Monday, July 6, 2015

အွန်လိုင်းမှာ Handmade ရောင်းပြီး ကျောင်းစရိတ်ရှာတဲ့ ဆယ်ကျော်သက်မလေး



LeiLei Secor ဆိုတဲ့ အသက် ၁၉ နှစ်အရွယ်ကောင်မလေးဟာ နယူးယောက်မြို့ မှာ နေပါတယ်။ ဗာဂျီးနီယား တက္ကသိုလ်ကို တက်ဖို့  သူမကိုယ်တိုင်ဝင်ငွေရှာနေပါတယ်။ စကော်လားရှစ် နဲ့ ဆိုရင်တောင် သူမတက်ရတဲ့ ကျောင်းဟာ ကျောင်းစရိတ်မြင့်မားတဲ့ အတွက် သူမကိုယ်ပိုင် အသုံးစရိတ်ကို ရှာဖွေရပါတယ်။ ကျောင်းစရိတ်က တစ်နှစ်ကို ဒေါ်လာ လေးသောင်းရှိပါတယ်။ စီးပွားရေး မေဂျာနဲ့  ကျောင်းတက်ချင်တဲ့ သူမဟာ စီးပွားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကို စိတ်ဝင်စားတဲ့ သူပါ။
ကျောင်းမတက်မီ သုံးနှစ်တာ ကာလ လောက်မှာ ဒီဆယ်ကျော်သက်လေးဟာ သူမရဲ့ ဖန်တီးမှု အနုပညာ ၊ဈေးကွက်ရှာခြင်း အရည်အချင်း နဲ့  အချိန်စီမံခန့် ခွဲမှု အရည်အချင်းတို့ က ဒေါ်လာ တစ်သိန်းလောက်ကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါကတော့ Esty ဆိုတဲ့ အွန်လိုင်းအရောင်းဝဘ်ဆိုက်မှာ သူမရဲ့  အွန်လိုင်းဆိုင်လေး ဖြစ်တဲ့ DesignByLei ဆိုတဲ့ လက်ဝတ်ရတနာ လက်မှုပစ္စည်း များကို ရောင်းချခြင်းနဲ့  ရှာဖွေရရှိခဲ့တာပါ။ ကိုယ်တိုင် ပြုလုပ်ထားတဲ့ လည်ဆွဲ ၊ လက်ဝတ်ရတနာများ ကို တင်ပြီး ရောင်းချခဲ့ပါတယ်။ ဒီဖန်တီးမှုက သူမရဲ့ ကျောင်းစရိတ်ကို ထောက်ပံ့နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ ပြီးတော့ ၂၀၁၄ ခုနှစ်မှာ National Federation of independent Business’ Young Entrepreneur of the Year Award ကိုလည်း ရရှိထားပါတယ်။
Secor က အကြံပြုချက်အနေနဲ့  သူမရဲ့ အွန်လိုင်းကို အကျိုးရှိရှိ အသုံးချနည်းကိုအခုလို မျှဝေထားပါတယ်။ ဒါကတော့ အကောင်းဆုံး ငါးချက်ပါတဲ့ ။
# ဘက်ပေါင်းစုံကနေ ကြိုးစားဖို့ မမေ့ပါနဲ့ 
Secor ဟာ Esty ကို ၂၀၁၂ နွေဦးအချိန်မှာ စတင်ဝင်ရောက်ခဲ့ပြီး သူမရဲ့  ပထမဆုံး ပုတီးလုံး လက်ကောက်ကို စပြီး တင်ရောင်းခဲ့ပါတယ်။ ၀ယ်သူုတစ်ယောက်မှ မရတဲ့ အချိန်မှာ သူမဟာ တခြားနည်းလမ်းနဲ့ ပြန်ချဉ်းကပ်ပါတယ်။ ဒါတွေ မရောင်းရတဲ့ အခါမှာ ကျမ တစ်ပတ်အကြာမှာပဲ ၀ါယာကြိုး ၊ ကြေးနန်းကြိုးနဲ့ ဖန်တီးထားတဲ့ လက်ဝတ်ရတနာတွေကို ပြောင်းလဲ ရောင်းချခဲ့ပါတယ်။ ဒီ ဒီဇိုင်း အသစ်က ၀ယ်သူများကို ဖမ်းစားစေခဲ့ပြီး Etsy ရဲ့  အရောင်းရဆုံး ထိပ်တန်း စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ လတ်တလော သူမဟာ Etsy စတိုးရဲ့ နေရာ ၁၃၀၀ ကျော်မှာ ၁၈၆ အဆင့်ရှိတဲ့ ၀ယ်သူ အများဆုံး နေရာကို ရရှိထားပါတယ်။

#ကောင်းမွန်တဲ့ လမ်းကြောင်းတွေကို ရှာပြီး ဖြန့် ကျက်ထားပါ။
Social Media Marketing ရဲ့  ဗျုဟာများကို အခြေခံ သိထားရပါမယ်။ Facebook နဲ့  Twitter တို့ ကတော့ ရွေးချယ်စရာတွေပါပဲ။ Secor အတွက်ကတော့ Wanelo လို့ ခေါ်တဲ့ ဈေးဝယ်သူများအတွက် အွန်လိုင်းလူမှုကွန်ယက် တစ်ခုကတော့ အကောင်းဆုံးပါတဲ့။ ထောင်ပေါင်းများစွာသော သူမရဲ့ ရောင်းကုန်တွေဟာ ဒီဆိုက်ထဲမှာ ရှိနေပါတယ်။ Facebook ကတော့ သူမအတွက် ဈေးဝယ်သူများများ မရရှိနိုင်ပါဘူး ။ ဘာလို့ လဲ ဆိုတော့ သူမဟာ Facebook ကနေ ကြေငြာခပေးပြီး မကြေငြာနိုင်လို့ ပဲ ဖြစ်ပါတယ်။” နောက်ထပ် အကောင်းဆုံး တစ်ခုက Tumblr ဆိုတဲ့ အခမဲ့ ဘလော့ ၀ဘ်ဆိုက်ပါ “လို့  သူမက ပြောပါတယ်။ “ကျမရဲ့ လက်စွပ်တွေကို Reblog လုပ်တာ အကြိမ်ပေါင်း ငါးသောင်းကျော်တောင် ရခဲ့ပါတယ်။ ဒီအတောအတွင်း Pinterest ကတော့ သိပ်အလုပ်မဖြစ်ပါဘူး ။ဝယ်သူတွေကို ဘယ်ကိုသွား ။ ဘယ်လိုသုံးဆိုတာက သင်မျှော်လင့်တဲ့ အရာတော့ဟုတ်မယ် မထင်ဘူးလေ။”
# ခြားနားချက်က အသေးစိတ်ကျခြင်း
လက်ဝတ်ရတနာတွေကို လက်မှု လုပ်တဲ့ လုပ်ငန်းဟာ အလွန်များပါတယ်။ အထူးသဖြင့် အွန်လိုင်းကနေ ရောင်းတာမျိုးပေါ့။ Secor ဟာ သူမရဲ့ ကုန်ပစ္စည်းတွေကို ဘယ်လိုထိုးဖောက်ရမလဲ ဆိုတာကို ကောင်းကောင်းသိတဲ့သူဖြစ်ပါတယ်။ လက်ဝတ်ရတနာပစ္စည်းတွေက ပုံစံတွေက တော်တော်လေး ဆင်တူကြပါတယ်။ နည်းလမ်းကတော့ ဈေးကွက်ကို ဘယ်လိုရှာမလဲနဲ့ ဓာတ်ပုံတွေကို ဘယ်လို အဆင်ပြေအောင် လူတွေ စိတ်ဝင်စားအောင် တင်မလဲ ဆိုတာမျိုးပါ။ မိမိ Handmade ပစ္စည်းတွေကို စာရွက်အဖြူပေါ်မှာ တင်ပြီး နောက်ခံလုပ်တာ လူတွေ စိတ်ဝင်စားအောင် ဓာတ်ပုံရိုက်ပြီး တင်ပါတယ်။ တခါတလေတော့ ကိုယ့်ဖာသာ ၀တ်ဆင်ပြီး ရိုက်ပါတယ်။ လက်ဝတ်ရတနာတွေကို ဘယ်လိုဓာတ်ပုံရိုက်ရင် ဆွဲဆောင်မှု ရှိမလဲ ဆိုတာကို အချိန်ပေးပြီး လေ့လာပါတယ်။ ဖောက်သည်တွေကို ပိုပြီး ဆွဲဆောင်နိုင်ဖို့ ပေါ့။ ဒီင်္အဆင့်အသေးစားလေးက အကြီးမားဆုံး ထူးခြားမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်တဲ့။
# မိမိမှာရှိတဲ့ အရင်းအမြစ်တွေကို အသုံးချပါ ။ တခြားသူဆီကလည်း သင်ယူပါ
သုံးနှစ်တာ ကာလမှာ အထက်တန်းကျောင်းက ဒီပလိုမာလည်း မရရှိသေးသလို စီးပွားရေး ကျောင်းလည်း မတက်ရသေးပါဘူး။ သူမဆီမှာ အင်တာနက်သာရှိပြီး ထိုအင်တာနက်ကို အကျိုးရှိရှိ အသုံးချခဲ့ပါတယ်။
“အရေးအကြီးဆုံး တစ်ခုက အရင်းအမြစ်တွေ ရရှိနိုင် ရှာဖွေနိုင်တဲ့ အရည်အချင်းပါ” လို့  သူမက ပြောပါတယ်။ “ကျမမိဘတွေက စီးပွားရေး လုပ်တဲ့ နောက်ခံကလည်း မဟုတ်ကြပါဘုး ။ ဒါကြောင့် စီးပွားရေးအကြောင်းနဲ့  ကိုယ်သိချင်တဲ့ အချက်အလက်တွေကို ရဖို့  အင်တာနက်မှာ အချိန်တွေ နာရီများစွာ ကုန်ဆုံးခဲ့ရတယ်။ Esty မှာက အကောင်းဆုံး အွန်လိုင်း ဖိုရမ် အသိုက်အ၀န်းကြီးရှိပါတယ်။ ပြီးတော့ E commerce နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကိုလည်း ရှာဖတ်တယ်။ လက်ဝတ်ရတနာတွေကို ဓာတ်ပုံဘယ်လို ရိုက်မလဲနဲ့ ကုမ္မဏီကို ဘယ်လိုနာမည် ပေးမလဲ ဆိုတာမျိုးက အစပေါ့။”
သတင်းအချက်အလက်တွေကတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ အရင်ဆုံးလေ့လာကြည့်ပေါ့။သူမရဲ့ လက်ဝတ်ရတနာတွေကို ဈေးနှုန်းမသတ်မှတ်ရသေးခင်မှာ သူမပစ္စည်းတွေနဲ့ ဆင်တူတဲ့ ကုန်ပစ္စည်း ဈေးနှုန်းတွေ ၊ ဆင်တူတဲ့ ပုံစံရဲ့ ဈေးတွေကို အရင် ရှာဖွေ လေ့လာပြီးမှ တူညီတဲ့ ဈေးသတ်မှတ်ပါတယ်။ ဒီလိုနဲ့  သူမ ကုန်ပစ္စည်းတွေကို တင်ရောင်းဖို့ လေ့လာခဲ့တာပါ။
# အချိန်တွေကို ဥာဏ်ရှိရှိ အသုံးချပါ။
ထပ်ဆင့်အနေနဲ့  Handmade လုပ်နည်း သင်တန်းတွေ တက်တယ်။ လက်ဝတ်ရတနာလုပ်နည်းတွေကို သင်ယူပါတယ်။ သူငယ်ချင်းတွေနဲ့ အချိန်တွေ ကုန်ခဲ့ပြီး ၊ နွေရာသီ အလုပ်အဖြစ် မိမိဒေသက လွတ်တော် အမတ်ရဲ့ ကိုယ်ပိုင်အချိန်တွေကို စီမံပေးရတဲ့ အလုပ်လည်း လုပ်ခဲ့ပါတယ်။
သူမရဲ့ အားလပ်ချိန်တွေ အားလုံးကို ဥာဏ်ရှိရှိ အသုံးချခဲ့ပါတယ်။ Facebook ကို ရည်ရွယ်ချက်မရှိ လျှောက်ကြည့်နေ ၊ News Feed တွေကို ထိုင်ကြည့်နေမဲ့ အစား ကျမရဲ့ ကုန်ပစ္စည်းပုံတွေကို Instagram မှာ တင်နေမှာပါ။ သူမဟာ အလုပ်နဲ့ ဘ၀ကို ဟန်ချက်ညီအောင် ထားနိုင်ပြီး အလုပ်ကနေ ပျော်ရွင်မှုကို ရယူနိုင်သူ ဖြစ်ပါတယ်။ ဒီအချက်တွေက သူမကို ရပ်တန့် သွားမဲ့ အစီအစဉ်မရှိပါဘူး ။
“ကျမ လက်ဝတ်ရတနာ Hand Made တွေကို ဆက်ပြီး လုပ်ချင်ပါတယ်။ ပြီးတော့ ရောင်းချင်တယ်။ ဒါတွေက အရိုးသားဆုံး ပြောရရင် ကျမကို ပျော်ရွင်စေတယ်။ ” လို့  ပြောပါတယ်။ ဒီအလုပ်တစ်ခုရှိခြင်းက ကျောင်းပိတ်ရက်မှာ အကောင်းဆုံး အနားယူခြင်း ဖြစ်ပါတယ်တဲ့။
Ref:Entrepreneur.com
Lynn Ta Zaung 

Related Articles

0 comments:

Post a Comment

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery