ကြောင်ကလေးFukumaru နဲ့  အဖွားအို Misao
ဂျပန်နိုင်ငံရဲ့ မြို့ တစ်ခုရဲ့ အပြင်မှာ မထင်မရှာ အဖွားအိုတစ်ဦး နဲ့  ကြောင်တစ်ကောင် နေထိုင်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုများ ပြုလုပ်လေ့ရှိတဲ့ တိရိစ္ဆာန်များနဲ့ တစ်ကိုယ်တည်း နေထိုင်တဲ့ အမူအကျင့်လည်း ဖြစ်ပါတယ်။
အဖွားအို နဲ့  ကြောင်ကလေးကတော့ ဒီဇာတ်လမ်းတွေထဲက ထူးထူးခြားခြား တစ်ခုပါပဲ။ မျက်လုံး အဝါရောင်တစ်ခု အပြာရောင် တစ်ခု ပိုင်ဆိုင်ထားတဲ့ ကြောင်ကလေး နာမည်ကတော့ Fukumaru ပါတဲ့ ။ ဒီကြောင်လေးဟာ နယ်နယ်ရရတော့ မဟုတ်ပါဘူး။ ထူးခြားတဲ့ မျက်လုံးပိုင်ဆိုင်တာမို့ လို့  Wallpaper များစွာကို ရိုက်ကူးခံရတဲ့ ကြောင်မော်ဒလ်လည်း ဖြစ်ပါတယ်။
အဖွားအို နာမည်က Misao ဖြစ်ပြီး အသက်က ၈၇ နှစ်ရှိပါပြီ။ နေ့ စဉ် သူမ ပိုင်ဆိုင်တဲ့ လယ်ယာခင်းလေးကို စက်ဘီးလေးနဲ့ ခေါက်တုံ့ ခေါက်ပြန်သွားရင်း အသီးအနှံ တွေ ၊ ပန်းပင်တွေ စိုက်ပျိုးကာ နေထိုင်ပါတယ်။ ကြောင်ကလေး ဖုကုမာရုကတော့ သူမရဲ့ အကောင်းဆုံး အဖော်လေးဖြစ်ပါတယ်။ သူမနဲ့ အတူတူ လယ်ကွင်းတွေကို လိုက်ပါရင်း အိမ်မှာ အတူတူ နေထိုင်ရင်း ရိုးရှင်းတဲ့ ဘဝကို ဖြတ်သန်းပါတယ်တဲ့။ အဖွားအိုဟာ အကြားအာရုံလည်း ချို့ တဲ့နေပြီး ကြောင်ကလေးက သူမအတွက် အကောင်းဆုံး အကြားအာရုံခံပေးတဲ့ အဖော်လည်း ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံဆရာမဖြစ်သူ Miyoko Ihara က အဖွားအိုနဲ့ ကြောင်ကလေးရဲ့ ဇာတ်လမ်းကို လွန်ခဲ့တဲ့ ၈နှစ်ကထဲက ရိုက်ကူးပြီး မှတ်တမ်း တင်ခဲ့ပါတယ်။ ပြီးတော့ ဖန်ပေ့ခ်ျ တစ်ခုကို တည်ထောင်လိုက်ပြီး နေ့ စဉ် လှုပ်ရှားမှု များကို မှတ်တမ်း တင်ခဲ့ပါတယ်တဲ့။
အခု ဖော်ပြတဲ့ ပုံများကတော့ အဖွားအို နဲ့  ကြောင်ကလေးရဲ့ ချစ်စရာ ကောင်းတဲ့ လှုပ်ရှားမှု နဲ့ သံယောဇဉ် အကြောင်း ဖော်ပြထားတဲ့ ပုံရိပ်တစ်ချို့ ပဲ ဖြစ်ပါတယ်။
0 comments:
Post a Comment