A girl with one wish (ဆန္ဒတစ်ခု ထဲသာ)
သူမဘ၀သည်အထီးကျန်ဆန်လွန်းလှသည်..။သူမသည်လူငယ်တစ်ယောက်ဖြစ်ပါသည်..။
နုပျိုလတ်ဆတ်သော..ဆယ်ကျော်သက်ဟူသောအရွယ်ကိုပိုင်ဆိုင်ထားသည်..။
သူမသည်ဆယ်ကျော်သက်ပီပီ
စူးစမ်းချင်သည်၊စပ်စုချင်သည်၊အပျော်ရှာချင်သည်။စိတ်ချမ်းသာမှုပိုင်ဆိုင်လိုသည်.။
သူငယ်ချင်းတွေနှင့်တပျော်တပါး ပျော်ပွဲစားတွေထွက်၊ဆိုင်ထိုင်၊ net cafe တွေထိုင်ချင်သည်။
shoppingထွက်ပြီးဈေးတကာအနှံ့ လျောက်ကြည့်ချင်သည်။ပစ္စည်းလေးတွေကိုဟိုကိုင်ဒီကိုင်ဖြင့် တကယ်မ၀ယ်ပဲ မေးမြန်းချင်သည်..။
သူမထားချင်သော ဆံပင်ရှည်ရှည် ဖြောင့်ဖြောင့်စင်းစင်းလေးတွင်ဆံညှပ်တွေတစ်ခုပြီးတစ်ခုစမ်းတပ်ချင်သည်။
နေပူပူကြီးထဲ shopping ကအပြန်မစ်ရှိတ်ဆိုင်တွေထဲကို အပြေးဝင်သွားပြီးရေခဲမုန့် တွေ၊မစ်ရှိတ်တွေ မှာသောက်နေချင်သည်..။
သူငယ်ချင်းတွေနဲ့net cafe ထိုင်ပြီး G-talk ၀င် chat
နေချင်သည်.။ပြီးတော့G-talk ပြောရင်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်
Chat ရင်းဟားနေချင်သည်.။ဒါ့ပြင်မိမိသိလိုတဲ့  website က အကြောင်းအရာတွေကိုကြည့် ချင်သည်.။ Online ပေါ်မှာသူငယ်ချင်းတွေလည်းရချင်သေးသည်။
တက္ကသိုလ်(ဒေး)တက်ရင်း အတန်းလစ်လိုက်ကင်တင်းထိုင်လိုက်ဖြင့်သူငယ်ချင်းတွေအဖွဲ့ လိုက်ကျောင်းတစ်နေနေရာမှာစုထိုင်ပြီး...
အကြောင်းအရာတွေဖလှယ်နေချင်သည်။ပြီးတော့အမေရိကန်စစ်စတမ်ဖြင့်မုန့်တွေမှာစားရင်းအရသာခံချင်သေးသည်.။
ကမ်းနားလမ်းကKiss
me မှာထိုင်ပြီးမြစ်ပြင်ကြီးကိုငေးကြည့်ချင်သေးသည်။ လတ်ဆတ်သော
လေပြည်တွေသူမရဲ့ ပါးပြင်နှင့်ဆံနွယ်စတွေကို.
တိုးဝင်ပွတ်သပ်သွားသည်ကိုလည်းခံချင်သေးသည်..။
ထို နှင့်အတူ
ကဗျာတစ်ပုဒ်ကိုခံစားချက်စစ်စစ်ဖြင့်ရေးချင်သည်.။စဉ်းစားလို့ ရလျှင်
ဝတ္ထုတိုတစ်ပုဒ်လောက်ရေးချင်သေးသည်...။
ဒီဝတ္ထုမှာ ကောင်လေးနဲ့ ကောင်မလေးကိုကွဲစေမလား၊ပေါင်းစေမလား။ ဟာသတွေ၊အလွဲတွေနဲ့ ဖြစ်အောင် ရေးချင်သေးသည်..။
ဆယ့် ရှစ်နှစ်ဟူသောအသက်အပိုင်းအခြားသည် သူမကိုလူကြီးတစ်ယောက်ဖြစ်ရန် အစပျိုးလိုက်သည်ဟုသူမမှတ်ယူထားခဲ့ သည်..။
သူမဘ၀မှာဖြစ်ချင်တာတွေသာများခဲ့သည်။လက်တွေ့ ဘ၀မှာတော့ဖြစ်မလာခဲ့ ပါ..။သူမအတွက်အတွေးသက်သက်သာဖြစ်ခဲ့ သည်..။
-------(၁)-----
ဒီနေရာ၊ ဒီရှုခင်း ၊ဒီလေ ။ဒီရနံ့  နှင့် ဒီအစားအသောက်တွေ..ပြီးတော့ နေ့ တိုင်းလက်တစ်ဖ၀ါးစာ သောက်ရသည့်ဆေးတွေကို သူမမုန်းသည်။
သူမသည်
လူကီးမီးယား ဝေဒနာရှင်တစ်ဦးဖြစ်သည်..။
သူမကိုယ်သူမလည်းဘယ်နှနှစ်သမီးအရွယ်ကတည်းက ဒီရောဂါဖြစ်ခဲ့မှန်းမခန်
့မှန်းနိုင်တော့..။ဆေးသောက်ရသည့်အတွက် သူမစိတ်ကူးထဲက
ဆံပင်ရှည်ရှည်ဖြောင့်ဖြောင့်လေးတွေကျွတ်၍ ကျို တိုးကျဲတဲ။
သူမသွေးတွေအရမ်းသွင်းရသည်.။သွေးမရှိလျှင်သူမရဲ့ နောက်ဆုံးနေ
့သည်အစောဆုံးရောက်လာပေလိမ့် မည်.။နှုတ်ခမ်းသားတွေ။
မျက်တွင်းတွေဖြူဖပ်ချောင်ချိနေသည်မို့ မှန်တောင်မကြည့်ရဲ။မျက်စိနှင့်မြင်ရသည့် လက်ဖမိုးတွင်လည်းသွေးကြောတွေအတိုင်းသားဖြင့်.။
ကျောင်းဆိုတာ သူမဆယ်နှစ်ကျော်ကတည်းကထွက်လိုက်ရသည်.။ရောဂါမပြင်းခင်ကတည်းက..အိမ်မှာနေခဲ့ရ၍ သူငယ်ချင်းမရှိ။မိတ်ဆွေမရှိ။
သူမအတွက်နောက်ဆုံးနေ့ သည်မစောတော့မှန်းရိပ်မိခဲ့ သည်။ဆေးရုံတွင်လာစောင့်ပေးသော မေမေရဲ့ မျက်နှာတွေကတစ်နေ့ တစ်ခြားပုံပျက်လာသည်.။
ဖေဖေကတော့အလုပ်ရှိ၍
ညနေပိုင်းလောက်သာခဏလာပြီးပြန်သွားလေ့ရှိသည်.။ဆန်ပြုတ်တစ်ဇွန်းကိုမျိုချရလောက်အောင်အစွမ်းတွေ
သူမမှာကင်းမဲ့လာပြီ..။
လမ်းလျောက်ရတာတွေလည်းမောလာသည်..။
------------(၂)-----------------
ဒီနေ့ ဖေဖေ သူမကိုစကားတစ်ခွန်းပြောခဲ့ သည်..။
`သမီး ဘာလုပ်ချင်သလဲ´တဲ့။ ထိုမေးခွန်းကို သူမအံ့သြနေမိသည်။
ပြီးတော့ ထိတ်လန့်နေမိသည်။ သို့သော် ချက်ချင်းမဖြေနိုင်ခဲ့။
ညနေပိုင်းတွင် သူမအရွယ်ခန့် လူငယ်၊ မိန်းကလေး၊ ယောက်ျားလေးများ တစ်ပြုံကြီး သူမအခန်းထဲသို့ဝင်လာကြသည်။
"ဟေ့ သီရိနေကောင်းတယ်မလား" "ဟေ့ မမြင်တာကြာလို့ ပိန်သွားတယ်နော်" "ဟေ့..´" စသဖြင့် သူမအံ့သြပြီးကြောင်ကြည့်နေမိတော့.။
အဲ့ ဒီ လူငယ်တွေထဲကတစ်ယောက်က...
"ငါကကောင်းမြတ်ပါ။ငါတို့ ကလူငယ်လူမှုကူညီရေးအဖွဲ့ ဝင်တွေလေ ၊ သူက မြစန္ဒာ၊ ဟိုဘက်က......"
သူမ၏ အသက်အရွယ်တွင် ဤသို့နွေးထွေး ကြင်နာတတ်ပြီး ရင်းနှီးဖော်ရွေသော ရွယ်တူလူငယ်များကိုမဆုံခဲ့ဖူးသည်မှာ အမှန်ပင်ဖြစ်သည်..။
ခဏချင်းပင်သူမနှင့် ကောင်းမြတ်တို့ သူငယ်ချင်းတစ်စု ရင်းနှီးသွားကြသည်။သူမ မှတ်ဥာဏ်တွင်စကားပြောအလွန်ကောင်းပြီး
ဖော်ရွေတက်သော ကောင်းမြတ်စကားပြောလျှင် သွားတက်လေးအလွန်ပေါ်သောမြစန္ဒာ ။
ကချင်တိုင်းရင်းသားကပြားလေးဇော်မိုင် ။ တရုတ်စပ်ရှမ်းမလေးကဗျာတို့ ကိုတစ်ခါ စကားပြောဖူးရုံဖြင့်မှတ်မိသွားတော့သည်..။
ဒီနေ့ သည် သူမအတွက်ကျဉ်းမြောင်းသောအခန်းလေးမှထွက်၍ ပထမဆုံးဆေးရုံအပြင်သို့ ခြေချခွင့်ရသော နေ့ ဖြစ်သည်။
ယခင်ကအခန်းပြတင်းပေါက်လေးတွင် အဝေးမှပန်းပင်၊သစ်ပင်တွေကိုငေးခွင့်သာ ရခဲ့ သမျှ ယနေ့ ပန်းပင်တွေကို ထိကိုင်မွှေးကြူရင်းကလေးငယ်တစ်ယောက်လိုပျော်ရွင်နေမိသည်.။
ကြာကြာလမ်းလျောက်လို့ မရသဖြင့် ၀ှီးချဲလ်ကြီးပေါ်တွင် ထိုင်၍လိုက်ပါလာရသည်။ သူမနှင့် အတူ ကောင်းမြတ်တို့ လည်းပါသည်.။
ဒီနေ့ ဖေဖေ သူမကိုစကားတစ်ခွန်းပြောခဲ့ သည်..။
`သမီး ဘာလုပ်ချင်သလဲ´တဲ့။ ထိုမေးခွန်းကို သူမအံ့သြနေမိသည်။
ပြီးတော့ ထိတ်လန့်နေမိသည်။ သို့သော် ချက်ချင်းမဖြေနိုင်ခဲ့။
ညနေပိုင်းတွင် သူမအရွယ်ခန့် လူငယ်၊ မိန်းကလေး၊ ယောက်ျားလေးများ တစ်ပြုံကြီး သူမအခန်းထဲသို့ဝင်လာကြသည်။
"ဟေ့ သီရိနေကောင်းတယ်မလား" "ဟေ့ မမြင်တာကြာလို့ ပိန်သွားတယ်နော်" "ဟေ့..´" စသဖြင့် သူမအံ့သြပြီးကြောင်ကြည့်နေမိတော့.။
အဲ့ ဒီ လူငယ်တွေထဲကတစ်ယောက်က...
"ငါကကောင်းမြတ်ပါ။ငါတို့ ကလူငယ်လူမှုကူညီရေးအဖွဲ့ ဝင်တွေလေ ၊ သူက မြစန္ဒာ၊ ဟိုဘက်က......"
သူမ၏ အသက်အရွယ်တွင် ဤသို့နွေးထွေး ကြင်နာတတ်ပြီး ရင်းနှီးဖော်ရွေသော ရွယ်တူလူငယ်များကိုမဆုံခဲ့ဖူးသည်မှာ အမှန်ပင်ဖြစ်သည်..။
ခဏချင်းပင်သူမနှင့် ကောင်းမြတ်တို့ သူငယ်ချင်းတစ်စု ရင်းနှီးသွားကြသည်။သူမ မှတ်ဥာဏ်တွင်စကားပြောအလွန်ကောင်းပြီး
ဖော်ရွေတက်သော ကောင်းမြတ်စကားပြောလျှင် သွားတက်လေးအလွန်ပေါ်သောမြစန္ဒာ ။
ကချင်တိုင်းရင်းသားကပြားလေးဇော်မိုင် ။ တရုတ်စပ်ရှမ်းမလေးကဗျာတို့ ကိုတစ်ခါ စကားပြောဖူးရုံဖြင့်မှတ်မိသွားတော့သည်..။
ဒီနေ့ သည် သူမအတွက်ကျဉ်းမြောင်းသောအခန်းလေးမှထွက်၍ ပထမဆုံးဆေးရုံအပြင်သို့ ခြေချခွင့်ရသော နေ့ ဖြစ်သည်။
ယခင်ကအခန်းပြတင်းပေါက်လေးတွင် အဝေးမှပန်းပင်၊သစ်ပင်တွေကိုငေးခွင့်သာ ရခဲ့ သမျှ ယနေ့ ပန်းပင်တွေကို ထိကိုင်မွှေးကြူရင်းကလေးငယ်တစ်ယောက်လိုပျော်ရွင်နေမိသည်.။
ကြာကြာလမ်းလျောက်လို့ မရသဖြင့် ၀ှီးချဲလ်ကြီးပေါ်တွင် ထိုင်၍လိုက်ပါလာရသည်။ သူမနှင့် အတူ ကောင်းမြတ်တို့ လည်းပါသည်.။
--------------------(၃)----------------------
သူမကိုတစ်နေရာ ခေါ်သွားကြသည်.။
ခြံဝင်းကြီးကြီးတစ်ခုဖြစ်သည်.။ ခြံဝင်းထဲသို့ ကားကိုထိုးရပ်လိုက်တော့..သူမရှိရာ(ကားရပ်ရာ)နေရာသို့ ကလေးများပြေးလာကြသည်..။
"မမသီ ရီ မင်္ဂလာပါ "
ကလေးများသံပြိုင် အော်ကြရင်းသူမကိုကြိုဆိုကြသည်..။
" Grace Land Orphanage Ministry "
မိဘမဲ့ ကျောင်းလေးတစ်ကျောင်းဖြစ်သည်.။သူမအံ့ကြမှင်တက်မိရင်း စကားပင်မပြောနိုင်တော့.။
ကလေးတစ်အုပ်ကြီး၏နောက်ဘက်တွင်
ဖေဖေနှင့်မေမေ ကိုသူမတွေ့ သည် ။သူမကိုပြုံးပြရင်း ခေါင်းညိမ်
့သည်.။ကလေးငယ်များမှာ ငါးနှစ်၊ခြောက်နှစ်မှဆယ့်ငါး
ဆယ်ခြောက်အရွယ်အထိတန်းစီရင်း သူမရှေ
့လာရပ်ကြသည်.။ပြီးနောက်...သီချင်းများကိုသံပြိုင်သီဆိုကြသည်.။
ကောင်းမြတ်တို့ အဖွဲ့ ကသူမနောက်ရပ်ရင်းကလေးငယ်များ၏ သီဆိုဖျော်ဖြေမှုကိုလက်ခုပ်တီးအားပေးကြသည်.။
" ဒီမိဘမဲ့ ကျောင်းလေးမှာ ငါတို့ သူငယ်ချင်းတွေစုပေါင်းပြီး ဒါနလုပ်ကြမှာလေ.၊သီရိလည်းပါတယ်နော်."
" သီရိရဲ့ အဖေကလည်းအကူအညီတောင်းတယ်လေ...ဒါကြောင့်သီရိကိုဒီနေရာခေါ်လာတာ"
သူမကြည်နူးမိသည်..။ဝမ်းသာမိသည်..။မုဒိတာတွေခံစားမိသည်.။
ခဏကြာတော့...ကောင်းမြတ်တို့ တစ်ဖွဲ့ လုံးအကျွေးအမွေးအတွက်ပြေးလွားအလုပ်များနေကြသည်.။
ထမင်းစားခန်းတွင်..မိဘမဲ့ လေးများအပြည့်။စားသောက်စရာများချထားပေးသည့် စားပွဲများတွင် နေရာယူကြသည်..။
ကျောင်းအုပ်ကြီးက အခုအလှူရှင်များကိုကျေးဇူးတင်စကားပြောကြားပြီး ကလေးများနှင့် အတူ ဆုတောင်းမေတ္တာပို့ သ သည်.။
ထိုနေ့ ကရောဂါသည်ဖြစ်သူ...သူမဘာမှမလုပ်ကူနိုင်သဖြင့်
ဝှီးချဲလ်ကြီးပေါ်တွင် ထိုင်၍ကောင်းမြတ်တို့ အဖွဲ့ လှုပ်ရှားမှုမှန်သမျှကို
ငေးကြည့်ရင်းဝမ်းသာနေမိသည်.။ခဏနေတော့..ဖေဖေကသကြားလုံးများထည့်ထားသော
အိတ်တစ်လုံးကို လာပေးရင်း
"ရော့ သမီး..ခဏနေကလေးတွေမုန့် စားပြီးရင်ဝေပေးလိုက်နော်..."
----------------------(၄)-------------------------------
"ညီမလေးနာမည်..ဘယ်လိုခေါ်သလဲ"
ဆံကျစ်လေးဖြင့်ချစ်စရာကောင်းသော ကလေးမလေးတစ်ဦးကို သူမသကြားလုံးများပေးရင်းမေးလိုက်သည်.။
"ဖူးဖူးစံပါရှင့်"
"ညီမလေးဒီကိုရောက်တာ ဘယ်လောက်ကြာပြီလဲ"
"ဟိုးနှစ်က...."
"ဘယ်နှတန်းရောက်ပြီလဲ"
"သုံးတန်း..ရှင်"့
သကြားလုံးများဝေရင်း ကလေးများကိုတစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ရင်းဖြင့်မိဘမဲ့လေးများ၏အကြောင်းကိုကြားသိရသည်.။
မိခင်ပဲရှိပြီး..မောင်နှမများလွန်း၍ရှာမကျွေးနိုင်၍လာပို
့ထားသူ၊မိဘနှစ်ပါးစလုံးကွယ်လွန်သွားသူလေးများ၊မွေးကတည်းကကျောင်းတွင်ကြီးလာသူများ
HIV ,AIDS ရောဂါဖြင့်မိဘဆုံးပြီးကိုယ်တိုင်လည်းရောဂါပိုးတွေ့ ထားသူ ၊မိဘမဲ့လေးများကို သူမနွေးထွေးစွာ၊ကြင်နာစွာဖြင့်ဆက်ဆံရင်း
ကိုယ်ချင်းစာနာစိတ်များဖြစ်လာမိသည်.။
အမှတ်တရ ဓာတ်ပုံလေးများရိုက်ရင်း ဤ
ဒါနပြူပွဲလေးကိုနိဂုံးချုပ်လိုက်သည်.။ဓာတ်ပုံထဲတွင် မိဘမဲ့ လေးများကြားတွင်
ရင်းနှီးစွာဖက်ကိုင်ရင်း
ပျော်ရွင်နေသောသူမ၏ပုံရိပ်များကိုအထင်းသားမြင်နေရသည်.။
သူမစိတ်တွေချမ်းသာနေပါလား.....။ သူမအတွက်ဤ စိတ်ချမ်းသာခြင်းသည် နောက်ဆုံးဖြစ်ခဲ့သည်.။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
------------------------(၅)--------------------
ဆောင်းရာသီ၏ လတစ်လတွင် သူမလူ့ လောကကိုအပြီးတိုင် နူတ်ဆက်သွားတော့သည်.။
တိုက်ဆိုင်လှသည် ဟုပြောရမလားမသိ.။သူမမွေးဖွားသည့် လ သည်ဆောင်းရာသီ၏မြူနှင်းတွေကျနေသည့်အချိန်ဖြစ်ပြီး ........
သူမကွယ်လွန်သောနေ့ တွင်လည်း မြူနှင်းတွေ ကျနေကြောင်း သိရသည်.။
သူမဆုံးသည့် သတင်းကို ကောင်းမြတ်တို့  သူငယ်ချင်းတစ်စုကြားရပြီးနောက်..........အားလုံးစိတ်မကောင်းဖြစ်ကြသည်..။
အသုဘချသည့်နေ့ တွင် ကောင်းမြတ်တို့ အဖွဲ့ လိုက်ပါလာကြပြီးသူမလဲလျောင်းရာ နေရာလေးတွင် လွမ်းသူပန်းခွေများ လာချပေးကြသည်.။
ထိုစဉ်..သူမ၏ဖခင်ဖြစ်သူက ကောင်းမြတ်၏လက်ထဲသို့ စာတစ်စောင်လာပေးသည်.။သူမမသေခင်က သူတို့ အတွက်ရေးသွားသည့်စာတဲ့ .။
xxxxxxxxxxxxxxxxxxxxxxxxxxxxx
သူငယ်ချင်းတို့ ရေ........
သီရိ သူငယ်ချင်းတို့ ကို ကျေးဇူးအနန္တ နဲ့ ဒီစာလေးကိုရေးလိုက်ပါတယ်.။
သီရိကလူ
့လောကကြီးမှာ..လူအဖြစ်မွေးဖွားခဲ့ ပြီးလူအမည်ခံရုံသာဖြစ်ခဲ့ ရသူပါ.။
သီရိမှာသူငယ်ချင်းဆိုတာ..ကောင်းမြတ်တို့ ကပထမဆုံးနဲ့ နောက်ဆုံးပါ..။
အရမ်းစိတ်လှုပ်ရှားမိပါတယ်.။အလွန်မွန်မြတ်တဲ
့စိတ်ထားတွေနဲ့  ကိုယ်ချင်းစာနာမှုအပြည့်အ၀ရှိတဲ့ သူငယ်ချင်းကောင်းတွေနဲ
့ခင်မင်ခွင့်ရခဲ့ လို့ 
သီရိလေ..လူ့ လော့ကမှာကံအဆိုးဆုံးနဲ့ ..ကံအကောင်းဆုံးလူတစ်ယောက်ဖြစ်ခွင့် ရခဲ့တယ်.။
သီရိ
ကသေလူဆိုတာကြိုတင်သိနှင့်ပြီးသားပါ.။ဒါကြောင်
့ဘာမျော်လင့်ချက်မှ၊ပျော်ရွင်မှုမှ မရှိခဲ့ပါဘူး..။ဒါပေမဲ့ ..ဖေဖေ၊မေမေရဲ
့ကျေးဇူးနဲ့ ကောင်းမြတ်တို့ ကိုသိခွင့်ရရှိခဲ့ပြီး.
.ကောင်းမြတ်တို့ နဲ့အတူပရဟိတဒါနတွေမိဘမဲ့ကျောင်းလေးမှာလုပ်ခွင့်ရခဲ့ တယ်..။
အဲ
့ဒီနေ့ က..မိဘမဲ့လေးတွေရဲ့ မျက်နှာမှာအမိမရှိသော်လည်း၊အဖမရှိသော်လည်း လူ
့လောကကြီးကိုဒုက္ခလို့ မမြင်ပဲပျော်ရွင်စွာအသက်ရှင်နေကြတဲ့..သူတို့ လေးတွေရဲ
့ပုံစံကိုမြင်ရတော့..
အရမ်းအားတက်မိပါတယ်..။သီရိဘ၀တစ်လျှောက်လုံးနဲ အသက်မီးစာကုန်ဆုံးခါနီးမှာ
ဒီလောက်ပျော်ရွင်မှု ၊မုဒိတာစိတ်ခံစားမှုတွေ ခံစားသွားရအုံးမယ်လို့ မထင်မိပါဘူး..အဲ့ဒီအတွက်..
သီရိကောင်းမြတ်တို ကိုကျေးဇူးတင်မိပါတယ်.။
သီရိ..ဒီစာလေးနဲ့ အတူ..ကောင်းမြတ်အားလုံးကိုနူတ်ဆက်ခဲ့ ပါပြီ..။
အခုလေ..ဒီစာလေးရေးရင်း..မိဘမဲ့ ကျောင်းလေးမှာရိုက်ခဲ့ တဲ့အမှတ်တရဓာတ်ပုံတွေကိုပြန်ကြည့်နေမိတယ်.
သီရိ..ဒီစာလေးနဲ့ အတူ..ကောင်းမြတ်အားလုံးကိုနူတ်ဆက်ခဲ့ ပါပြီ..။
အခုလေ..ဒီစာလေးရေးရင်း..မိဘမဲ့ ကျောင်းလေးမှာရိုက်ခဲ့ တဲ့အမှတ်တရဓာတ်ပုံတွေကိုပြန်ကြည့်နေမိတယ်.
အဲ့ ဒီပုံတွေကြည့်ရင်း သီရိ မနေ့ တစ်နေ့ ကမှဖြစ်ခဲ့ သလိုခံစားရတယ်.။
ကောင်းမြတ်တို
့သူငယ်ချင်းတွေခုလိုအများအကျိုးဆောင်ရွက်ရင်း ၊ပရဟိတလူမှု
လုပ်ငန်းတွေဆောင်ရွက်ရင်းထာဝရပျော်ရွင်သွားနိုင်ဖို့ သီရိကောင်းကင်ဘုံကနေ
စောင့်ရှောက်နေပါမယ်.။နူတ်ဆက်ခဲ့ပါတယ်.။
x x x x x x ။ x x x x x x x x x x x x ။ x x x x x x x x x x x x ။ x x x x x x x x x x x x ။ x x x x x x x x x x x x ။ x x x x x x
သူမ၏ စာလေးဆုံးတော့ ...ကဗျာကပင့်သက်ရှိုက်သည်..။.....မြစန္ဒာက....သီရိ၏အုပ်ဂူလေးကိုရီဝေစွာကြည့်ရင်း......
သူငယ်ချင်း..သီရိတစ်ယောက်...ကောင်းရာသုဂတိလားပါစေဟု....အားလုံး၏စိတ်ထဲတွင်
ဆန္ဒတစ်ခုတည်းသာ...ရှိနေတော့သည်...။
လင်းတန်ဆောင်
by
မိုးချမ်းမင်း၊မြစ်ကြီးနား၊
Teen magazine
#75,January 2009
(ကျနော် ပထမနှစ်တက္ကသိုလ်ကျောင်းသားဘ၀က ရေးထားတဲ
့Teen မဂ္ဂဇင်းမှာပါတဲ့  Positive Page ကပါ စာစီထားတာကို ပြန်ကူးလာတဲ
့အတွက် ဖတ်ရတာအဆင်မပြေခဲ့ ရင် တောင်းပန်ပါတယ်)
0 comments:
Post a Comment