Sunday, September 22, 2013
သင့်ဆံပင် အလှအတွက် မီးဖိုချောင်ထဲက လျှို့ ဝှက်ချက်များ
ကျန်းမာတဲ့ ဆံပင်ပိုင်ရှင်များ ဖြစ်ချင်တာက လူသားတိုင်း ဆန္ဒပါပဲ။
သဘာဝ နဲ့ မွေးရာပါ ဗီဇအရ လူတိုင်းဟာ အမျိုးမတူတဲ့ ဆံပင်အမျိုးအစားများ
ပိုင်ဆိုင်ထားကြပါတယ်။ သာမန်ဆံပင် ကျန်းမာသန်စွမ်းတဲ့ သူများက ကိစ္စမရှိပေမဲ့။
ဆိုးဆိုးရွာရွာ ပျက်စီးနေတဲ့ ဆံပင်ပိုင်ရှင်များကတော့
တစ်နေ့ နဲ့ တစ်နေ့  စိတ်ညစ်ဖို့ ကောင်းလောက်အောင် ပြုပြင်နေရတာတွေ
ရှိပါတယ်။
Saturday, September 21, 2013
အလုပ်မှာ စိတ်စုစည်းမှုနဲ့  အာရုံစိုက်ပြီး ဘယ်လို အလုပ်လုပ်ကြမလဲ?
အမှန်တော့ ရိုးရိုးသားသားဝန်ခံရရင် ကိုယ့်အတွက် ကိုယ် သတိပေးတဲ့ အနေနဲ့ ရေးလိုက်တဲ့ အသိပေးစာလေးပါပဲ။
အလုပ်လုပ်စရာတွေ များလာရင် ၊ စိတ်မတည်ငြိမ်ရင် ၊ ဖြစ်သင့်တဲ့ အချိန်မှာ ဖြစ်သင့်ဖြစ်ထိုက်တာတွေ မဖြစ်ရင်
ဒါ ကိုယ်လုပ်နေတာတွေ နည်းနည်းလွဲနေတာ ဒါမှမဟုတ် တစ်ခုခု လိုနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။
ဒီတော့ ပိုပြီး အာရုံ စူးစိုက်မှု ရှိပြီး အလုပ်လေးတွေ မြန်မြန်ပြီး ကိုယ်လိုချင်တဲ့ Out Come တွေ ရအောင် စလုပ်ကြည့်ရအောင်။
Thursday, September 19, 2013
ပုံပြင်တိုလေး သုံးခု
တခါက ရွာသားတွေဟာ မိုးခေါင်တဲ့ အတွက် ဆုတောင်းပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဆုတောင်းတဲ့ နေ့ ရောက်တော့ အားလုံးစုကြတဲ့အခါ ကောင်လေး တစ်ယောက်ပဲ
ထီးယူလာခဲ့တယ်တဲ့။
ဒါဟာ ကိုးကွယ်မှု တဲ့ ။
Wednesday, September 18, 2013
မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့ အဆင့်၁၂ချက်

(၁) တစ်ခုခုမှားနေပြီလို့ ခံစားရရင် ထပ်မလုပ်ပါနဲ့ တော့။
အဲ့ဒီအရာကို လုပ်လိုက်လို့ စိတ်ထဲမှာ နေရတာ အဆင်မပြေဖြစ်နေရင် ။
စိတ်မချမ်းသာတော့ ရင် ထပ်မလုပ်ပါနဲ့ တော့။ မိမိ စိတ်ပင်ပန်းမှုပဲ ရှိပါလိမ့်မယ်။
Monday, September 16, 2013
Tama ဘူတာရုံဝန်ထမ်းကြောင်ကလေး

Tama , たま, born April 29,
1999
ကီနိုဝါက ဆိုတဲ့ ဂျပန်နိုင်ငံက မြို့ လေးတစ်မြို့ ဟာ တခြားမြို
့တွေနဲ့ အတူ သာမန်မြို့ လေးတစ်မြို့ ပါပဲ ။ ဒါပေမဲ့ ဒီမြို့ လေး ကနေ ကမ္ဘာသိကျော်ကြားတဲ့
အဖြစ်အဖျက်လေး တစ်ခု ရှိနေပါတယ်။ ကီနိုဝါက ရဲ့  ကီရှိဆိုတဲ့ ဘူတာရုံမှာ Tama ဆိုတဲ့
ကြောင်ကလေး တစ်ကောင်ဟာ ဘူတာရုံ ရဲ့  လက်မှတ်ရုံက မန်နေဂျာ ရာထူး နဲ့ တရားဝင်ခန့် အပ်ထားခြင်း
ခံရတဲ့ ကြောင်ဖြစ်ပါတယ်။
Sunday, September 1, 2013
အောင်မြင်မှုရဲ့  နောက်ကွယ်ကို ကြည့်ပါ
ကုမ္မဏီ ကြီး တစ်ခုကို လူငယ်လေးတစ်ယောက်ဟာ မန်နေဂျာ ရာထူးအတွက် အလုပ်လာလျှောက်ပါတယ်။ သူဟာ အရင်ဆုံး အင်တာဗျူးတွေ ကို ဖြေဆိုအောင်မြင်ပြီးအခု ကုမ္မဏီရဲ့  ဒါရိုက်တာနဲ့  နောက်ဆုံး အင်တာဗျုး တစ်ခုကို ဖြေရမဲ့ အချိန်ဖြစ်ပါတယ်။ဒါရိုက်တာဟာ ထိုလူငယ်ရဲ့  CV ကို ကြည့်ပြီး သူ့ ရဲ့  ပညာရေးနောက်ခံ တွေ က တော်တော်လေး ကောင်းတာကို တွေ့ လိုက်ရတယ်။ ဒီတော့ သူက ထိုလူငယ်လေးကို မေးလိုက်တယ်။
“ဒီလိုကျောင်းတွေမှာ ပညာသင်ဖို့  စကောလားရှစ်တွေ ဘာတွေများ ရခဲ့သေးသလား ?”
“မရခဲ့ပါဘူး”
"ဒါဆို မင်းအဖေက မင်းကို ဒီလို ကျောင်းတွေ တက်ဖို့ ထောက်ပံ့ပေးခဲ့တာပေါ့။"
“ကျနော် ငယ်ငယ် ကထဲက အဖေက ဆုံးသွားတယ်ခင်ဗျ ။ ဒီကျောင်းတက်ဖို့  စားရိတ်တွေ အားလုံးကို မေမေ ကပဲ ထောက်ပံ့ပေးတာပါ။” လို့  ပြန်ဖြေ လိုက်တယ်။
“မင်း အမေ ဘယ်မှာ အလုပ်လုပ်သလဲ ?”
“အမေက အ၀တ်လျှော်တဲ့ အလုပ်လုပ်ပါတယ်”
ဒါနဲ့ ဒါရိုက်တာက ထိုလူငယ်လက်ဖ၀ါးတွေ ကို ဖြန့် ပြဖို့  တောင်းဆိုလိုက်တယ်။ လူငယ်လေးရဲ့ လက်ဖ၀ါး တစ်စုံလုံးဟာ ချောမွေ့ ပြီး အနာအဆာ မရှိတာကို တွေ့ ရတယ်။
Wednesday, August 28, 2013
ကျနော် နဲ့ အင်တာနက် ၁
Internet is not only Connect But
also Access.
အင်တာနက်ကို ဘာကြောင့် သုံးချင်ကြတာလဲ
လို့  ICT Training ပေးတဲ့ အခါ Trainee တွေကို သင်ခါနီးခဏခဏ မေးခဲ့ဖူးတယ် ။
တစ်ချို့ က ကမ္ဘာ တ၀ှမ်းက အဖြစ်အဖျက်တွေကို
သိချင်လို့ တဲ့ ။ တစ်ချို့ ကတော့ မိတ်ဆွေတွေနဲ့ ဆက်သွယ်ချင်လို့  ။ တစ်ချို့ ကတော့
ပုံတွေ ကြည့်ချင်လို့ တဲ့ ။
အသက် ၁၀နှစ်ကျော်လောက်ကနေ စလို့  အသက်၃၀ကျော်
၄၀ နာ နီးပါး လူတွေ အားလုံး အင်တာနက်ဆိုတာက မသုံးဖူးခင် အင်တာနက်အသုံးပြုပုံကို မသင်ရသေးခင် သူတို့ ကို
မေးကြည့်တယ်။ သူတို့ သိသလောက် မှတ်သလောက် ဖြေကြတာဖြစ်ပါတယ်။
Self Study လို့ ခေါ်နိုင်မလား ??
Friday, August 23, 2013
Freelance လုပ်ကြမလား ?
Freelance လုပ်ကြမလား ?
အမေရိကန် နိုင်ငံသား အလုပ်သမား သုံးယောက်မှာ တစ်ယောက်နှုန်းဟာ Freelance အလုပ်ကို လုပ်ကိုင်ကြတယ်တဲ့။ ၀ီကီဆိုက်မှာ ဖော်ပြထားချက်အရ အများစုကတော့ အမျိုးသမီးတွေ လို့ သိရတယ်။

Freelance ဆိုတာ ဘာတဲ့လဲ ?
Freelance ဆိုတာ နားလည်အောင် ပြောရရင်တော့ ကိုယ်တိုင် Project ရှာပြီး အချိန်ပိုင်း ဒါမှမဟုတ် ကိုယ်လုပ်လိုတဲ့ အချိန်မှာ သူတို့  ပေးတဲ့ အချိန်အတောအတွင်း ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ထုတ်ကုန် တစ်ခုကို ထုတ်လုပ်ဖို့ မိမိ အဆင်ပြေတဲ့ နေရာမှာ လုပ်လို့ ရတဲ့ အလုပ်လို့ လည်း ပြောလို့ ရတယ်။ အဲ့ဒီအတွက် မိမိဘက်က အရင်းအနှီးမများတဲ့ အပြင် မိမိ အဆင်ပြေတဲ့ အချိန်မှာ လုပ်နိုင်တာပါပဲ။ ရုံးတက် ရုံးဆင်း၊ ရုံးချိန်အတိအကျ လုပ်စရာမလိုတဲ့ အလုပ်မျိုးကို ဆိုလိုတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မိမိ အဆင်ပြေရင် ပြေသလို၊ အချိန်ပေးနိုင်ရင် ပေးနိုင်သလို လုပ်နိုင်တဲ့ အလုပ်မျိုး ဖြစ်ပါတယ်။
တစ်ချို့ ကတော့ ကုမ္မဏီလို နေရာကနေ အလုပ်လုပ်မဲ့ သူတွေကို လိုအပ်တဲ့ အချိန်မှာ လိုအပ်တဲ့ ဖောက်သည်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်နိုင်တဲ့ အလုပ်တစ်ခု အနေနဲ့ လုပ်ကိုင်ကြတာ ရှိပါတယ်။ ဒီလို အလုပ်မှာတော့ လုပ်မဲ့သူ နဲ့ သူ ရဲ့ ကျွမ်းကျင်မှုသာ လိုပြီး ဖောက်သည်လို့ ခေါ်နိုင်တဲ့ အလုပ်ရှင်တွေ အပ်တဲ့ အလုပ်ကို သတ်မှတ်ချိန် အတွင်းပုပ်ပြတ် လုပ်ပေးကြရတာမျိုး ပါ။ ဒီအတွက် ကိုယ့်ရဲ့  အလုပ်အပေါ်စီမံခန့် ခွဲတဲ့ HR တို့  Project Manager တို့ ရှိမှာမဟုတ်ပါဘူး ။ သတ်မှတ်ချိန်မှာ အရည်အသွေး ကောင်းတဲ့ Outcome တစ်ခု ထွက်ပေါ်လာဖို့  ကိုယ်တိုင် ကြိုးစားပြီး ဖန်တီးနိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ထိုက်သင့်တဲ့ လုပ်အားခ ကို ကိုယ်တိုင်ညှိပြီး ကြိုက်မှ လုပ်နိုင်ပါတယ်။

Freelancing is one of the easiest, fastest, and lowest cost ways to start working for yourself.
တစ်ချို့ ကတော့ ကုမ္မဏီလို နေရာကနေ အလုပ်လုပ်မဲ့ သူတွေကို လိုအပ်တဲ့ အချိန်မှာ လိုအပ်တဲ့ ဖောက်သည်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်နိုင်တဲ့ အလုပ်တစ်ခု အနေနဲ့ လုပ်ကိုင်ကြတာ ရှိပါတယ်။ ဒီလို အလုပ်မှာတော့ လုပ်မဲ့သူ နဲ့ သူ ရဲ့ ကျွမ်းကျင်မှုသာ လိုပြီး ဖောက်သည်လို့ ခေါ်နိုင်တဲ့ အလုပ်ရှင်တွေ အပ်တဲ့ အလုပ်ကို သတ်မှတ်ချိန် အတွင်းပုပ်ပြတ် လုပ်ပေးကြရတာမျိုး ပါ။ ဒီအတွက် ကိုယ့်ရဲ့  အလုပ်အပေါ်စီမံခန့် ခွဲတဲ့ HR တို့  Project Manager တို့ ရှိမှာမဟုတ်ပါဘူး ။ သတ်မှတ်ချိန်မှာ အရည်အသွေး ကောင်းတဲ့ Outcome တစ်ခု ထွက်ပေါ်လာဖို့  ကိုယ်တိုင် ကြိုးစားပြီး ဖန်တီးနိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ထိုက်သင့်တဲ့ လုပ်အားခ ကို ကိုယ်တိုင်ညှိပြီး ကြိုက်မှ လုပ်နိုင်ပါတယ်။
Thursday, August 1, 2013
ခေါင်းကိုက်ခြင်း အတွက် သဘာဝ ကုထုံး နဲ့ ကုမယ်
ငါးမိနစ် အတွင်းမှာပဲ သင့်ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာဟာ သက်သာ သွားပါလိမ့်မယ်။
လွယ်ကူတဲ့ နည်းလမ်းလေးလည်း ဖြစ်ပြီး ဘာမှ ကုန်ကျမှု မရှိပါဘူး။
ဒါက အိန္ဒိယက ကုထုံး တစ်ခု ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
သင် အသက်ရှုတဲ့ နှာခေါင်း ပေါက် နှစ်ပေါက်မှာ ညာဘက် အပေါက်က
နေကို ကိုယ်စားပြုပြီး ဘယ်ဘက် ကတော့ လ ကို ကိုယ်စားပြုတယ်လို့  ဆိုပါတယ်။
ခေါင်းကိုက်နေတဲ့ အတောအတွင်းမှာ ညာဘက်အပေါက်ကို ဖိပြီး လက်ဖြင့်ပိတ်လိုက်ပါ။ ပြီးတော့ ဘယ်ဘက် အပေါက်ကနေသာ
လေကို ရှုထုတ်လုပ်ပေးပါ။ ငါးမိနစ် ကြာတဲ့ အတောအတွင်းမှာပဲ သင့်ရဲ့ ခေါင်းကိုက် ဝေဒနာဟာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
အကယ်လို့  ပင်ပန်းနေတယ်လို့  ခံစားနေရရင် တော့ သူနဲ့ ပြောင်းပြန်ပါပဲ ။ ဘယ်ဘက် အပေါက်ကို ပိတ်ပြီး ညာဘက်ကနေ လေရှုလေထုတ် လုပ်ပေးပါ ။
မကြာခင်မှာပဲ ပင်ပန်းတာတွေ ပြေပျောက်ပြီး စိတ်လန်းဆန်းမှု ရရှိလာမှာ ဖြစ်ပါတယ်။
ညာဘက် နှာခေါင်းပေါက်ဟာ အပူ ကို ဖြစ်ပေါ်စေတဲ့ အတွက် ပူနွေးမှုကို ချက်ချင်း ဖြစ်ပေါ်စေပြီး ၊ ဘယ်ဘက် ကတော့ အအေးကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ အမျိုးသမီး အများစုဟာ ဘယ်ဘက်နဲ့ အသက်ရှုတာ ဖြစ်ပါတယ်။ ဒါကြောင့် အအေးကို ပို ခံစားရပါတယ်။ အမျိုးသားများကတော့ ညာဘက် နဲ့  အသက်ရှုတာ များကြတဲ့အတွက် အပူဓာတ်ဖြစ်စေပြီး အလုပ်ပိုလုပ်နိုင် ပါတယ်။
သင် နိုးထနေတဲ့ အခါ နှာခေါင်းရဲ့ ဘယ်အပိုင်းက နေ ပိုပြီး အသက်ရှူသလဲဆိုတာ သတိထားကြည့်ပါ။
ဘယ်ဘက်က အသက်ရှုရတာ ပိုကောင်းတယ်ဆိုရင် ပင်ပန်းမှုကို ခံစားစေနိုင်ပါတယ်။ ဒီတော့ ဘယ်ဘက် ပိုင်းကို လက်နဲ့ ခဏ ပိတ်ထားပြီး ညာဘက်နဲ့ အသက်ရှုကြည့်ပါ။အဲ့ဒီအချိန် မကြာခင်မှာဘဲ လန်းဆန်းမှုကို ရရှိမှာ ဖြစ်ပါတယ်။
အကယ်လို့  ခေါင်းကိုက်ဝေဒနာကို မကြာခဏ ခံစားနေရတယ် ဆိုရင် ဒီလေ့ကျင့်ခန်းကို တစ်လလောက် ပုံမှန်လုပ်ပေးရင် လုံးဝ ပျောက်ကင်း
စေမှာ ဖြစ်ပါတယ်။ ဒါကတော့ ဆေးဝါး သုံးစွဲရန် မလိုတဲ့ သဘာဝ နည်းလမ်း လေးပဲ ဖြစ်ပါတယ်။
-----
Ref; Medical Facts

Saturday, July 13, 2013
Online Business လုပ်ကြမလား..?
တစ်ချို့ တလေကတော့ ဒီနည်းလမ်းတွေကို သိပြီ ဖြစ်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေး တစ်ခုကို မိမိ အိမ်ကနေ အင်တာနက် ရှိရုံနဲ့ လုပ်နိုင်တဲ့ အခွင့်အလမ်း ပါ။ နိုင်ငံတကာမှာတော့ ဒီလို နည်းလမ်းတွေဟာ
ကိုယ်ပိုင် အားတဲ့ အချိန်တွေမှာ တစ်ဖက် တစ်လမ်းကနေ ၀င်ငွေရှာနိုင်ဖို့  လုပ်ကိုင်တက်ကြပါတယ်။
အိမ်ထောင်ရှင် မိခင်တစ်ယောက်က ကလေးထိန်းရင်း အလုပ်လုပ်နိုင်သလို ၊ ကျောင်းတက်နေရတဲ့ ကျောင်းသားတွေကလည်းသူတို့  လိုအပ်တဲ့ ကျုရှင်ကြေးကို ရှာဖွေနိုင်မယ်။ လူငယ်တွေကလည်း အိမ်မှာ လုပ်နိုင်တဲ့ အွန်လိုင်း စီးပွားရေး တစ်ခုကို ဖန်တီးနိုင်ပါမယ်။
Monday, July 8, 2013
အင်တာနက် အလကားမရနိုင်တဲ့ နေရာ ( No Free WiFI Zone )
ခေါင်းစဉ် ကို ကြည့်ရင်တော့ ဂွကျတယ်လို့ ထင်မိမှာပါ။ Wifi ဖရီးမရတဲ့ နေရာတဲ့ ။ ဇာတ်လမ်းက ဒီလိုပါ။
လူစည်ကားတဲ့ နေရာအတော်များများ နဲ့  စားသောက်ဆိုင်များမှာ လူဝင်လူထွက် များစေလိုတဲ့ အခါ အင်တာနက် အလကားအသုံးပြုနိုင်တာတို့  ၀ိုင်ဖိုင်အင်တာနက် အသုံးပြုနိုင်တာတို့ နဲ့  လူများကို ဆွဲဆောင် တက်ကြပါတယ်။
အခု နေရာကတော့ No Wifi Zone ပါ ။ အင်တာနက် မရနိုင်တာ မဟုတ်ပါဘူး။ အင်တာနက် တမင်ကို ပိတ်ထားတာ ဖြစ်ပါတယ်။ ငါးမီတာ ပတ်လည်မှာ ဘာအင်တာနက် လိုင်းကိုမှ ဖွင့်မထားဘဲ ပိတ်ထားတာ ဖြစ်ပါတယ်။ကိုယ်ပိုင်အင်တာနက်တောင် အသုံးမပြုနိုင်ပါဘူး။
ဘာကြောင့်လဲ..?
Tuesday, July 2, 2013
အမျိုးသား နဲ့ အမျိုးသမီး ဘာတွေ ယှဉ်မလဲ ?
#စွမ်းဆောင်ရည်တိုင်းတာချက်
အမျိုးသမီးများဟာ တစ်ပြိုင်နက် အလုပ်များစွာ လုပ်နိုင်စွမ်းရှိပါတယ်။
အမျိုးသမီးများရဲ့  ဦးနှောက်ဟာ အချိန်ခဏလေး အတွင်းမှာ လုပ်ငန်း ဆောင်တာ များစွာကို လုပ်ဆောင်နိုင်တဲ့ ပုံစံအဖြစ် ဖန်တီး ထားပါတယ်။
တီဗီကြည့်ရင်း ဖုန်းပြောနိုင်သလို ထို့ အတူ ချက်ပြုတ်ရေး ပါ တပါးတည်း လုပ်ဆောင်နိုင်ပါတယ်။
အမျိုးသားများဟာ တစ်ကြိမ်မှာ အလုပ်တစ်ခုထဲကိုပဲ လုပ်ဆောင်နိုင်ပါတယ်။
အမျိုးသားများရဲ့  ဦးနှောက်ဖွဲ့ စည်းပုံအရ တစ်ချိန်မှာ အလုပ်တစ်ခုကိုပဲ အာရုံစိုက်လုပ်ဆောင်ဖို့ ဖန်တီးထား ဖြစ်ပါတယ်။ ဖုန်းပြောနေရင် တီဗီမကြည့်မနိုင်သလို ၊ တီဗီပိတ်ပြီးမှ ပြောလိုတာကို ပြောနိုင်တာပါ။ အလုပ်တစ်ခုကို တစ်ချိန်မှာ တစ်ခါပဲ လုပ်ဆောင်နိုင်ပြီး မတူညီနဲ့  အလုပ်အများကြီးလုပ်ဖို့ မစွမ်းသာပါဘူး။
Monday, July 1, 2013
Social Media Page Creator မှ Social Media Community Manager အဖြစ်သို့ 
Facebook
မှာ Page တစ်ခု လုပ်တာဟာ သိပ်တော့ မထူးဆန်းပါဘူး။ မိမိဝါသနာ ပါရာ အကြောင်းအရာများကို
ဖန်တီးဖို့  ၊ မျှဝေဖို့  ၊ ရေးသားဖို့  စတာတွေကို အပျော်တမ်းအဖြစ် Facebook အကောင့်
ရှိတဲ့ သူတိုင်း လုပ်နိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒီလို အပျော်တမ်းကနေ
Professional အလုပ်အကိုင် အခွင့်အလမ်း တစ်ခု အဖြစ် ဖန်တီးလာကြတာကို တွေ့ မြင်ရလာတော့
ကိုယ်တိုင်လည်း Page များကို ဖန်တီးသူ ၊ မျှဝေသူ ၊ ရေးသားသူ ပီပီ ဒီ Position တစ်ခုကို
မကြာခင်မှာ တွင်ကျယ်လာတော့မည့် အခွင့်အလမ်း တစ်ခု အနေနဲ့  လေ့လာတင်ပြချင်ပါတယ်။
Fred Rangoon. Powered by Blogger.
Life always goes on
About Me
About Me
Fred Rangoon
Alis - Freddy
Alis - Freddy
Blogger , Writer ,Techie , Digital Marketer ,Contact : tazaung.pr@gmail.com
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef
Search This Blog
Blog Archive
-
▼
2017
(4)
- ► 03/12 - 03/19 (2)
- ► 02/12 - 02/19 (1)
-
►
2016
(6)
- ► 10/16 - 10/23 (1)
- ► 07/31 - 08/07 (1)
- ► 04/17 - 04/24 (1)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
- ► 01/10 - 01/17 (1)
-
►
2015
(17)
- ► 11/29 - 12/06 (1)
- ► 10/04 - 10/11 (1)
- ► 09/27 - 10/04 (1)
- ► 08/30 - 09/06 (2)
- ► 08/23 - 08/30 (3)
- ► 08/16 - 08/23 (1)
- ► 08/09 - 08/16 (1)
- ► 07/05 - 07/12 (3)
- ► 03/29 - 04/05 (2)
- ► 03/01 - 03/08 (1)
- ► 02/08 - 02/15 (1)
-
►
2014
(20)
- ► 12/21 - 12/28 (1)
- ► 11/30 - 12/07 (1)
- ► 09/07 - 09/14 (1)
- ► 08/24 - 08/31 (1)
- ► 08/10 - 08/17 (1)
- ► 07/27 - 08/03 (1)
- ► 07/13 - 07/20 (1)
- ► 06/29 - 07/06 (1)
- ► 06/22 - 06/29 (1)
- ► 05/18 - 05/25 (2)
- ► 05/04 - 05/11 (1)
- ► 04/27 - 05/04 (1)
- ► 04/20 - 04/27 (4)
- ► 04/13 - 04/20 (1)
- ► 03/30 - 04/06 (1)
- ► 01/19 - 01/26 (1)
-
►
2013
(52)
- ► 12/15 - 12/22 (1)
- ► 11/24 - 12/01 (1)
- ► 11/10 - 11/17 (2)
- ► 10/27 - 11/03 (1)
- ► 09/29 - 10/06 (2)
- ► 09/22 - 09/29 (1)
- ► 09/15 - 09/22 (4)
- ► 09/01 - 09/08 (1)
- ► 08/25 - 09/01 (1)
- ► 08/18 - 08/25 (1)
- ► 07/28 - 08/04 (1)
- ► 07/07 - 07/14 (2)
- ► 06/30 - 07/07 (2)
- ► 06/23 - 06/30 (1)
- ► 06/09 - 06/16 (4)
- ► 06/02 - 06/09 (1)
- ► 04/21 - 04/28 (1)
- ► 04/14 - 04/21 (3)
- ► 03/31 - 04/07 (4)
- ► 03/24 - 03/31 (4)
- ► 03/17 - 03/24 (3)
- ► 03/10 - 03/17 (1)
- ► 03/03 - 03/10 (3)
- ► 02/24 - 03/03 (3)
- ► 02/03 - 02/10 (1)
- ► 01/27 - 02/03 (3)
Labels List Numbered
- Food (2)