ ဘာလီ Hand Made လေးတွေ တော်တော်များများရှိပါတယ်။ နံနက် ၉ နာရီလောက် ဆို စခင်းပါပြီ။ လက်ဆောင်ပေးလို့  ကောင်းတဲ့ ပစ္စည်းတွေ ရှိပါတယ်။ ဘာမှမဝယ်ဘူး ဆိုရင်လည်း လျှောက်ကြည့်လို့  ကောင်းပါတယ်။ ဝယ်မယ်ဆိုရင်လည်း ဈေးကို နည်းနည်းတော့ စစ်ပြီးမှ ဝယ်ပါ။ ကြိုက်မှ ဝယ်ပါ။ အရမ်းကြီး ကြိုက်တဲ့ ပုံနဲ့ တော့ မဝယ်မိပါစေနဲ့ ။ ဈေးတင်တက်လို့ ပါ :P



တစ်နာရီလောက် ဈေးထဲ လျောက်ကြည့် ပြီးတော့ Monkey Forest ကို သွားပါတယ်။






မျောက်တောအုပ်လို့  ခေါ်တဲ့ နေရာကတော့ Ubud မြို့ လေးထဲမှာပဲ ရှိပါတယ်။ ဒီတော့ နီးနီးနားနား လည်စရာ တစ်ခုပါပဲ ။ အထဲကို ဝင်ဖို့  ဝင်ကြေး idr 20K ပေးရပါတယ်။

မျောက်တောအုပ်ထဲ ဝင်သွားပြီ ဆိုရင်တော့ဖြင့် တစ်ခု သတိထားရမှာက မျက်မှန်တွေ ၊ စားစရာတွေ ၊ ရေဘူး တွေကို အပြင်မှာထုပ်ကိုင်ထားလို့ မရပါဘူး။ ဒီတော့ ပါလာတဲ့ ကျောပိုးအိတ်မှာ အားလုံး ထည့် ဇစ်ပိတ်ထားရပါတယ်။ မျောက်တွေက အငြိမ်မနေ ဆွဲတက်လို့ ပါ ။ အထဲမှာတော့ ဝန်ထမ်းတွေက စောင့်ကြည့်ပေးပါတယ်။မျောက်တွေကလည်း လူမကြောက်ဘဲ နီးနီးနားနားမှာ ထိုင်နေတက်ကြပါတယ်။  မျောက်တွေ အနီးကို ကပ်သွားရင် သူတို့ က လူပေါ်ခုန်တက် တက်ပါတယ်။ မျောက်ကြောက်တက်ရင်တော့ အနီးမကပ်တာအကောင်းဆုံးပါ ။ အထဲမှာ သစ်ပင်ကြီးတွေနဲ့  နွယ်ပင်တွေ စိမ်းစိမ်းစိုစို ရှိပါတယ်။ သူက ခန့် မှန်းခြေ ဆိုရင် ၂ ဧကလောက် ကျယ်မယ်ထင်တယ်။ အထဲမှာ ဘုရားကျောင်းတစ်ခု ရှိတယ်။ ဝတ်ပြုတဲ့ သူတွေပဲ ဝင်ရတယ်။ ကန့် သတ်ထားတယ်။ အပြင်ကနေတော့ ဓာတ်ပုံရိုက်လို့ ရပါတယ်။ အပင်မြင့်ကြီးတွေ နွယ်ပင်တွေလည်း ပေါပါတယ်။ မျောက်တွေကို အစာကျွေးချင်လည်း ကျွေးလို့ ရတယ်။ တစ်ချို့ ကတော့ မျောက်တွေကို ပခုံးပေါ်တက်စေပြီး ဓာတ်ပုံတွေ လည်း ရိုက်ကြတယ်။ ကံဆိုးရင်တော့ မျောက်ကိုက်တာ ခံရနိုင်ပါတယ်။ ကိုယ်ကတော့ မျောက်ကုတ်မှာ ကြောက်တော့ ဘေးကနေပဲ ဓာတ်ပုံရိုက်တယ်။အတွင်းတောအုပ်ကို ပတ်လမ်းလေး လုပ်ထားပေးတဲ့ နေရာမှာ တစ်ယောက်ထဲ လျှောက်သွားတော့ မျောက်က ကိုယ့်ပခုံးပေါ် လာခုန်တက်တာတောင် ကြုံလိုက်ရတယ်။ ထွက်ပြေးလိုက်ရတာ ဟိဟိ။











ဘာစားကြမလဲ

ဒီင်္လိုနဲ့  နေ့ လည် ၁၁ နာရီလောက်တော့ မျောက်တောအုပ်ထဲက ပြန်ထွက်ပါတယ်။ စားစရာ တစ်ခုခု ရှာစားဖို့ ပါ။ ဆိုင်တွေကတော့ အများကြီးပါ ။  အင်ဒိုစာ ၊ တရုတ် ၊ ထို်င်းစာ စသဖြင့်ပေါပါတယ်။ ကိုယ့်ဖာသာ ရွေးစားချင်ရင်တော့ အပန်းမကြီးချင်ဘူး ဆိုရင် Tripadvisor ဖွင့်ပြီး အနီးနားက  Rating နဲ့    Review ကောင်းတဲ့ ဆိုင်မှာ စားပါ။ ဈေးတွေကလည်း သက်သာပါတယ်။

ကိုယ်စားတဲ့ အင်ဒိုစာက ဘန်းကလေးထဲမှာ ငှက်ပျောဖက်လေးနဲ့ ခင်းထားပြီး အသားကင် ၊ ထမင်း နဲ့ အသီးအရွက်တွေပါတာမျိုးလေးပါ။





မြို့ ထဲမှာလည်း လမ်းကြားလေးတွေ တော်တော်များပြီး လမ်းကြားသေးသေးလေးတွေထဲမှာတောင် စားသောက်ဆိုင် ပိစိလေးတွေ ၊ ကော်ဖီဆိုင် စသဖြင့်အများကြီးပါ ။ Treasure Hunter Game ဆော့ရင်တော့ မူးသွားနိုင်တယ်။ ဆိုင်တွေများလွန်းလို့ ။ ဒါပေမဲ့ အားလုံးက သပ်သပ်ရပ်ရပ်နဲ့ ချစ်စရာ ကောင်းအောင် လုပ်ထားကြပါတယ်။ အမိုးကို သက်ကယ်မိုးလေးတွေ လုပ်ထားတာတို့  .. ဘာလီအရုပ်လေးတွေ တန်ဆာ ဆင်ထားတာတို့ ပါ။ အိမ်တိုင်းလိုလိုမှာလည်း ဘာလီရိုးရာစတိုင် အရုပ်တွေ ကနုတ်တွေပါတဲ့ မုခ်ဦးတွေ ရှိပါတယ်။ ကိုယ်ကတော့ ရောက်ရောက်ချင်းကတော့ အထူးအဆန်းဖြစ်ပြီး မုခ်ဦးတွေကို ဓာတ်ပုံလိုက်ရိုက်တာ တစ်မြို့ လုံးလိုလို ဖြစ်နေတော့ ကြာတော့ ရိုးသွားပါတယ်။







ဒီလိုနဲ့ နေ့ လည်စာ စားပြီးတော့  နေမြင့်ချိန်မှာပဲ Ubud နေရာလေးထဲမှာပဲ လုပ်စရာတစ်ခုဖြစ်တဲ့ Campuhan Ridge Walk လုပ်ပါတယ်။ သူက တောတွင်းလမ်းလေး တစ်ခုကို သွားရတာပါ။ ဖောက်ထားပေးတဲ့ လမ်းမှာ အုပ်ပြားလေးတွေ ခင်ထားတဲ့ တောင်တက်လမ်းလေး လုပ်ထားပါတယ်။ Trekkingလို့ လည်း ပြောလို့ မရဘူုး။ တောတွင်းလမ်းလေးမှာ ဘေးပတ်ပတ်လည်က မြက်ခင်းအရှည်ကြီးတွေ ကို ဖြတ်ကျော်သွားရတာပါ။ ဂုံးတက်လမ်းလေးတွေ ဂုံးဆင်းလမ်းလေးတွေ ရှိပြီး လေလေး တဖြူးဖြူးနဲ့ လျှောက်ရတာ ဖီးလ်ပါ။ နေပူတော့ ချွေးတော့ နည်းနည်းစို့ တာပေါ့။ ဒီတော့ နေရိပ်ရင် ခဏနား ပါလာတဲ့ ရေဘူးလေး သောက်ပြီး အဆုံးအထိလိမ့်ပါတယ်။ လမ်းက လူပြတ်တက်ပေးမဲ့ ကိုယ်လို သွားနေတဲ့သူတွေ ရှိတော့  Safe ဖြစ်ပါတယ်။ ကိုယ်ကတော့ ပုံလေး ရိုက်လို့  သွားလိုက် လုပ်ပါတယ်။ တစ်မိုင်ကျော်ကျော်လောက် လျှောက်ပြီးရင် အိမ်တွေ ၊ ခြံလေးတွေ ၊ ကော်ဖီဆိုင်လေးတွေ ၊ ပန်းချီဆိုင်လေးတွေ တွေ့ ပါတယ်။  အဲ့မှာ နားနားနေနေ ကော်ဖီသောက်ချင်လည်း ရပါတယ်။ ပတ်ပတ်လည်မှာလည်း လယ်ကွင်းလေးတွေ အကွက်လိုက် စိုက်ထားပါတယ်။ နှစ်မိုင်လောက်လျှောက်ပြီးတော့ အဆုံးမှာ မြို့ ထဲ ပြန်သွားတဲ့ လမ်းရှိပါတယ်။ ကိုယ်က Google Map ကနေ ကြည့်တော့ ကိုယ်နေတဲ့ နေရာနဲ့ ဝေးနေပြီဖြစ်တဲ့ အတွက် ခုနက လျှောက်လာတဲ့ လမ်းအတိုင်း ပြန်ခေါက်ပါတယ်။ အလာလမ်းက ကိုယ်နေတဲ့ ဘန်ဂလိုနဲ့ ပိုနီးလိုပါ။ လမ်းလည်း ထပ်မလျှောက်ချင်တော့ဘူးလေ။ ညနေတော့ Foot Massage ဝင်ရဖို့ ကိန်းပါ။

ဒီနေရာလေးကို သွားချင်တယ် ဆိုရင် Google Map ကနေ ရိုက်ရှာပြီး သွားလို့ ရသလို ..ဒီ ဘလော့လေးမှာ ရေးထားတဲ့ အတိုင် ပုံကြည့်ပြီးလည်းသွားလို့ ရပါတယ်။ ( http://almostlanding-bali.com/how-to-get-to-the-campuhan-ridge-walk-ubud/ )

ဒီလိုနဲ့ ပြန်ရောက်တော့ ၃-၄ နာရီပဲ ရှိသေးတယ်။ ဘန်ဂလို ကို ပြန်နားပါတယ်။ နေကလည်း ပြင်းတယ်လေ။ ကိုယ့်အခန်းထဲမှာပဲ အေးအေးဆေးဆေးနေရင်း ညနေစောင်းတော့ ဘန်ဂလိုက ရေကူးကန်မှာ ရေဆင်းကူးပါတယ်။ ကန်အရှေ့ မှာ လယ်ကွက်လေးတွေနဲ့ ဆိုတော့ အေးအေးချမ်းချမ်းရှိတယ်။ ဒါလည်း စည်းစိမ်ပဲလေ။


ဒီလိုနဲ့  ၆နာရီလောက် ထိုးတော့ ရေကူးကန်က တက်ပြီး အဝတ်အစားပြန်လဲ နောက်.. ထမင်းစားဖို့ မြို့ ထဲလိမ့်ပါတယ်။

ဒီည ညစာကိုတော့ လူပြောများတဲ့ ဆိုင်လေး ရွေးစားအုံးမှာ ဆိုပြီး TripAdvisor လေးဖွင့်ပြီး အနီးအနားက Rating  များတဲ့ ဆိုင်ကို ရှာပါတယ်။ ရှာရင်း ကိုယ်သွားတဲ့ လမ်းမှာ လူတော်တော်များများ ဝင်စားနေတာ တွေ့ တာနဲ့ ဝင်ထိုင်လိုက်တယ်။





Warug Biah Biah

ဒီဆိုင်လေးကတော့ ဝင်လိုက်တဲ့ အချိန်မှာ လူတွေတော်တော်များများလည်း ကျနေပါတယ်။ ဆိုင်က စားပွဲထိုး ဝိတ်တာမလေးက ဘယ်နှစ်ယောက်လဲမေး ၊ တစ်ယောက်ထဲ ဆိုတော့ သူက နေရာချပေးပါတယ်။ အဲ့ဒီမှာ အင်ဒိုစာလေး တစ်ခုခု မှာအုံးမှာဆိုပြီး မီနူးကြည့်ပါတယ်။
ကိုယ်ကတော့ Local စာ စစ်စစ်စားမယ် ဆိုပြီး Nasi Campur ( နာစီကျန်ပေါ) နဲ့ အင်ဒိုဘီယာ  Bintang ပုလင်းသေး တစ်ပုလင်းမှာသောက်ပါတယ်။


Nasi Campur က ထမင်းရယ်။ အသားနှစ်မျိုးရယ်။ ကြက်ဥနှစ်ခြမ်းရယ် ၊ အသီးအရွက်တွေရယ် ၊ ငါးမုန့် ကြော်လေးရယ် ပါပါတယ်။ သူက ဖက်ရွက်လေးနဲ့ ခင်းထားတယ်။ တစ်ပွဲကို 25K idr ပေးရပါတယ်။ နှစ်ဒေါ်လာလောက်ပဲရှိတယ်။ Bintung Beer ကတော့ 22K 1dr ပါ။ အဲ့ဒါလေးစားပြီး ခဏနေတော့ ကိုယ်နေတဲ့ ဘန်ဂလိုနားကို ပြန်ပါတယ်။ ဘန်ဂလိုနားမှာက Foot Massage ရှိတော့ ဝင်နှိပ်ခံတယ်။ တစ်နာရီကို 75K idr ပေးရတယ်။ တစ်နေကုန် လျှောက်သွားထားတော့ ဒီလို အနှိပ်ခံရတာက လုံးဝ ဇိမ်ပဲ ။

ခြေထောက်ကို ဆီနဲ့ သေချာလေး နှိပ်ခံပြီးနောက် လူလည်း ပေါ့သွားတယ်။ အချိန်ကြည့်တော့ ၉  နာရီလောက် ရှိပါပြီ။ ဒီမှာက Nightlife သိပ်မရှိတဲ့ အတွက် အထူးသဖြင့် လူစည်ကားတဲ့ ဘားတွေကလည်း ၁၁ နာရီဆို ပိတ်ပြီဖြစ်တဲ့ အတွက် ဘန်ဂလိုလေးကိုပဲ ပြန်ပါတော့တယ်။ ဟိုမှာ အေးဆေးနားပြီး မနက်ဖြန် လည်ဖို့ အတွက် အနားယူပါတော့တယ်။

အပိုင်း (၂) ဖတ်ရှုရန် >> http://fred-rangoon.blogspot.com/2017/03/solo-epi-2-final.html 

စာကြွင်း - တစ်ယောက်ထဲသွားသော်လည်း ရှုခင်းနဲ့ လူပုံလှလှလေးတွေ ရအောင် ဘေးက ခရီးသွားတွေကို မိတ်ဆက်ပြီး ပုံရိုက်ပေးဖို့  အကူအညီတောင်းပါလေ  :P

Fred Rangoon
March 12 , 2017









Related Articles

0 comments:

Post a Comment

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery