Sunday, September 7, 2014

ဘ၀ကို အကောင်းဆုံး ဘယ်လိုနည်းနဲ့ ဖြတ်သန်းကြမလဲ ?



ကိုယ့်ကိုယ်အရင်မြင်အောင် ကြည့်မယ်။

ဒါကတော့ သူများနဲ့ ကိုယ့်ကိုယ် နှိုင်းယှဉ်ခိုင်းတာမဟုတ်ပါဘူး။ မိမိကိုယ်ကိုယ် မြင်အောင် ကြည့်ခိုင်းတာပါပဲ။ ပြီးတော့ ဒီလိုမေးခွန်းလေးတွေရဲ့ အဖြေတွေကို ချရေးကြည့်မယ်။


- ငါဘယ်သူလဲ?
- လက်ရှိ ငါရောက်နေတဲ့ နေရာက ဘယ်မှာလဲ ?
-  ငါက သူများတွေရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းမှာ ဘယ်နေရာကနေ ပါဝင်နေသလဲ ?
-  လက်ရှိ သွားနေတဲ့ နေရာက ငါရှင်သန်ချင်တဲ့ နေရာ အပြည့်အ၀ ဟုတ်ရဲ့ လား ?
- ပျော်ရွင်သလား ၊ စိတ်ကျေနပ်ရဲ့ လား ၊ အေးချမ်းမှု ရရှိရဲ့ လား?
- ဘာကြောင့်လဲ  ဒါမှမဟုတ် ဘာကြောင့်မဟုတ်တာလဲ ?

နာကျင်မှုတွေဆီကနေ ရှောင်ပုန်းခြင်းဟာ အကြီးမှားဆုံး  အမှားတစ်ခု

အမှန်တရားကို လက်မခံဘဲ ရှောင်ပုန်းချင်သူ ၊ လက်ရှိအခြေအနေကို လက်မခံချင်သူ ၊သေဆုံးခြင်းသာ ထွက်ပေါက်လို့  လက်ခံသူ ။ လူသတ်မှု ၊ မတရားစော်ကားမှု ၊ သဘာဝဘေးအန္တရယ် ဒါတွေက ဖြစ်တက်ပါတယ်။ လက်ခံပါ။ တစ်ခါတလေတော့ ဘယ်သူမဆို ကြုံကို ကြုံရမဲ့ အချိန်တွေ ရှိပါတယ်။ ဘ၀မှာ အမြဲတမ်း ရောင်စုံသက်တန့် တွေ မဟုတ်နိုင်သလို လိပ်ပြာတွေ ၀ဲနေတဲ့ ပန်းခင်းလမ်းလည်း မဖြစ်နိုင်ပါဘူး။
ဒီထက်ပိုပြီး ခက်ခဲတဲ့ အခြေအနေတွေကို လက်ခံဖို့  ပြင်ဆင်ရပါမယ်။ စိတ်လှုပ်ရှားဖွယ်ရာတွေ ဖြစ်လာနိုင်တဲ့ အတွက် စိတ်ပျက်တဲ့ ဒဏ်ကိုလည်း ခံနိုင်ရပါမယ်။ တရားသဘောအရ ဆိုရင်တော့ ဖြစ်ချိန်တန်လို့ ဖြစ်သွားတယ် လို့  ဆိုနိုင်ပြီး အရာအားလုံးက မိမိကောင်းဖို့ အတွက် ဖြစ်လာတယ်လို့  လက်ခံနိုင်ရပါမယ်။

ကိုယ့်ဘ၀အတွက် ဘယ်လိုလူတွေက မိမိအလေးထားဖို့  ထိုက်တန်သလဲဆိုတာ သေချာဆုံးဖြတ်ပါ။

သူငယ်ချင်း မိတ်ဆွေ အတုအယောင်တွေ ၊ သာပေါင်းတွေ ထက် မိမိအနားမှာရှိရင် မိမိကို ပျော်ရွင်စေတဲ့ သူတွေကို ရွေးထုတ်ပါ။
အခုကစပြီး သူတို့ နဲ့ သာ အချိန်အများစု ကို ကုန်ဆုံးဖို့  ကြိုးစားပါ။ မိမိအပေါ် စိတ်ချမ်းသာမှု မပေးနိုင်တဲ့ သူတွေအတွက်တော့ အချိန်တွေကို လျော့ချပစ်ပါ။ တစ်ချိန်တစ်ခါမှာတော့ မိမိ ဘ၀အတွက် နည်းနည်းတော့ တစ်ကိုယ်ကောင်းဆန်ရပါလိမ့်မယ်။ ပြီးတော့ ကိုယ်သူတို့ ဆီက ရယူခဲ့တဲ့ စိတ်ချမ်းသာမှုတွေနဲ့ တူညီတဲ့ စိတ်ချမ်းသာမှုကိုတော့ ပြန်ပေးပါ။ ရုပ်ပိုင်းဆိုင်ရာ အပြင်ပန်းတင် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ တကယ့်ခံစားချက် အစစ်အမှန်ပါ  ပါဝင်ပါစေ။


ကိုယ်မမြင်ရတဲ့ အမှောင်ဘက်ခြမ်းကို မြင်အောင် ကြည့်ပါ။

ရေးမှားတာ မဟုတ်ပါဘူး။ တကယ်လိုအပ်ပါတယ်။ အမှောင်ဘက်ခြမ်းကို ကြည့်တက်ဖို့ ပါ။
ဘာကြောင့်လဲ ဆိုတော့ လူတွေဟာ ကိုယ်ရေးကိုယ်တာ ရင်းနှီးကျွမ်းဝင်မှုတွေ ဖြစ်လာတဲ့အခါမှာ သူတို့ က သူတို့  မြင်ချင်တဲ့ အလင်းဘက်ခြမ်းကိုပဲ ကြည့်တက်ကြတဲ့ အတွက် မျှော်လင့်တာတွေ ဖြစ်မလာတဲ့ အခါ စိတ်ပျက်သွားတက်ကြပါတယ်။ဒီလိုပါပဲ အကောင်းဆုံးကို မျှော်လင့်သလို အဆိုးဆုံးကိုလည်း လက်ခံနိုင်ရပါမယ်။ ပျော်ရွင်ခြင်းရဲ့ ဖော်မျူလာကတော့ မျော်လင့်ချက်တွေကို သိပ်မထားဖို့ ပါ။ အမှန်တရားကို လက်ခံနိုင်ဖို့ ပါ။ ကိုယ်လိုချင်တာကို အမြဲတမ်းရလိမ့်မယ် ဖြစ်လိမ့်မယ်လို့  တစ်ထစ်ချတွေးမထားပါနဲ့ လို့  ဆိုပါတယ်။

ကိုယ်ဘာကို လုပ်ဖို့ စိတ်ဝင်စားသလဲ ရှာဖွေပါ။ ပြီးရင် လုပ်ပါ။

စိတ်ဝင်စားတဲ့ ဟာကို လုပ်ရတာဟာ စိတ်ချမ်းသာရပါတယ်။ မကြာခဏ လုပ်ပေးပါ။ ရိုးရှင်းပါစေ။
ဥပမာ ကော်ဖီသောက်ရင်း မှန်ပြတင်းပေါက်ကနေ အပြင်ကို ငေးရတာ။ စာအုပ်ဆိုင်တွေ သွားပြီး စာအုပ်တွေ သွားမွေနှောက်ရတာ။ မြက်ခင်းပြင်ပေါ် လှဲအိပ်ရတာ။ စသဖြင့် ရိုးရှင်းပြီး စိတ်ချမ်းသာမှု ပေးနိုင်တဲ့ ဟာမျိုးလေးတွေပါ။



တခါတလေ  အပြောင်းအလဲ အနေနဲ့  ကောင်းတာလေးတွေ လုပ်ကြည့်ပါ။

မိမိဘ၀အတွက် အသစ်တစ်ချို့ ကို လုပ်ကိုင်ကြည့်ပါ။ မိတ်ဆွေ သူငယ်ချင်း အသစ်ဖွဲ့ တာတွေ ။ စိတ်ဝင်စားတဲ့ အရာ အသစ်တစ်ခုခုကို ရှာဖွေပြီး လုပ်ကြည့်တာတွေ ၊ အပေါ်မှာ ရေးထားတဲ့ အထဲက ခွဲထွက်ပြီး တစ်ခုခု လုပ်ပါ။ ဒါမှမဟုတ် သီချင်းအမျိုးအစား အသစ်နားထောင်တာတွေ ၊ ပုံမှန် ကြည့်နေတဲ့ ပွဲအစီအစဉ်ပြောင်းကြည့်တာမျိုးတွေ ။
မိမိ တစ်နေ့ တာ ပုံစံကို ပုံမှန်ထက် နည်းနည်းပြောင်းလဲ ကြည့်တာမျိုးတွေပေါ့။ စိတ်ကူးအသစ်တွေ ရစေပြီး ပျော်ရွင်မှုကို ဖန်တီးပေးနိုင်ပါတယ်။

ငယ်ဘ၀တုန်းက ပျော်စရာလေးတွေကို ပြန်စဉ်းစားပါ။

ငယ်ငယ်တုန်းက ဘာတွေကို အရူးအမူးလုပ်ခဲ့ဖူးသလဲ ၊  ရပ်ကျော်ရွာကျော် လျှောက်သွားဖူးတာမျိုးလေးတွေ၊ ကျောင်းပြေးပြီး  ဂိမ်းဆိုင်သွားတာ ဘောလုံးကန်တာ တွေများ ရှိဖူးသလား ဒါမှမဟုတ် သူငယ်ချင်းအိမ်မှာ အားလပ်ရက် သောင်းကျန်းခဲ့တဲ့ အချိန်လေးတွေ ၊ နယ်က အမျိုးအိမ်တွေမှာ လည်ပတ်ခဲ့ဖူးတာတွေ ၊ မိသားစုလိုက် ခရီးထွက်တဲ့ အချိန်လေးတွေ စသဖြင့်ပေါ့။ ဒီလိုစဉ်းစားမိတဲ့ အချိန်မှာ မိမိငယ်ဘ၀ကို ခဏရောက်သွားစေနိုင်ပါတယ်။ ပြန်စဉ်းစားမိရင်လည်း ရယ်ပြုံးမိပြီး စိတ်ကြည်နူးရမှာပါ။

လူတိုင်းရဲ့ မတူညီတဲ့ အမြင်တွေကို အချိန်တိုင်းမှာ မြင်အောင် ကြည့်တက်ဖို့  ကြိုးစားပါ။

မိမိ ထင်သလို မိမိ စိတ်ထဲက အတိုင်း လူတွေကို မမြင်လိုက်ပါနဲ့ ။ တခြားသူတွေရဲ့ ခံစားချက်တွေကို မြင်အောင် သူတို့  မျက်လုံးတွေကို အချိန်ယူကြည့်ပေးပါ။ ဒီလိုကြည့်တက်သွားပြီ ဆိုရင် လူအကဲခတ်တက်တဲ့ ညဏ်အမြင်လည်း ရရှိသွားပါလိ့မ်မယ်။ ဒီတော့ လူတွေကို ဘယ်လို ဆက်ဆံရမလဲ ဆိုတာ သိလာပါလိမ့်မယ်။


သီချင်းတွေကို အော်ဆိုပြီး အသဲပွင့်ထွက်သွားအောင် ကခုန်လိုက်ပါ။

သီချင်းမှာ မိမိကိုယ်ကိုယ် လွင့်မျောခွင့် ပေးလိုက်ပါ။ တစ်ယောက်ထဲ ဖြစ်စေ သူငယ်ချင်းတွေနဲ့ ဖြစ်စေ။ နာရီပိုင်းလောက် ကကြည့်ပါ။
အကောင်းဆုံး ကိုယ်လက်လှုပ်ရှားမှု ကို ရရှိနိုင်မဲ့ အပြင် စိတ်ဖိဆီးမှု ကို လျော့ပါးစေပါမယ်။ နောက် မိမိကိုယ်ကိုယ် ပျော်ရွင်မှုလည်း ပေးပါလိမ့်မယ်။ အနည်းဆုံးတော့ ကြောင်တောင်တောင်နိုင်တယ် ထင်ရင် ရေချိုးခန်းထဲမှာ ရေချိုးရင်း လုပ်နိုင်ပါတယ်။


အရင်က မလုပ်ဖူးတာတွေ စမ်းလုပ်ကြည့်ပါ။

သင်တန်းတစ်ခုခု တက်ကြည့်တာမျိုး ။ မိမိကိုယ်ကိုယ် လမ်းကြောင်းပေးပြီး ကိုယ်လုပ်ချင်တာတွေကို ပုံစံချကြည့်ပါ။ ဟင်းချက်တာ ၊ ပန်းချီဆွဲတာ ဘာဖြစ်ဖြစ် လုပ်ကြည့်ပါ။ ဒါက အမှားအယွင်းကြီး တစ်ခု ဖြစ်ခဲ့ရင်လည်း ကိုယ်ကိုယ် မလှောင်ရယ်လိုက်ပါနဲ့ ။ဒါတွေက အတွေ့ အကြုံသစ်တွေ ဖြစ်လာပါလိမ့်မယ်။ စမ်းကြည့်ပါ။

ပြုံးပါ။

လူတွေနဲ့ တွေ့ တဲ့ အခါ ပြုံးပါ။ ပြုံးချင်စိတ်မရှိရင် ပြုံးပါ။ လုပ်ကြည့်ပါ။ အချိန်တိုင်းလိုလို ပြုံးနေရင် မိမိကိုယ်ကိုလည်း တောက်ပြောင်လာသလို ခံစားရပါလိမ့်မယ်။

ဝေဒနာတွေကို ဘာမှ မဖြစ်သလို လုပ်တာတွေ ရပ်ပါ။

မိမိ ဆီက မကောင်းတဲ့ စိတ်ခံစားမှုတွေ ဖြစ်ရတဲ့ အကြောင်းတွေကို သဘောပေါက်ပြီး ပြုပြင်ဖို့  ကြိုးစားပါ။ မပြုပြင်နိုင်ဘူးလို့  ထင်တဲ့ အခါဆိုရင်လည်း ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။ မိမိကိုယ်ကိုယ် ထိန်းချုပ်လို့  မရတာကလည်း မိမိအချိန်တွေကို ဖြုန်းတီးတာတစ်ခုပါပဲ။ကိုယ့်ကိုယ် ကိုယ် တုန်လှုပ်ခြောက်ခြားမနေပါစေနဲ့ ။

အဆုံးသတ်ကတော့ မင်းအတွက်ပါပဲ။

မိမိကိုယ်ကိုယ် စိတ်ချမ်းသာ ပျော်ရွင်ဖို့ နည်းလမ်းကတော့ မိမိမှာသာ ရှိပါတယ်။ ဒီ စွမ်းအားတွေကို အသုံးချပေးပါ။

ဘ၀ကို အကောင်းဆုံး ဖြတ်သန်းနိုင်ကြပါစေ။

လင်းတန်ဆောင်

Related Articles

0 comments:

Post a Comment

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery