ဗီယက်နမ် အမဲသားခေါက်ဆွဲ Pho အိမ်မှာ လုပ်စားကြမယ်
ဘော်ဒါတို့ ရေ ကျန်းမာတဲ့ Lifestyle ဖြစ်ဖို့ က ကျန်းမာတဲ့ အစားအစာတွေစားသောက်တာလည်း ပါဝင်ပါတယ်။ ဒီအထဲမှာမှ ကျန်းမာတဲ့ အစားအစာတွေကို သရုပ်ခွဲရရင် အဆီအဆိမ့်နည်းတာ စားပြီး ဘေးဥပုဒ်မဖြစ်တာတို့ ပေါ့လေ။ ကွီး အခု မျှဝေပေးမဲ့ အစားအစာကတော့ အရမ်းလွယ်ပြီး အိမ်မှာ ချက်ချင်းလုပ်စားလို့ ရတဲ့ ဗီယက်နန် အမဲသား Pho ခေါက်ဆွဲပုံစံ ပြင်ဆင်စားသောက်တာပါပဲ။ ကျန်းမာရေးနဲ့ လည်း ညီညွတ်ပြီး အိမ်မှာပဲ ပြင်ဆင်ချက်ပြုတ်တာ ဖြစ်လို့ မမြင်ရတဲ့ အရာတွေပါဝင်တာလည်း မရှိပါဘူး။ ပြီးတော့ ပါဝင် ပစ္စည်းတွေက ရပ်ကွက်ဈေးထဲ သို့  စီးတီးမတ်တို့ မှာ ဝယ်ယူနိုင်ပါတယ်။ ပါဝင်ပစ္စည်းများ အမဲသား ၁၀၀ဂရမ် ကြက်ငရုတ်ကောင်းလုံး ၁၀၀ ဂရမ် ဆန်ခေါက်ဆွဲခြောက် ၁ထုတ် Sweet Basil...