Wednesday, January 13, 2016

မေမေ့ ဆီက သင်ယူခဲ့တဲ့ ဘဝအကြောင်းအရာများ




ကျွန်တော် ရဲ့  မေမေဟာ ကျနော် သိသမျှလူတွေထဲမှာ စမတ်အကျဆုံး သူတစ်ယောက်ပါ ။ မေမေ့ရဲ့ အလုပ် အကိုင် ကောင်းတာကြောင့်နဲ့ ပညာရေးမြင့်မားမှုကြောင့်လည်း မဟုတ်ပါဘူး။ မေမေ့ရဲ့  ဘဝအတွေ့ အကြုံတွေ ကြောင့်ပါ။ ကျနော် ငယ်ငယ်တုန်းက မေမေ့ရဲ့ အမြင်တွေ အတွေးအခေါ်တွေ ဘဝ အတွေ့ အကြုံတွေကို နားထောင်ရင်း ကြီးပြင်းခဲ့ရပါတယ်။ ရိုးရိုးသားသားပြောရရင် မေမေ့ရဲ့ ဖေးမမှုစကားတွေကြောင့် ဒီနေ့ မှာ လူတော် တစ်ယောက် ဖြစ်လာခဲ့တာပါ။

မေမေဆုံးမတဲ့ စကားတွေကို နားထောင်မှတ်သားရင်း ကလေးဘဝကို ကြီးပြင်းခဲ့တဲ့ အခိုက် မေမေ့ရဲ့  အကောင်းဆုံး အတွေးအခေါ်တွေ ကို စုစည်ထားခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာတော့ ကျနော့်ရဲ့ ဒီလုပ်ငန်းစဉ်လေး ပြီးဆုံးသွားခင်မှာပဲ မေမေဟာ အိပ်ပျော်ရင်း ဆုံးပါးသွားခဲ့ပါတယ်။ ဒီနေ့  မေမေ့ ရဲ့ စိတ်အားတက်ကြွစေတဲ့ စကားလုံးတွေကို မိတ်ဆွေတို့ ကို မျှဝေ ချင်ပါတယ်။ ဒီစကားလုံးတွေက ကျနော့်ဘဝကို မြင့်တင်ပေးခဲ့သလို ..မိတ်ဆွေတို့  ဘဝကိုလည်း မြင့်တင်ပေးမယ်လို့ မျှော်လင့်ပါတယ်။

အနာဂတ်မှာ ရှင်သန်ပါ ၊ အသက်ရှုပါ အတိတ်ကို ထုတ်ပြစ်ပါ ၊ ရှူထုတ်ပြစ်ပါ


မိတ်ဆွေ အခု ဘယ်ရောက်နေနေ ဘယ်ကိုသွားနေတာ ဖြစ်ဖြစ် သတိရပါ .. အဆုံးသတ်မှာ အလင်းတန်းလေး တစ်ခုရှိပါတယ်။ လှိုင်ခေါင်းတစ်ခုရဲ့ အဆုံးသတ်တစ်ခုလိုပေါ့။ ဘယ်တော့မှ တစ်ခုခုကို မျှော်လင့်နေတာတွေ မလုပ်ပါနဲ့ ။ ယူဆချက်တွေ မပေးပါနဲ့ ။ တစ်ခုခုကို တောင်းဆိုမနေပါနဲ့ ။ ကိုယ်တိုင် လုပ်နိုင်တဲ့ အကောင်းဆုံး ဆိုတာကို လုပ်ပါ။ ကိုယ်လုပ်နိုင်တဲ့ ဟာတွေကို ထိန်းချုပ်နိုင်ပါစေ ။ကိုယ်မလုပ်နိုင်တာတွေကို လက်လွတ်ပစ်ပါ။
ကိုယ်ဘယ်သူလဲ ဆိုတာ ဘယ်နေရာမှာ ရှိနေတယ် ဆိုတာကို လက်ခံပါ
မိတ်ဆွေ ရဲ့ အသံတွေက တုန်ခါနေပြီး တစ်ခုခု လက်ခံဖို့ အသင့်မဖြစ်သေးဘူး ဆိုရင်တောင် အမှန်တရားကို ပြောပါ။ မိတ်ဆွေဟာ မိမိဖာသာလည်း လှပနိုင်သူပါ။ တုနှိုင်းမဲ့သူပါ။ ဒါကို မြင်နိုင်တယ် ဆိုရင် မိမိနေထိုင်တဲ့ ကမ္ဘာကြီးမှာ ထူးခြားမှုတွေ အများကြီး ဖြစ်ပေါ်လာပါလိမ့်မယ်။ မိမိလျှောက်လမ်းကို ယုံကြည်ချက်ရှိရှိ ၊ဂုဏ်ယူစွာနဲ့ လျှောက်လှမ်းပါ ။ တခြားသူတွေက မိမိ ဘယ်ခရီးကို သွားနေတယ် ..ဘယ်ကိုလှမ်းနေတယ် ဆိုတာကို နားလည်ဖို့ မမျှော်လင့်ထားပါနဲ့ ။

ကိုယ်အရင်လို မဟုတ်တော့ဘူး ဒါက အိုကေပါတယ်

လူအားလုံး ဘဝမှာ အတက် အကျဆိုတာကို ကြုံတွေ့ ရပါတယ်။ ဒီလိုနဲ့ ပြောင်းလဲ လာတက်ကြပါတယ်။ မိတ်ဆွေလည်း မထူးခြားနားပါပဲ။ မိတ်ဆွေရဲ့ ယခင်က အမြင်တွေ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်။ မနှစ်သက်ခဲ့တာတွေလည်း နှစ်သက်လာနိုင်တယ်။ ပြင်ပအပေါ်အမြင်တွေလည်း ပြောင်းလဲလာနိုင်ပါတယ်။ ဒါပေမဲ့ ပုံမှန် ဖြစ်လေ့ဖြစ်ထ ရှိတာပါပဲ။ လူတွေက မိတ်ဆွေကို မင်းတော်တော်ပြောင်းလဲသွားတာပဲ လို့  ပြောလာရင် တစ်ခုပဲ ပြောဖို့ လိုတာက ။ ဟုတ်တာပေါ့ ကျနော်ပြောင်းလဲသွားပါတယ် ဆိုပြီးပါ။ ဒါဟာ ဘဝမှ ရှင်သန်ခြင်း အကြောင်းအရာပါပဲ။ ကျနော်က ကျနော်ပါပဲ။ ဒါပေမဲ့ ပိုပြီး သန်မာလာတယ်။ ပိုပြီး အမြင်တွေ ကျယ်လာတယ် လေ။

ဖြစ်လာသမျှ အကြောင်းအရာ အားလုံးက မိတ်ဆွေကို ရင့်ကျက်စေဖို့ ပါပဲ

ဘဝမှာဖြစ်လာသမျှ ဆူကြုံနိမ့်မြင့် သဘောတရား အားလုံးကို လက်ခံပြီး မိမိကိုယ်ကိုယ် တိုးတက်စေဖို့  အခွင့်အရေး ဆိုပြီး ကြိုဆိုလိုက်ပါ။ ဘာဘဲ ဖြစ်လာ ဖြစ်လာ ဆုတ်ကိုင်ပြီး ရင်ဆိုင်ပါ။  အရာအားလုံးကနေ သင်ယူပါ ။ အမှားတွေ ဖြစ်လာဖို့ မကြောက်လန့် ပါနဲ့ ။ တစ်ကြိမ်၊ နှစ်ကြိမ် သုံးလေးကြိမ် ရင်ဆိုင်ပစ်ပါ ။ အကြိမ်များစွာ အထိ မဖြစ်လာသေးရင်လည်း လက်ခံပြီး အဆုံးထိ ကြိုးစားသွားပါ။

ဘဝက ရိုးရှင်းသင့်ပါတယ်။

တစ်ကြိမ် မှာ အရာတစ်ခုတည်းပေါ်မှာပဲ အာရုံစိုက်ပါ။ အားလုံးကို လုပ်ဖို့ မလိုပါဘူး ။ မိမိဘဝ အချိန်တိုင်း အရာအားလုံးကို မျိုးစုံကြိုးခုန် လုပ်ကိုင်နေဖို့ မလိုအပ်ပါဘူး။ အသက်ကို ဝဝရှုပါ။ လက်ရှိမှာပဲ ရှင်သန်ပါ။ အကောင်းဆုံး လုပ်ဆောင်ပါ။ မိမိအတွက်ပါ အပါအဝင်ပေါ့။

ပျော်ရွင်ဖို့ အတွက် သင်ယူပါ ၊ ချမ်းသာကြွယ်ဝဖို့ မသင်ယူပါနဲ့ ။

အကြီးမားဆုံးသော ခြားနားချက်နှစ်ခုရှိပါတယ်။  ဒါကတော့ အရာဝထ္တုတွေရဲ့ တန်ဖိုးကို သိတာနဲ့  နဲ့ အရာဝတ္တုတွေရဲ့ အရည်အသွေးကို သိတာပါ။  အဆုံးသတ်ကတော့  မိတ်ဆွေ ပျော်ရွင်စေဖို့  အကောင်းဆုံး နေ့ ဆိုတာ ဘာထူးထူးခြားခြား မှ မလိုအပ်ဘဲ မိတ်ဆွေကို ပြုံးပျော်စေနိုင်တာတစ်ခု ဆိုတာကို သိလာတဲ့ အခါမျိုးပေါ့။



အကောင်းဘက်ကနေ အမြဲတွေးပါ

မိတ်ဆွေရဲ့ စိတ်တိုင်းမကျမှုတွေနဲ့ မပျော်မရွင် ဖြစ်နေခြင်းဟာ မိတ်ဆွေရဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့  မဆိုင်ပါဘူး။ အဓီက က မိမိ  စိတ်နေသဘောထားသာ ဖြစ်ပါတယ်။ သင့်ကို နာကျင်စေတဲ့သူတွေကို ပြုံးပြ လိုက်ပါ။ သင့်မှာရှိတဲ့ သင့်ရဲ့ ပျော်ရွင်မှုတွေကို သူတို့  ယူဆောင်သွားလို့ မရနိုင်ဘူး ဆိုတာကို ပြလိုက်ပါ။ သင့်မှာ ရှိတဲ့ စွမ်းအားတွေက သင်ထင်တာထက် ပိုကြီးတာကို သိရပါလိမ့်မယ်။

သင်ဂရုစိုက်တဲ့သူတွေကို အာရုံစိုက်ပေးပါ

လူတွေက ငါအိုကေပါတယ် လို့  ပြော ပြောတဲ့ အခါ။ သူတို့ မျက်လုံးကို ကြည့်ပါ။ ပြီးရင် တင်းတင်းကြပ်ကြပ်ပွေ့ ဖက်ထားလိုက်ပါ။ ပြီးတော့ မင်း အဆင်ပြေ မနေဘူး ဆိုတာ ငါသိတယ်လို့  ပြန်ဖြေပေးပါ။ မိတ်ဆွေကို သူတို့ လိုအပ်နေချိန်မှ သတိရတက်ကြတဲ့ သူတွေကို တွေ့ ရတဲ့ အခါမှာလည်း စိတ်မကောင်းမဖြစ်ပါနဲ့ ။ သင်လိုအပ်နေတဲ့ အချိန်မှာ အနားမှာ မရှိတဲ့ သူတွေကို တွေ့ ရတဲ့ အခါမှာပဲ စိတ်မကောင်း ဖြစ်ပါ။

လက်လွတ်တက်ဖို့  သင်ယူပါ

တစ်ချို့ လူတွေဟာ မိတ်ဆွေအတွက် ဆိုးပါလိမ့်မယ်။ တစ်ချို့ လူတွေက သူ့ တို့ ဖာသာ အရာဝတ္တုတွေကို ကိုင်တွယ်နိုင် ကောင်း ကိုင်တွယ်သွားနိုင်လိမ့်မယ်။ တစ်ချို့ လူတွေကတော့ သင့်အတွက် ခက်ခဲတဲ့ ပုစ္ဆာတွေကို သင်ယူစေကောင်း သင်ယူစေလိမ့်မယ်။ သင်မရည်ရွယ်ဘဲ နူတ်ဆက်ဖို့ လည်း လွယ်ကူချင်မှ လွယ်ကူလိမ့်မယ်။ ဒါပေမဲ့ သင်သိထားရမှာက ဒါဟာ နှစ်ဦး နှစ်ဖက်ကို အကျိုးရှိစေပါတယ် ဆိုတာပါပဲ။ လက်လွတ်တက်ပါစေ။

တချို့ အကြောင်းအရာတွေဟာ သင့်ကို နှေးကွေးစေဖို့  လုပ်ဆောင်နေတဲ့ သူတွေကနေ ဝေးကွာစေနိုင်တယ်။

လူတွေကို နက်နက်ရှိုင်းရှိုင်းချစ်မိတဲ့ အခါ သင့်ရဲ့ ရည်မှန်းချက်တွေကို ဝေးကွာသွားစေပါတယ်။  လူတိုင်းလိုလို ဒီလို ဘဝကို ဖြတ်သန်းရတက်ကြပါတယ်။ ကိုယ်ဘယ်သူလဲဆိုတာကို ရှာတွေ့ ပြီး ကိုယ်ဘာလိုချင်တယ် ဆိုတာကို သိသွားပြီ ဆိုရင်တော့ သင်တွယ်တာမိတဲ့သူတွေဟာ သင့်ဘေးနားမှာ အမြဲရှိနိုင်မယ် မဟုတ်ဘူး ဆိုတာကို သင် သိလာမှာ ဖြစ်ပါတယ်။ သူတို့ နဲ့ အကောင်းဆုံး အမှတ်တရတွေကိုတော့ ဖန်တီးပါ ပြီးတော့ သင့်ရည်မှန်းချက်ကို အောင်မြင်အောင် လျှောက်လမ်းပါ ။


ပိုကောင်းတာကို လုပ်နိုင်တယ် ဆိုတာကို မယုံဘူး ။ ငါလုပ်နိုင်ဖို့  ဆုတောင်းတယ်။

သူများတွေကို အထင်ကြီး အားကျရင်းနဲ့  မိမိကိုယ်ဘဝကို ရှင်သန်မနေပါနဲ့ ။ မိမိကိုယ်ကိုယ် လည်း အထင်ကြီး လေးစားအားကျပါ ။ နောင်တရစရာ တစ်ခုမှ မရှိဘူး ဆိုရင် ဆက်လုပ်ပါ။ ဒါဟာ ရိုးရိုးလေးပါ။
ပျော်စရာ အဆုံးသတ်တစ်ခုကို ရှာမတွေ့ သေးဘူး ဆိုရင်တော့ ဒါဟာ တခြား အသစ်ခုခုကို ထပ်မံရှာဖွေဖို့  အချိန်လို့ ပြောလို့ ရပါတယ်။


ကျနော်တို့ အားလုံးဟာ အချိန်တိုင်းလိုလို ကျရှူံးတက်ကြပါတယ်။ ဒါဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ခေါင်းမာ မနေပါနဲ့ ။ လက်ခံလိုက်ပါ။ သင်ပြင်ပမှာ တွေ့ ရတဲ့ အောင်မြင်ပြီး စိတ်ဓာတ်ခိုင်မာတဲ့ သူ တော်တော်များများဟာ တခြားသူတွေလိုပါပဲ အထိခိုက်ဆုံး တိုက်ပွဲတွေ ၊ ဆုံးရှုံးမှုတွေ နဲ့ ရင်ဆိုင်ခဲ့ရပြီး အသစ်ကို စတင်ပြီး ရှေ့ ဆက်ကြတာပဲ ဖြစ်ပါတယ်။ 

"Life always goes on"

ဘာသာပြန်
Fred Rangoon 

Related Articles

0 comments:

Post a Comment

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery