အလွမ်းဖြစ်ပါစေ
ကောင်းကင်ကို ခါးခါး
အရည်ဖျော်ပြီးနောက်..
သူ့ ဆီကို မိုးအမည်ခံ
စိုစွတ်မှု တွေ ကျရောက်လာတယ်
ခါးပါသည်ပေါ့
ငြိမ်သက်နေဆဲ အခန်းလေးကလည်း
သူ့ အတွက် အကောင်းဆုံးထွက်ပေါက်မဟုတ်နိုင်ဘူး
သူ ကိုယ်တိုင် ပိတ်လှောင်ထားခံရသလိုပဲ
မွန်းကြပ်လွန်းတယ် ။
စန္ဒာ လား.. ဧကရီလား...
နဒီလား.. ခိုင်လား
ပန်းပွင့်တွေက..
မြေမှာ ကျဲပြန့် သွားလေရဲ့ 
တိတ်တိတ်လေး
ဆွံ့ အ မိတာ
အချစ်မပါတဲ့..
တွဲလက်ကို ..သူကြာရှည်မဆုတ်ကိုင်ထားချင်လို့ ပါ
သူမ နေကောင်းမှာပါ
သူမ ပျော်ရွင်မှာပါ
သူမ စိတ်ချမ်းသာမှာပါ
ကျနော် မရှိလည်းလေ
ယောက်ျားလေး မငိုရဘူးလို့ 
ဘယ်သူပြောသလဲ
ဒါပေမဲ့.. ရင်ဘတ်ထဲမှာ..
ဟာတာတာကြီးရယ်..
သူမ မတ်စေ့တွေ မရောက်လာတော့တဲ့ နေ့ ကစလို့ 
ကျနော် ရင်မခုန်ရတာကြာပြီ။
လင်းတန်ဆောင်
0 comments:
Post a Comment