ကျနော် နဲ့ အင်တာနက် ၁
Internet is not only Connect But
also Access.
အင်တာနက်ကို ဘာကြောင့် သုံးချင်ကြတာလဲ
လို့  ICT Training ပေးတဲ့ အခါ Trainee တွေကို သင်ခါနီးခဏခဏ မေးခဲ့ဖူးတယ် ။
တစ်ချို့ က ကမ္ဘာ တ၀ှမ်းက အဖြစ်အဖျက်တွေကို
သိချင်လို့ တဲ့ ။ တစ်ချို့ ကတော့ မိတ်ဆွေတွေနဲ့ ဆက်သွယ်ချင်လို့  ။ တစ်ချို့ ကတော့
ပုံတွေ ကြည့်ချင်လို့ တဲ့ ။
အသက် ၁၀နှစ်ကျော်လောက်ကနေ စလို့  အသက်၃၀ကျော်
၄၀ နာ နီးပါး လူတွေ အားလုံး အင်တာနက်ဆိုတာက မသုံးဖူးခင် အင်တာနက်အသုံးပြုပုံကို မသင်ရသေးခင် သူတို့ ကို
မေးကြည့်တယ်။ သူတို့ သိသလောက် မှတ်သလောက် ဖြေကြတာဖြစ်ပါတယ်။
မှတ်မိသလောက် Web Programming တွေကို
စပြီး စိတ်ဝင်စားခဲ့တဲ့ အချိန်က ၂၀၀၇ ခုနှစ်လောက် တက္ကသိုလ် ကျောင်းသားဘ၀ မှာ ဖိုရမ်ဆိုတဲ့
Web Portal တွေ တော်တော်လေး ခေတ်စားလာခဲ့တယ် ။ အဲ့ဒီမှာ အသင်းဝင်ထားတဲ့ ဘယ်သူမဆို ကိုယ်ပိုင်
Profile လေးမှာ Design Code တွေ ထည့်လို့  အလှဆင်ကြတာပါပဲ။ ဆရာမျိုးသူရ ရဲ့  အဆင့်မြင်
အင်တာနက် အသုံးပြုနည်း ဆိုတဲ့ နည်းပညာစာအုပ်လေး တစ်အုပ်ကို မှတ်မှတ်ရရ ၀ယ်ပြီးကထဲက
အင်တာနက်ဖိုး တစ်နာရီ ၁၀၀၀ကျပ်တိတိ ပေးရတဲ့ အချိန်မှာပါ။ မုန့် ဖိုးတွေကော ၊ ဘုံးထားတဲ့
ပိုက်ပိုက်တွေကော စုလို့  နယ်က တစ်ဆိုင်တည်းသာ ရှိတဲ့ အင်တာနက်ဆိုင်မှာ သွားသုံးခဲ့ရတယ်။
အဲ့ဒီတုန်းက Desktop ကွန်ပျူတာ စခရင် ပြူးတူးပြဲတဲ ကြီးတွေ နဲ့  အခုလို LCD ဆိုတဲ့
အပြားစခရင်တွေဆိုတာ ဘယ်ပေါ်အုံးမလဲ။
အင်တာနက်ကို ဘယ်သူ သင်ပေးတာလဲ
အင်တာနက်ကို ဘယ်သူမှ မသင်ပေးခဲ့သလို
၊ ကွန်ပျူတာ အခြေခံကိုတောင် အိမ်ကို တက်ချင်လို့ ပူဆာတာ ပယ်မဲပေးခံရတာ အကြိမ်ကြိမ်။
ကျောင်းမှာ သူများတွေ Microsoft က Paint နဲ
့ကွန်ပျူတာ ပန်းချီဆိုတာလေး ပြိုင်နေတာကို မျက်လုံးအ၀ိုင်းသားနဲ့ ကြည့်ခဲ့ရတာ ။ ကွန်ပျူတာ
ခန်းဆိုတာ ဆယ်တန်းမှာ အေခန်းနဲ့ ကပ်နေလို့  အေခန်းက လူတွေက အခွင့်ထူးခံရပြီး အကြိမ်ကြိမ်ဝင်ထွက်နေကြတဲ့
နေရာတစ်ခု ။ ကိုယ်တွေ ဘီခန်းက သူတွေက ဘာမှမဆိုင် ။ ကွန်ပျူတာ ခန်းမှာ ရုံးထိုင်တဲ့
ရူပသင်တဲ့ ဆရာမဆီကို အိမ်စာ စာအုပ်တွေ သွားထပ်မှ ငေးကြည့်ခဲ့ရတယ် ဆိုရုံလေး ။ ဒီလိုနဲ
့ဆယ်တန်းပြီးတော့ ဂျာနယ်တွေ ဖတ် ၊ စာအုပ်တွေ ဖတ်တော့ အင်တာနက်ဆိုတာ ပါ ပါနေတာလေးက ကသိကအောင့်
နိုင်လှချည်ရဲ့ ဗျာ။
ဖြစ်ချင်ရာ ဖြစ်ဆိုပြီး အိပ်ကပ်ထဲ အင်တာနက်ဖိုး
ထည့်လို့  ကွန်ပျူတာ အခြေခံတောင် မတက်တဲ့ သူက မြို့ မှာ တစ်ခု တည်း ရှိတဲ့ အင်တာနက်ဆိုင်ကို
ချီတက်ခဲ့လေရဲ့ ။ အဲ့ဒီတုန်းက MIRC ဆိုလား ။ Modin ဆိုတာလား မသိတော့ပါဘူး ။
သူများတွေ လုပ်တာ ခိုးကြည့် ။ လုပ်ကြည့်
၊ ကလိကြည့်တယ်။ အီးမေးလ်မလိုတဲ့ ချက်ရွန်းပေါင်းစုံကို နှံ့ ခဲ့တယ် ။ အင်းလေ အင်တာနက်မှ
မသင်ရတာ ။ အီးမေလ်း ဘယ်ရှိမလဲ ဗျာ။
အဲ့ဒီတုန်းက ပထမဆုံး အီးမေးလ်ကို အင်တာနက်ဆိုင်က
အင်တာနက်သင်ပေးတဲ့ ဆရာ ကို ကိုယ်က သင်တန်းသားမဟုတ်ဘဲ ဆရာတစ်လုံးခေါ်ရင်း အကောင့် လုပ်နည်း
မေးခဲ့ဖူးတယ် ။ ဆရာကတော့ ဘယ်လိုလုပ် ၊ဘယ်လိုလုပ်ဆိုပြီး စာရွက်ပေါ်မှာ ချရေးပြခဲ့တယ်။
အဲ့ဒီက စလို့ ကျော်ခွတက်ခဲ့တယ်။
မှန်ပါတယ် ။ သူတို့ ပြောတဲ့ Proxy ပေါင်းစုံ ကျော်ခွပြီး အကောင့်လုပ်ရတယ်
။ ရှယ်ကျော်နည်း ။ Ip address ဆိုတာလေး ချိန်းပြီး ကျော်နည်း ။ ဆော့ဝဲလ်သုံးပြီး ကျော်နည်း
။ အိုး စုံစိနေတာပါပဲ။
ဂျီမေးလ်ကို ဘမ်းထားတော့ ဂျီမေးလ်နဲ
့ဆာဗစ်တူတဲ့ မေးလ် တစ်ခုကို ၀င်ပြီး မေးလ်ဖတ် မေးလ်စစ်တာတွေ လုပ်ခဲ့ရတယ်။Person.com
ဆိုတာမှတ်မိကြလား ။ အခုတော့ ဘာဖြစ်သွားပြီလဲ မသိပါဘူး။ ကိုယ်တွေ စတင် ကျူစိန်ဖြစ်ခဲ့တဲ့
နေရာပေါ့။ ကိုယ့်လူမျိုးတွေကော အဖြူတွေကော အမဲတွေကော စုံလို့ အ၀ါရောင် စာအိတ်ပုံလေး
ပေါ်လာရင် ပလွတ်ပလွတ် ပြောဆိုတဲ့နေရာလေးလေ။ အမယ်.. ဘယ်လိုဖြစ်နေပါတယ် ဆိုပြီး လှုပ်လှုပ်ရှားရှား
အရုပ်လေးတွေတောင် ထည့် လို့ ရသေး။ ဒီလိုနဲ့ အင်တာနက် သုံးတယ်ဆိုတာ ဒီလိုပျော်စရာ ကောင်းပါလား
ဆိုပြီး ဆယ်ကျော်သက်လေး ဖြစ်ခဲ့သေးတယ် ဆိုတာပါ။ အဲ့ဒီတုန်းက သင်ဆရာမရှိဘဲ မြင်ရုံ ၊
လုပ်ကြည့်ရုံနဲ့ အင်တာနက် တက်ခဲ့ရတော့ အခုလို အင်တာနက် မတက်တဲ့ သူတွေကို ပိုပြီး မျှဝေပေးဖို
့ခံစားချက်တွေ ပြင်းပြလာတယ်။
အစ်ကိုဖြစ်သူတွေက တစ်ယောက်ပြီး တစ်ယောက်
ရွှေမြို့ တော်ကြီး ရန်ကုန် ကို ပညာသင်ဖို့ ဆိုပြီး တက်သွားကြတယ်။ ကိုယ်ကတော့ နယ်မှာ
ကျောင်းလေးတက်ရင်း ပဲ။ အဝေးသင်ပဲ တက်ဖို့ အိမ်က အမှာတော်ရှိပေမဲ့ ဘာမှ မလုပ်ရမဲ့ အတူတူ
သူငယ်ချင်းတွေနဲ့ ဒေးပဲ တက်လိုက်တယ်။
တက္ကသိုလ်ပထမနှစ်မှာ အင်တာနက်ဆိုတာလေးက
မြို့ မှာ အတိုင်းအတာနဲ့ ပြန့် နေပြီ ။ ကွန်နက်ရှင်ကတော့ မကောင်းဘူး ။ MPT တစ်လိုင်းပဲ
ရှိတယ်။ အမယ် အဲ့ဒီ MPT ဆိုတာလည်း အာဏာရှင်ဗျ ။
တက္ကသိုလ် ဒုတိယနှစ် လောက်တော့ မြို့ မှာ အင်တာနက်ဆိုင်က ဆိုင်သုံးဆယ်လောက် ဖြစ်နေပြီ
။ ဟုတ်တယ် ။ နယ်မြို့ ဆိုတော့ တစ်ခုခု ခွင်ကောင်းရင် လူတွေက လိုက်လုပ်ကြတာပါပဲ။အရင်းအနှီးကလည်း
နည်းနည်းများတယ်။ ဒီလိုနဲ့ အင်တာနက် ဆိုင် တစ်ဆိုင် နှစ်ဆိုင်ကနေ များများ
လာတယ် ။ ဒါပေမဲ့ လိုင်းကတော့ စုတ်မြဲပေါ့။ ဈေးကတော့ နည်းနည်းစီကျလာတယ် ။ လူတွေကလည်း
ခက်တယ်ဗျ ။ ဒီလို လုပ်စားတဲ့သူများလာကြတော့ ဘာလုပ်တယ်ထင်လဲ ။ ဆိုင်တစ်ဆိုင်က အင်တာနက်
သုံးခကို လျော့လိုက်တယ်။ ၇၀၀ ကျပ် ၆၀၀ကျပ်
။ အင်းလေ လိုင်းတူတာ(စုတ်တာ) ချင်း အတူတူ ပေးရတာ တန်တဲ့ ဆိုင်ပဲ သွားမှာပေါ့လေ။ တစ်ချို
့ က မလျော့ဘူး ။ ၀န်ဆောင်မှု တွေ နဲ့ ချုပ်တယ် ။ ကော်ဖီတိုက်တာတို့ ။ ဆယ်နာရီစာ မန်ဘာကဒ်လုပ်ရင်
လျော့တာတို့ ။ အမယ် ကံစမ်းမဲတောင် ပါသေး။
အင်တာနက်ဆိုင်ဖွင့်တဲ့ အသိတစ်ယောက်က
ပြောပြတယ် ။ အင်တာနက်ဆိုင် အားလုံးက MPT လိုင်းတစ်လိုင်းပဲ ရှိပြီး အဲ့ဒီလိုင်းကို
ပဲ ယူထားတာ ဆိုတော့ စုတ်တာလည်း အတူတူ။ လိုင်းကျတာလည်း အတူတူပေါ့။ အဲ့..လိုင်းနည်းနည်းတက်နေတဲ့
အချိန်မှာ သူတို့ က လိုင်းကျသွားရင် တခြားဆိုင်တွေကို ဖုန်းလှမ်းဆက် ။ လိုင်းအခြေအနေ
ဘယ်လိုလဲပြော ။ဟိုဘက်က မကျဘူးဆိုရင် MPT ကို ဖုန်းဆက်ပေတော့။ အဲ့ဒီလို ဖုန်းဆက်တဲ့
အခါဆိုရင် လိုင်းက အုံဖွဆိုပြီး ပြန်ကောင်းလာရောတဲ့။
၂၀၀၈ မှာ နာဂစ်ဖြစ်တော့
komyo.burmachannel ဆိုလား ။ မှတ်မှတ်ရရပဲ ။ အဲ့ဒီ ဘလော့က နာဂစ်တုန်းက စစ်အစိုးရ မဖော်ပြတဲ့
(မုန်တိုင်းကြောင့်သေဆုံးတဲ့ လူတွေ) ပုံတွေကို တင်တော့ တော်တော်လေး စိတ်ဝင်တစား ကြည့်ဖြစ်ခဲ့တဲ့
ဘလော့ဆိုတာလေးပါ။ ပြီးတော့ Cbox မှာ လူပေါင်းစုံပေါ့ ။ ဆဲတာတွေကော ရန်ဖြစ်နေကြတာတွေကော
..။ အဲ့ဒါလည်း ဖတ်ရတာ ပြန်ရေးရတာ ပျော်စရာကြီး ။ အင်းလေ တစ်ယောက်နဲ့ တစ်ယောက်မှ မမြင်ရတာကို
။ နောက်တော့ အဲ့ဒီ ဘလော့က ပျောက်သွားတာလား ။ ဘန်းပစ်တာလား မတွေ့ တော့ပါဘူး။
ဆရာမျိုးသူရ စာအုပ်လေးဖတ်ပြီး ဘလော့တစ်ခု
လုပ်ခဲ့ဖူးတယ် ။ ဒါပေမဲ့ ကိုယ်က သူများတွေလို တင်တာထက် ကလိတာ ၀ါသနာပဲပိုပါတော့ ဒီဇိုင်းလေးတွေ
လျှောက်ချိန်းတာနဲ့ အချိန်ကုန်ခဲ့ရတာပါပဲ။ စိတ်ကိုကလည်း မျောက်စိတ်ဆိုတာ ၀န်ခံပါတယ်။
အဲ့ဒီအချိန်တုန်းကသာ တစ်စိုက်မတ်မတ် လေ့လာခဲ့။ လုပ်ခဲ့ရင် ကိုယ်လည်း သက်တမ်းတစ်ခု အတိုင်းအတာ
လောက်မှာတော့ အဖတ်တင်ခဲ့ရမှာပဲလေ။ ဒါပေမဲ့ တကယ်အချိန်ကုန်ခဲ့တာက ဖိုရမ်မှာပါ။
0 comments:
Post a Comment