အမေရိကန် (သို့ ) အသေးစားလုပ်ငန်းပိုင်ရှင်များ
Small
Business လို့ ခေါ်တဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်း အသေးစား များဟာ အမေရိက မှာ
တွင်ကျယ်နေတဲ့ ကာလတစ်ခုပဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် မဲအရ ၈၈ ရာခိုင်နှုန်းသော
အမေရိကန်နေ ပြည်သူများဟာ ကိုယ်ပိုင် လုပ်ငန်း အသေးစားလေးများကို လုပ်ကိုင်ရတာ
နှစ်ချိုက်သူများလို့  သိရပါတယ်။
အချက်အလက်များမှာကတော့ ၆၈ ရာခိုင်နှုန်းလောက်က လုပ်ငန်းကြီးများထက်
လုပ်ငန်း အသေးစားများကို ပိုပြီး ရင်းနှီးလုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။
အမေရိကန်တို့ ရဲ့  မျက်လုံးထဲမှာတော့ လုပ်ငန်း အသေးစားလေး များဟာ
တက္ကသိုလ်တက်ဖို့ ကိုလည်း အထောက်အပံ့ပေးနိုင်တဲ့ အထိ အဆင်ပြေတယ်လို့ သိရပါတယ်။
၂၀၁၀ ခုနှစ် တုန်းက Pew ဖောင်ဒေးရှင်းတစ်ခုရဲ့  ဆာဗေးမှ တွေ
့ရှိချက်ကတော့ အမေရိကန်တို့ ဟာ သူတို့ ရဲ့  လုပ်ငန်း အသေးစားလေးများ
လုပ်ကိုင်ရခြင်း ကို ချက်ကျောင်းတက်တာနဲ့  တက္ကသိုလ် တက်တာထက် ပိုပြီး အကောင်းမြင်
ကြတယ်လို့ ဆိုပါတယ်။ အမေရိကန်တို့ ဟာ လုပ်ငန်း အသေးစားလေး များကို နှစ်ချိုက်စွာ
လုပ်ရခြင်းမှာ မှတ်သားစရာ အကြောင်းအရင်းများလည်း ရှိပါတယ်။
အမေရိကန်တို့ ဟာ ဘာလို့  လုပ်ငန်း အသေးစား များကို လုပ်ကိုင်ကြသလဲ
ဆိုတာနဲ့  ပတ်သတ်ပြီး အချက်အလက် ငါးချက်ကို လေ့လာတင်ပြလိုပါတယ်။
၁။ လုပ်ငန်းအသေးစားလေးများကို လုပ်ကိုင်သူများဟာ အမေရိကန်တို့ ရဲ
့စိတ်ကူးယဉ်အိမ်မက်တစ်ခုပါတဲ့။
အမေရိကန်တို့ ဟာ စိတ်ကူးအတိုင်း အကောင်အထည် ဖော်ရတာကို
ကြိုက်ကြသူများလို့ ဆိုပါတယ်။ ဒီလို စိတ်ကူးအတိုင်း ကိုယ်လုပ်ချင်တဲ့
လုပ်ငန်းများကို အသေးစားမှ အစ အကောင်အထည်ဖော် ရင်းနှီးမြုပ်နှံလာရင်း ကုမ္မဏီကြီး
ဖြစ်သည် အထိ ကြိုးစားတက်သူများ ဖြစ်ကြပါတယ်။ လူ့ အခွင့်အရေးတွေ အပြည့်အ၀ ရှိတဲ့
မြေမှာ ဒီလို လုပ်ကိုင်ရင် နေထိုင်ချင်သူများလို့  သိရပါတယ်။
၂။ အောင်မြင်တဲ့ ကုမ္မဏီကြီးများဟာ သေးငယ်တဲ့အရာက စတင်ခဲ့တယ် ဆိုတဲ့
အိုင်ဒီယာ ကို အမေရိကန်တို့  ဟာ
သဘောကျကြတယ်။
ပညာသင်ကြားနေတဲ့ အရွယ်မှာ ပင် ဖြစ်စေ သူတို့ လုပ်ကိုင်နေတဲ့
လုပ်ငန်းအသေးစားလေးဟာ တိုးတက်မှု ရှိတယ်လို့ ပြ ရင် အလယ်အလတ်တန်းစား စွန်
့ဦးဖန်တီးသူများဟာ ကုမ္မဏီ အသေးစား တစ်ခု လုပ်ဖို့  ရည်ရွယ်ကြပါတယ်။ တကယ်လည်း
အောင်မြင်တဲ့ ကုမ္မဏီကြီးများဟာ အသေးလေးက စခဲ့တာ ဖြစ်ပါတယ်။
သာဓက အနေနဲ့  Apple ဖန်တီးခဲ့သူ Steve ဟာ မိမိလုပ်ငန်းကို
ကားဂိုထောင်လို နေရာလေးကနေ စတင်ခဲ့တာ ပဲဖြစ်ပါတယ်။
ပြီးတော့ .. ပြောင်းစေ့ ကနေ ၀က်သစ်ချပင်တစ်ပင် ဖြစ်လာနိုင်တယ် ဆိုတဲ့
အတွေးကို အမေရိကန်တို့  သဘောကျကြတာကြောင့်ပါပဲ။
၃။ လုပ်ငန်းအသေးစားလေးဟာ အိမ်စောင့်ခွေးဖြစ်ပြီး အမေရိကန်တို့ ဟာ
အိမ်စောင့်ခွေးလို ဘ၀ကနေ အမြစ်တွယ်ခဲ့ကြတာ။
အသေးစား လုပ်ငန်း ပိုင်ရှင်များဟာ အလုပ်ချိန်များများ ယူပြီး
အနားယူတာထက် ငွေနည်းနည်းရတာကိုပိုကြိုက်ပါတယ်။
ကုမ္မဏီ ကြီးများနဲ့ ယှဉ်ပြိုင်ရတဲ့အခါမှာလည်း အလုပ်ပိုလုပ်ခြင်းဖြင့်
ယှဉ်ပြိုင်တက်ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကုမ္မဏီကြီးများရဲ့ မမျှတတဲ့  နည်းဗျူဟာများနဲ
့ယှဉ်ပြိုင်တာကိုလည်း ကြုံကြရပါတယ်။
၎။ လုပ်ငန်း အသေးစား လုပ်ကိုင်သူများဟာ ရိုးသားပြီး လူ့ ကျင့်ဝတ် ကို
သိမြင်သူများ ။
၈ရာခိုင်နှုန်းမျှသော အမေရိကန်တို့ ရွေးချယ်ချက်အရ
ကော်ပိုရေးကြီးအကြီးစားတို့ ရဲ့  စီအီးအို တို့ ဟာ လူ့  ကျင့်ဝတ် မြင့်မားကြတယ်
လို့ ဆို ပါတယ်။ ဒါပေမဲ့ ၅၂ ရာခိုင်နှုန်း သော သူတွေ ကတော့ အသေးစား လုပ်ငန်း
လုပ်ကိုင်ကြသူများကို လို့ လည်း ဆိုထားပါတယ်။
၅။ လုပ်ငန်း အသေးစား များဟာ အလယ်အလတ်တန်းစား လူတို့ ရဲ့ ဘ၀ ကျောရိုး
တစ်ခု
အလယ်အလတ်တန်းစားများအတွက် အကြွေးကဒ်များကို ဘယ်လိုသူတွေကို
ထောက်ပံ့ပေးသင့်သလဲ လို့  မေးခဲ့ ရင် ၅၁ ရာခိုင်နှုန်းမျှသော အမေရိကန်တို့ ဟာ
ကုမ္မဏီကြီးများ အလုပ်သမား သမဂ္ဂများ အစိုးရများ ထက် လုပ်ငန်းအသေးစား အတွက်
ထောက်ပံ့ပေးသင့်ပါတယ်လို့ ဖြေကြမှာ ဖြစ်ပါတယ်။
လုပ်ငန်းအသေးစား ပိုင်ရှင်များဟာ အမေရိကန်ရဲ
့အလုပ်အကိုင်ဖန်တီးသူများလို့  အမေရိကန်အများစုက ယုံကြည်ကြ ပါတယ်။ စစ်တမ်းအရ
၅၇ ရာခိုင်နှုန်းသော အမေရိကန်များကတော့ လုပ်ငန်းအသေးစား ပိုင်ရှင်များဟာ
အလုပ်အကိုင်များ ဖန်တီးပေးနိုင်တဲ့ အပြင် နိုင်ငံ စီးပွားရေးကို ကုမ္မဏီကြီးနဲ
့အစိုးရထက် မြင့်တင်ပေးနိုင်တယ်လို့ ထင်မြင် ကြပါတယ်။
အမေရိကန်တို့ ဟာ နည်းပညာပိုင်းအရ သာလွန်ချက်များစွာ ရှိပြီး
နာမည်ကြီး ကုမ္မဏီကြီးများစွာရှိပေမဲ့ .. အမေရိကန်တို့  ကိုယ်တိုင်မှာလည်း
ထိုကုမ္မဏီများတွင် ၀င်ရောက် လုပ်ကိုင်ကြတာ နည်းပါတယ်။ မိမိတို့  စိတ်ကူးအတိုင်း
လုပ်ဆောင်ရတဲ့ တစ်နိုင်တစ်နိုင် လုပ်ငန်းများကို စိတ်ဝင်စားခြင်းကို
ကြည့်ခြင်းအားဖြင့် စိတ်ကူးအတိုင်းဖန်တီးရတာ စိတ်ချမ်းသာမှုနဲ့ ဘ၀ကို တည်ဆောက်ရတာ
ကြိုက်သူများလို့ ဆိုနိုင်ပါတယ်.
နာမည်ကြီး နည်းပညာ ကုမ္မဏီများမှာလည်း ကမ္ဘာအနှံ့ မှ ပညာရှင် အလုပ်သမား
လူမျိုးခြား များစွာနဲ့  ပုးပေါင်း လုပ်ကိုင်နေကြတာကို Google ကို သာဓက ထားပြီး
သိမြင်နိုင်ပါတယ်။ ထို့ ကြောင့် အသေးစားမှ အကြီးကြီး
သို
့ မျှော်မှန်းတက်သူများ ကိုလည်း
လေ့လာနိုင်ဖို့ တင်ပြလိုက်ရပါတယ်။
လင်းတန်ဆောင်
Ref;entrepreneur dot com
လင်းတန်ဆောင်
31.3.2013(Sunday)
Ref;entrepreneur

0 comments:
Post a Comment