အွန်လိုင်းပေါ်ရောက် နာမည်ကြီး ကြောင်တစ်ကောင် ( Grumpy Cat )
- စက်တင်ဘာ 2012 လောက်မှာ အများက ဖိုတိုရှော့  လုပ်ထားတယ်လို့  ထင်ကြတဲ့ ကြောင်ပုံလေး တစ်ပုံဟာ သရော်ပုံများနဲ့ အတူ ပေါ်ထွက် လာပါတယ် ။
သူမ နာမည် Grumpy Cat လို့ ခေါ်ကြပါတယ်။။ စိတ်တိုနေတဲ့ ကြောင်ကလေး ဆိုပြီး သူ့ ပုံတွေဟာ အွန်လိုင်း နဲ့ ဆိုရှယ်မီဒီယာများမှာ နေရာတော်တော် ယူခဲ့တယ်။ ပြီးတော့ Troll နဲ့ Meme လုပ်တဲ့ အင်တာနက် သရော်သမား များကလည်း ဒီကြောင်လေး ပုံကို Edit အမျိုးမျိုးလုပ်ပြီး သရော်ပုံများ စွာ ဖန်တီးခဲ့တယ်။ အခု ဒီကြောင်လေးက တကယ်မှ ဟုတ်ရဲ့ လား ဆိုပြီး စဉ်းစားစရာနဲ့ အတူ မြင်မိသူတိုင်း ပြုံးချင်မိအောင် စွမ်းဆောင်နိုင်တယ်။
စိတ်တိုကြောင်ကလေး ထူးခြားချက်က အဖေ နဲ့ လည်း မတူ သလို အမေနဲ့ လည်း မတူပါဘူး ။ အမေကတော့ Ragdoll သို့ Showshoe လို့ ခေါ်တဲ့ အမျိုးအစားနဲ့ ဆင်တူပါတယ်။ အဖေကတော့ ပုံမှန်ကြောင် တစ်ကောင် ပါပဲ ။
အခု Grumpy Cat ကို တကယ်ပိုင်ဆိုင်တဲ့  ပိုင်ရှင်ကို မီဒီယာ တစ်ခုက အင်တာဗျူးထားပြီး စိတ်တိုနေတဲ့ ကြောင်ကလေး အကြောင်းကို မေးမြန်းထားတာမို့  ပရိသတ်များ အတွက် မျှဝေလိုက်ရပါတယ်။
Q: Grumpy Cat က ဘယ်နေ့ မွေးတာလဲ ?
A: April 4, 2012 မှာ မွေးခဲ့တာပါ.. အခုဆို တစ်နှစ်ပြည့်ခါနီးပေါ့။
Q: ဒီကြောင်ကလေးကို တွေ့ ချင်တယ်ဆိုရင် ဖြစ်နိုင်မလား..?
A: မိသားစု လုံခြုံရေး အရ လူတွေကို တွေ့ ခွင့်တော့ မပြုပါဘူး ၊ ဒါပေမဲ့ ဆိုရှယ်မီဒီယာ နဲ့  ရုပ်သံဘလော့များမှာတော့ သူမအကြောင်း နေ့ စဉ်ကို အမြဲအပ်ဒိတ် တင်ပေးပါတယ်။
Q: သူက ဘာအမျိုးအနွယ်များ ဖြစ်မလဲ..?
A: မျိုးစပ်ကြောင်တစ်မျိုးပါပဲ..ဒါပေမဲ့ Persian, Ragdoll နဲ့ Snowshoe စတဲ့ အမျိုးအစား ၀င်ထဲကပဲလို့ ထင်ပါတယ်။
Q: အကယ်လို့ မျိုးစပ်ချင်တယ်ဆိုရင် ခွင့်ပြုပေးသလား..ဒါမှ မဟုတ် ဒီလိုမျိုး ထပ်တူ ရနိုင်မလား..?
A: ဒီလိုတော့ မရပါဘူး.. တစ်ကမ္ဘာလုံးမှာ ချစ်စရာ ကောင်းတဲ့ ကြောင်ကလေး တွေ အများကြီး ရှိပါတယ်။ သင်ကိုယ်တိုင် ရှာကြည့်နိုင်ပါတယ်။
Q:ဘာလို့  ကြောင်ကလေးဟာ အမြဲစိတ်တိုနေရတာလဲ?
A: စိတ်တိုနေတာ မဟုတ်ပါဘူး..ဒါက ချစ်စရာ ကောင်းနေတာပါ တကယ်ကို ချစ်စရာကောင်းပြီး ထွေးပွေ့ ထားချင်စရာလေးပါ။
Q: ကြောင်စိတ်တိုလေးကို ပေးနိုင်မလား..?
A: နိုးးး ပါ ဒါပေမဲ့ ကြောင်ကလေးပုံကိုတော့ အမြဲ အပ်ဒိတ်တင်ပေးပါတယ်.. Check နိုင်ပါတယ် ။ :)
..................
အခု ဆိုရင် ကြောင်စိတ်တိုလေးဟာ ချစ်သူ ခင်သူများ ပေါများပြီး အားပေးတဲ့ ပရိသတ်များစွာလည်း ရှိတာကြောင့် ဆိုရှယ်နက်ဝေါ့တစ်ခုဖြစ်တဲ့
Facebook မှာလည်း မန်ဘာ ၇ သိန်းကျော် ရှိပါတယ်။ စိတ်တို ကြောင်ကလေး ပုံများစွာ ကိုလည်း ကြည့်ချင်တယ်ဆိုရင်တော့
ပေ့ခ်ျမှာ သွားလေ့လာနိုင်ပါကြောင်း..ကို တင်ဆက်လိုက်ရပါတယ်။
Grumpy Cat Official Page (https://www.facebook.com/TheOfficialGrumpyCat )
လင်းတန်ဆောင်
0 comments:
Post a Comment