ယုန်ကလေး ပေါင်မုန့် ဖုတ်ကြမယ်
ဒီနည်းက ကိုယ်ပိုင် နည်းတော့မဟုတ်ပါဘူး ။ အွန်လိုင်းမှာ ရှာဖွေရင် တွေ့ ရှိတဲ့ နည်းလေး ပါပဲ ။
ကိုယ်တိုင်လည်း ဒီလိုမလုပ်တက်ပါဘူး ။ ဒါပေမဲ့ ကြည့်ပြီး ချစ်စရာ ကောင်းလို့  ရှယ်ပေးလိုက်ပါတယ် ဗျ။
ပါဝင်ပစ္စည်းများ
ဂျုံ လုပ်မည့် အရေအတွက်ပေါ် မူတည်၍ ၂ မှ ၃ ခွက်အထိ ထည့်ပါ။
သကြား နှစ်ဇွန်း
တဆေး (သို့ ) ပွဆေး လေးပုံ တစ်ပုံ
ဆား လဖက်ရည်ဇွန်း တစ်ဇွန်း
အချဉ်ရည် (တစ်အောင်စ) တစ်ခွက်
ရေ လေးပုံ တစ်ပုံ
ထောပတ် စားပွဲဇွန်း နှစ်ဇွန်း
ကြက်ဥတစ်လုံး
ပြုလုပ်ပုံ အဆင့်ဆင့်
ထောပတ် အချဉ်ရည် နဲ့ ရေတို့ ကို အိုးပြားတွင် မွေပြီး မွှသွားအောင် မီးအနည်းငယ် အပူပေးပါ ။ မချက်မိပါ စေနဲ့  ။ နောက် အအေးခံပြီး ကျန်ရှိသည့် အမယ်များကို ထည့်ပါ။ နောက် အိုးတွင်ထည့်ပြီး သမအောင် မွေပါ ။ မုန့် နှစ်ရည် ထူပါက ရေအနည်းငယ် ရော နိုင်ပါတယ်။
နောက် ဂျုံများ သမသွားပါက အတုံးလေးများ ၁၆ ခုခန့် လုပ်ပါ။ မီးဖုတ်မည့် စက္ကူပေါ်တွင် တင်ပြီး နာရွက်လေးများ ပုံကို ကပ်ကြေးဖြင့် ညှပ်ဖော်ပေးပါ။
အပူချိန် 200° (C) / 375° (F) မှာ ၁၀ မိနစ်ခန့် ဖုတ်ပေးပြီး ရွှေဝါရောင် သန်းလာသည် အထိထားနိုင်ပါတယ်။ ထို့ နောက် မုန့် ဖုတ်ဖိုမှ ချပြီး အအေးခံကာ စားသုံးနိုင်ပါပြီ။
* ယုန်ကလေး နှာရွက်လုပ်တဲ့ အခါမှ ကပ်ကြေးနဲ့ စိတ်ရှည်ရှည် ကိုင်ပြီး ညှပ်ပေးဖို့ မမေ့ပါနဲ့ ။ ဒါမှ ချစ်စရာ ကောင်းတဲ့ ပုံလေး ထွက်မှာ ဖြစ်ပါတယ်။
ကိုယ်တိုင် လုပ်စားလို့ ကောင်းတယ်ဆိုရင်တော့ မိတ်ဆွေ သူငယ်ချင်းများကိုလည်း လက်တို့ ပြီး လက်ဆောင် ပေးလို့ ရပါသေးတယ် ။
လင်းတန်ဆောင်
0 comments:
Post a Comment