Monday, October 17, 2016
မိုးမျှော်လှေကား (သို့  ) တောင်ဝိုင်းတောင်
မစီစဉ်ထားဘဲ ကောက်ခါ ငင်ခါ လိုက်ဖြစ်သွားတဲ့ ခရီးလေးပါ ။ Tour နဲ့ သွားတော့ ထွေထွေထူးထူးစီစဉ်စရာ မလိုဘူးလေ။ ဆိုတော့ အလိုက်သင့်လေး လိုက်သွားလိုက်တယ်။ ည ကိုးနာရီကားလေး စီးပြီး မနက်ကျတော့ ဒီနေရာလေးကို ရောက်ခဲ့ပါတယ်။
ဇာတ်လမ်းက
ဒီမှာစပါပြီ။ ဘားအံကနေ စထွက်ကထဲက မိုးက အုံ့ ချင်ချင် ဖြစ်နေတာ မနက်လည်း ရောက်တော့
မိုးတွေက ကျလာပါရော။ ဒါပေမဲ့ ကိုယ်တွေက သွားမယ် ဆို သွားမယ် လာထားပဲ ။ ဒီိလိုနဲ
့တောင်ဝိုင်းကို ချီတက်လာကြပါတယ်။ တောင်ဝိုင်းကို Express ကားနဲ့  သွားလို့ မရပါဘူး။
လမ်းက မြေကြီးလမ်း ပြီးတာ့ ချိုင့်တွေ ၊ တောင်တက်တောင်ဆင်းလမ်းတွေပါ၊ဒီတော့ တခြားကားအသေးလေးတွေတဆင့်စီးပြီး
သွားရပါတယ်။ အနည်းဆုံး တောင်ခြေလောက်ကို
ရောက်ဖို့ နာရီဝက်လောက် မောင်းရပါတယ်။ ဒီတော့ စီးလာတဲ့ Express ကားပေါ်ကဆင်း Tour က
စီစဉ်ပေးတဲ့ Light Track ကားတွေနဲ့  တောင်ခြေဘက် ဆက်လိမ့်ရပါတယ်။ ခုနကပြောသလိုပဲလမ်းက
နည်းနည်းဆိုးတော့ ကားအောက်ပိုင်းလည်း ခဏခဏဆောင့်မိတယ်။ ဒီတော့ ကိုယ်ပိုင်ကားနဲ
့သွားကြမယ် ဆိုရင် ကားအောက်ပိုင်း မြင့်တဲ့ ကားလေးတွေနဲ့ လာမှ အဆင်ပြေပါလိမ့်မယ်။ဒီနယ်က
လူတွေကတော့ ဆိုင်ကယ်နဲ့ လာကြတာတွေ့ ပါတယ်။ ပြဿနာက ကိုယ်တွေ လာတော့ မိုးတွေ နည်းနည်းရွာနေပါတယ်။
အဲ့ဒီတော့ လမ်းတွေက ရွံ့ တွေဘာတွေ ထနေပါရော။
ပါလာတဲ့ သူတစ်ချို့ က တောင်တက်လို့ ဖြစ်ပါ့မလား။ ဘာညာဖြစ်ကုန်ရော ။ ကိုယ်တွေအဖွဲ
့ကတော့ သွားမယ် ဆိုသွားမယ် လာထားလေ။ ဒီတော့ အိပ်ထဲမှာ ရေဘူးထည့် ၊ ဦးထုတ်ထည့် ၊
ထီးတွေဘာတွေရှိရင်ထည့်ုပြီး ချီတက်ပါတယ်။ Light truck ကားတွေကို တောင်အခြေအထိ ရောက်အောင်
မောင်းလို့ မရဘူး ။ လမ်းကလည်း မိုးရွာထားတော့ တော်တော် ဆိုးပါတယ်။ ဒီလိုနဲ့ တောင်ခြေကို
ဝေါကင်းရိုက်ရပါတယ်။
တခြား
Tour အဖွဲ့ တွေလည်း အများကြီးတွေ့ ရတယ်။ အနည်းဆုံး ကိုယ်တွေသွားတဲ့ နေ့  ( သီတင်းကျွတ်လပြည့်နေ
့က ) လူတော်တော်များများလာကြတယ်။ မရှိဘူးဆိုရင် အနည်းဆုံး လူဦးရေ ၅၀၀ ကနေ ၁၀၀၀ ပဲ။
တောင်ဝိုင်းတောင်က ခုတလောမှ နာမည်ကြီးလာတာဆိုတော့ လာတဲ့ သူတွေ တော်တော်များတယ်လို
့ဆိုတယ်။ အရင်ကတော့ ကရင်ပြည်နယ်က လည်ပတ်ဖို့ နေရာတွေ များပေမဲ့ ပြည်တွင်း ပဋိပက္ခလေးတွေ
ရှိနေတာကြောင့် သွားဖို့ လာဖို့  နည်းနည်း သတိထားရတယ်။ ပြောရရင် ပေါ်တာဆွဲတယ် ဘာညာပြောကြတယ်လေ။
(ပြီးခဲ့တဲ့
နှစ်က ကျုံထော်ဘက် ရောက်ဖူးတာ လမ်းတစ်လျှောက်တော်တော်လေး လှတယ်။ အခုကတော့ စစ်ဖြစ်နေလို
့ အဲ့ဒီဘက်ကို ပိတ်ထားတယ်။ )
ဒီနှစ်ကတော့ ဘားအံက တောင်ဝိုင်းတောင်က လှေကားနဲ့ ရိုက်ထားတဲ့
ပုံတွေက ဖေ့ဘွတ်မှာ တော်တော်လေး တက်လာတော့ လူတွေကလည်း ထူးထူးဆန်းဆန်း လှလှပပဆိုရင်
စိတ်ဝင်စားတက်ကြတော့ ဒီနေရာလေးကို လူပိုသိလာကြတယ်။
တောင်ပေါ်စတက်ပြီ
တောင်ခြေကနေ
တောင်ဝိုင်းတောင်ကို လှမ်းကြည့်တဲ့ အချိန်မှာ ဆိုရင် တော်တော်လှတယ်လို့ ပြောလို
့ရတယ်။ ဘားအံဘက်ကတောင်တွေက တော်တော်ထူးဆန်းတယ်။ ကိုယ်တွေလည်း တောင်ပေါ်သားပါပဲ။ ဒါပေမဲ့
ကိုယ်တွေဘက်က တောင်တွေက တစ်ခုနဲ့ တစ်ခု ဆက်နေတာများတယ်။ ဘားအံဘက်ကတော့ တောင်တွေကတော့
ကျွန်းစုတွေက တောင်တွေလိုလို ၊ လင်းနို့ ဂူ ၊ ထုံးကျောက်ဂူ တောင်ပုံစံတွေ။ တစ်ခုနဲ
့တစ်ခုကလည်း သီးခြားစီ ။ ပြီးတော့ မြေသားတောင်မဟုတ်ဘူး။ ကျောက်သားတွေပိုများတယ်။
တောင်ဝိုင်းတောင်
ပုံစံလေးကတော့ တောင်ခုံခုံလေး နှစ်ခု ဆက်နေတဲ့ ပုံလေးပါ။ တော်တော်မတ်တယ်။ စတက်တော့
တောင်ခြေစခန်းလေးက လွဲရင် စလာကထဲက မတ်စောက်တယ်။ မြေပြန့် မရှိဘူး ။ စတက်မယ် ဆိုကထဲက
မတ်မတ်ကြီးကို တက်ဖို့ သာ ပြင်ထားပဲ။ တောင်လမ်းက နည်းနည်းကျဉ်းတယ်။ တစ်ခု သတိထားရမှာက
စတက်ကထဲက လမ်းက ဒီလမ်းက အတက်လည်း ဖြစ်သလို အဆင်းလည်း ဖြစ်တယ်။ ဒီတော့ တောင်ပေါ်က ဆင်းလာတဲ့
သူတွေနဲ့လမ်းတွေက နည်းနည်းကျဉ်းတော့ ပိုသတိထားရတယ်။ အစပိုင်းကတည်းက တောင်က မတ်မတ်ကြီးကို
တက်လာတော့ တော်တော်ပင်ပန်းတယ်။ နားရင်း တက်ရင်းပေါ့လေ။
နားနေစခန်း
တောင်ပေါ်မှာ
စခန်းသုံးခုရှိတယ်။ အဆင့်သုံးဆင့်ပေါ့။ တောင်တက်တာ အပေါ်ရောက်လေလေ စခန်းတစ်ခုစီကို
ကျော်သွားရတယ်။ တောင်က တော်တော်မတ်တော့ ပစ္စည်း ပစ္စယ အများကြီး သယ်လို့ အဆင်မပြေဘူး
။ ပြောရရင် စခန်းတွေဆိုပေမဲ့ မုန့် ဆိုင်တွေ ဘာဆိုင်တွေ ရှိလိမ့်မယ် မမျှော်လင့်နဲ့  ။ နားဖို့  နေရာလေး
ဝါးခုံဖြစ်ဖြစ် ကျောက်သားပြင်လေး ဖြစ်ဖြစ် ဒါပဲရှိမယ်။ တောင်တက်လမ်းကျဉ်းလေးမှာအရမ်းမတ်တဲ
့နေရာတွေမှာ ဝါးလှေကားထစ်လေးတွေ ရှိတယ်။ ဘေးမှာ ဝါးနဲ့လုပ်ထားတဲ့ လက်ရန်းလေးတွေ လုပ်ထားပေးတယ်။
လမ်းခရီး
ခက်ခဲတယ်လို
့ထင်ရတာ တစ်ခုက တောင်တက်လမ်းက ကျဉ်းပြီး ကျောက်သားတွေချည်းပဲ ဆိုတော့ လက်တွေဘာတွေ
ကျောက်သားတွေနဲ့  ထိမိမှာ သတိထားရတယ်။ ကျောက်သားတွေကို ကြည့်လိုက်တော့ အထဲမှာ သစ်ပင်ကနေ
ကျောက်သားဖြစ်နေတာမျိုးတွေ တွေ့ ရတယ်။ ဘေးတစ်လျှောက်လုံး သစ်ပင်တွေ နွယ်ပင်တွေတွေ
့ရတယ်။ တော်တော်လေးလည်း ပင်ပန်းတယ်။ ချွေးကတော့အသေထွတ်တယ်။ ဆိုတော့ ရေများများ သောက်ဖို
့လိုတယ်။
စခန်းနှစ်ခုလောက်
ကျော်ပြီးတဲအခါမှာ လမ်းမှာ လှေကားလုပ်ပေးနေတဲ့ အဘိုးတစ်ယောက်လည်း တွေ့ တယ်။ ကရင်က
လူတွေရဲ့ ချစ်စရာ ကောင်းတာ တစ်ခုက ဒီလိုမျိုး ကုသိုလ် လုပ်တဲ့အခါမှာ စေတနာသန့် တယ်။ ဘာကို မျှော်ကိုးပြီး လုပ်တယ်ဆိုတာမျိုး
နည်းကြတယ်။ ပြောရရင် ကောင်းမှု များများလုပ်ကြတယ်ပေါ့။
( ကျောက်ကလပ်တို
့ ဘာတို့  နေရာမှာဆိုရင်တောင် ဘုန်းကြီးက ၂၄ နာရီ လာသမျှလူကို ထမင်းကျွေးထားတာ
၊ ရွာကလူတွေက သီးနှံတွေကို လှည်းနဲ့တိုက်ပြီး လူတွေကို ကျွေးဖို့ ဘုန်းကြီးကို
လာလှူထားတာတွေ စတာတွေ သိရတာကြောင့်ပါ။ဤကာ စကားချပ် )
လမ်းတစ်လျှောက်လုံးမှာတော့
အသက်ကို ဝဝရှူ ။ အမောဖြေ ပြန်တက်။ အပေါ်က လူတွေက ရောက်ပြီ ရောက်ပြီပြော ။ အားတင်းပြန်တက်။
တစ်ချို့တွေကတော့ လမ်းတစ်ဝက်မှာပဲ တပ်ခေါက်သွားကြတယ်။ ကိုယ်တွေကတော့ တက်မယ်ဆိုရင်
တက်မယ်ပဲလေ။ ဘာတဲ့ ငုတ်မိသဲတိုင် ၊ တက်နိုင်ဖျားရောက် ဆိုတဲ့ စကားအတိုင်းပဲလေ။
ငိငိ လူကတော့ လျှာထွက်ပြီး လေးဖက်ထောက်တက်လို့ တက် ( တောင်ကလည်းမတ်လို့ ပါ )
စခန်း ၃ခုကို
အောင်မြင်စွာ ကျော်ဖြတ်ပြီး သကာလ စုစုပေါင်း ၁နာရီလောက်မှာ တောင်ဝိုင်းထိပ်ကို
ရောက်လာပါတယ်။ အရှေ့ က လူတွေကတော့ အော်လိုက်တက်သွားလိုက်နဲ့ ပေါ့။ တောင်ထိပ်နားမှာတောင်
လူတွေ ကြပ်နေလို့  ၁၅ မိနစ်လောက် ပိတ်မိနေသေးတယ်။ ခုနက ပြောသလို အဆင်းအတက်လမ်းက
တစ်ခုထဲ ပြီးတော့ ကျဉ်းကျဉ်းလေးပါ။ အဲ့ဒီထိပ်ရောက်ရင် ပိုသတိထားရမှာက လမ်းကျဉ်းကျဉ်းလေးဘေးမှာ
ချောက်ကြီးပါ။ လမ်းနံရံတွေကလည်း ကျောက်သားတွေပါ။ ဒီတော့ ချောမကျအောင် သတိထားစေလိုပါတယ်။
လမ်းကလည်းကျဉ်းတော့ အဆင်းလူတွေကို အတက်လူတွေက ဂရုတစိုက် ကိုင်ပြီး တွဲပေးကြတယ်။
ဒါတော့ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးပါ။ ကိုယ်တွေ လူမျိုးတွေရဲ့  ကူညီတက်တဲ့ အကျင့်လေးတွေပေါ့။
တောင်ထိပ်ကို
ရောက်ပြီ။
တောင်ထိပ်ကို
ရောက်တော့ ခုနက လူမပီသတော့နိုင်အောင် ပုံပျက်ခဲ့သမျှ စပ်ဖြီးဖြီးနဲ့ အားလုံးက ပျော်နေကြတာကိုတွေ
့ပါတယ်။ :P တောင်ထိပ်ရဲ့  သံလှေကားကို စတင်ခြေချမိလိုက်တဲ့ အခါမှာ I’m super ဆိုတဲ့
ခံစားချက်လေး ခံစားရတယ်။ ဟုတ်တယ်လေ။ အောက်မှာ ချောက်ကြီးကို ပြီးတော့ သံလှေကားအောက်မှာလည်း
ကျောက်ချွန်တွေကို တိုးလျိုးပေါက်မြင်နေရတယ်လေ။ ဆိုတော့ ဒီအပေါ်တက်လာနိုင်တာ နည်းတဲ့
ပါဝါလားလေ။
တောင်ပေါ်ကနေ
မြင်ရတဲ့ အရသာလေးက တော်တော်လေးကို အရသာရှိပါတယ်။ လေတွေလည်း တိုးဝှေ့ နေပြီး လူလည်း
လန်းဆန်းလာတယ်။ မြင်ရတဲ့ ရှုခင်းကလည်း အသံရှူမှားလောက်အောင် လှပလွန်းတယ်။ လယ်ကွင်းတွေ
၊ တောင်တွေ ပြီးတော့ တိမ်တိုက်တွေ နဲ့  ဘယ်လိုပြောရမလဲ ဆိုတော့ အရမ်းမိုက်တယ်ပေါ့။
တောင်ထိပ်ရောက်တဲ့
လူတိုင်းရဲ့ ရည်ရွယ်ချက်ကတော့ ဓာတ်ပုံ လှလှလေး ရိုက်ဖို့ ပါ။ တောင်ဝိုင်လေးက ကျဉ်းကျဉ်းလေးပါ။
လူ ၅၀-၁၀၀ လောက်ပဲ ခြေချလို့ ရပါတယ်။ အလယ်မှာ စေတီတစ်ဆူရှိပါတယ်။ ဒါပေမဲ့ ဘုရားရှိခိုးလို
့တော့ ကောင်းကောင်းရမယ် မထင်ပါဘူး ။ လူတွေများပြီး ရှုပ်နေတဲ့ အတွက် မတ်တပ်ရပ်ပြီး
လက်အုပ်သာချီနိုင်ပါတယ်။
တောင်ပေါ်မှာ
နာရီဝက်လောက်တော့ နေပြီး ရှုခင်းလှလှလေးတွေ ဓာတ်ပုံရိုက်လိုက် ။ အတူတူပါလာတဲ့ ဘော်ဒါတွေကို
စောင့်လိုက်နဲ့  လုပ်နေရင် အပန်းဖြေရပါတယ်။ လေလေး တဖြူးဖြုးနဲ့ ဆိုတော့ စိတ်လည်း
တော်တော်လေး ကြည်ပါတယ်။
တောင်ဝိုင်းတောင်က
အဓိက သံလှေကားနဲ့ နာမည်ကြီးတာဆိုတော့ အဲ့ဒီနေရာလေးမှာ ဓာတ်ပုံလှလှလေး ရိုက်ခဲ့ဖို
့ကတော့ A Must ပါ။ ကိုယ်ကတော့ ရုပ်မလှတော့ ကျောလေးပဲ ရိုက်လာခဲ့တယ်။ ဟိဟိ
တောင်ဆင်း
တောင်တက်ပြီးတော့
တောင်ဆင်းကိုလည်း အဓိက ထားပြီး ပြောချင်ပါတယ်။ တောင်တက်လမ်းကလည်း ခက်သလို တောင်ဆင်းလမ်းကလည်း
ခက်ပါသေးတယ်။ ကိုယ်တွေထင်လိုက်တာက အတက်က ခက်မယ်ဆိုတော့ အဆင်းကျရင်တော့ လွယ်ပြီ မြန်ပြီပေါ့။
တက်တက်စင်အောင်လွဲပါတယ်။
အဆင်းမှာ ပိုကြောက်စရာ ကောင်းပါတယ်။ အဆင်းလမ်းက အတက်လမ်းမှာပဲ ဆိုတော့ လမ်းတွေက လူသွားတာများပြီး
ချောနေပါတယ်။ ရွှံ့ တွေပေါပါတယ်။ အတက်မှာလို တောင်နံရံတွေကို ကုတ်ပြီးတက်လို့ မရပါဘူး။
ဆိုတော့ တချို့ အရမ်းချောပြီး မတ်စောက်တဲ့ နေရာဆိုရင် ဖင်ထိုင်ပြီး တရွတ်တိုက်ပြီး
ဆင်းရပါတယ်။ အောက်မှာ ကျရင် ကျောက်သာေးတွနဲ့  လျိုကြီးပါ။ ဆိုတော့ နာမှာတော့ ကြောက်ပါတယ်။
ဖြည်းဖြည်းလေးပဲ ဆင်းဖို့ လိုပါတယ်။ တစ်ချို့ ကတော့ တောင်ဝှေ့ လေးတွေ ကိုင်လို
့ထောက်ပြီး ဆင်းပါတယ်။ ကိုယ်ကတော့ ဖိနပ်က ရွံတွေပေကုန်လို့  ခြေဗလာနဲ့ ဆင်းပါတယ်။
အဲ့ဒီမျိုးမလုပ်မိပါစေနဲ့  ။ ကိုယ်ကတော့ခံစားလိုက်ရတယ်။ အောက်က လမ်းက ကျောက်သားတွေဆိုတော့
ခြေထောက်တော်တော်နာပါတယ်။ ဖြစ်နိုင်ရင် ကုက်အားကောင်းတဲ့ ဖိနပ် ၊ ရွံ ထဲစီးလို့ ရတဲ့
ဖိနပ် ၊ စစ်ဖိနစ်လိုမျိုး အကြမ်းခံတဲ့ ဖိနပ်တွေစီးလာသင့်ပါတယ်။ Slipper တို့  ကွင်းထိုးဖိနပ်တို့ မစီးပါနဲ့ ။ ပြတ်တာတွေ
ချောတာတွေ ရှိတက်ပါတယ်။ မြဲပြီး ကုတ်အားကောင်းတဲ့ ဖိနပ်သာ စီးဖို့ လိုပါတယ်။ လမ်းကလည်း
အတက်အဆင်းတစ်လမ်းထဲမှာ ကျဉ်းလည်း ကျဉ်းတော့ လူတွေ အတက်အဆင်း သတိထားပြီး ရှောင်ရပါတယ်။
တောင်အောက်ကို
လေးဖက်ထောက်ပြီး ဆင်းသွားလိုက်ရတဲ့ သကာလမှာတော့ ရွံ့အလိမ့်လိမ့်နဲ့  ကိုယ်တွေ ပြန်ရောက်လာပါတယ်။
တောင်ခြေက ချောင်းကလေးမှာ ရေဆေးပြီး အဝတ်အစားတွေလဲရပါတယ်။ Energy Drink တွေ 100 Plus တွေ မှီဝဲရပါတယ်။ တစ်ခုကောင်းသွားတာက
ဖြည်းဖြည်းပဲ ဆင်းလာတဲ့ အတွက် ထိခိုက်မှု ကြီးကြီးကျယ်ကျယ်တော့ မရှိပါ ဘူး ။ အတူပါလာတဲ့
တစ်ချို့ ဆိုရင် အဆင်းမှာ ချော်လဲပြီး ကျောက်သားနဲ့ ပွတ်မိတာတွေ ၊ ခြေထောက်ကွဲတာမျိုးတွေ
ဖြစ်ကြပါတယ်။
အကယ်၍ စွန်
့စားရတာ ကြိုက်တယ် ဆိုရင် အကြံပြုလိုတာကတော့ ..
လမ်းကြမ်းတဲ့
အတွက် ကိုယ်ပိုင်ကားနဲ့ လာရင် ကားမြင့်မြင့်နဲ့ သာလာပါ။
မဟုတ်ရင်
Tour နဲ့ လာရင် သူတို့ စီစဉ်ပေးတဲ့ အတိုင်း လာလို့ ရပါတယ်။
ရေဘူးတွေ
ဘာတွေ သယ်လာပါ။ ကျောပိုးအိတ်ယူလာပါ။ ပစ္စည်းအများကြီး မထည့်ပါနဲ့  ။
ရေရယ်။ ထိခိုက်ရင်
သုံးနိုင်တဲ့ ဆေးတွေရယ်။ ဦးထုတ် မိုးရွာရင် မိုးကာအကျီ သယ်လာဖို့ လိုပါတယ်။
ဖိနပ်ကတော့
ကုတ်အားကောင်းတဲ့ ဖိနပ် ၊ ခပ်ထူထူ အကြမ်းခံတဲ့ ဖိနပ်စီးဖို့ လိုပါတယ်။
တောင်မတက်ခင်မှာ
အသက်ဝဝရှုပါ။ မတက်ခင် ရေအရမ်းမသောက်ပါနဲ့ ။ တောင်တက်ရင်း ရေဆာမှ ရေသောက်ပါ။
တောင်အောက်ကို
မထိမခိုက် မနာမကျင်နဲ့ အောင်အောင်မြင်မြင် ဆင်းနိုင်သွားပြီဆိုရင်တော့ ဒီ
Mission ကို သင်အောင်မြင်သွားပါပြီ။ဆိုတော့ နောက်တစ်ခါ ထပ်တက်အုံးမလားမေးရင် ဘော်ဒါတစ်ယောက်မှာ
၈ ယောက်လောက်က ဟင်အင့် လို့ ဖြေတက်ကြပါတယ်။ မိတ်ဆွေဆိုရင်ကော ဒီတောင်တက်ပြီး ပြန်ဆင်းလာရင်
ဘာဖြေမလဲ သိချင်ပါသေးတယ်။
Monday, August 1, 2016
ဖက်ထုပ်ဆိုင်ပိုင်ရှင် ညီအစ်မ နှစ်ဦးပြောတဲ့ ဝန်ဆောင်မှု
နယူးယောက်ရဲ
့East Village အရပ်မှာ ထိုင်ဝမ် ဖက်ထုပ်ဆိုင် ဖွင့်ထားတဲ့ ညီအစ်မနှစ်ယောက်ရဲ့  အကြောင်းပါ။
မိခင် ဆီက နည်းလမ်းနဲ
့ဒီဆိုင်လေးကို ဖွင့်ဖြစ်ခဲ့တဲ့ ညီအစ်မနှစ်ယောက်ဟာ ယခင်က စာရင်းကိုင်နဲ့ ဖက်ရှင်အလုပ်တွေကို
စွန့် လွတ်ပြီးဒီ ဆိုင်လေးကို စွန့် ဦးဖန်တီးတဲ့ အနေနဲ့ ဖွင့်ခဲ့ကြပါတယ်။ လခစား ဘဝကနေ
ထွက်လိုက်တော့ ကိုယ်ပိုင်ဝင်ငွေဆိုတာကြီးကြီးမားမားမရှိတဲ့ ဘဝကိုကျော်လွန်ခဲ့ရတယ်။
အခုဆိုရင် နောက်ထပ်
ဆိုင်ခွဲ တစ်ခု ဖွင့်ဖို့ အတွက် နေရာတစ်ခုကိုတောင် ပြန်ရွေးနေပါပြီ။ သူတို့ ဖက်ထုပ်ဆိုင်လေး
နာမည်က Mimi Cheng လို့ ခေါ်ပါတယ်တဲ့။
သူတို့ ဒီလို
စွန့် ဦးဖန်တီးတဲ့ လုပ်ငန်းလေးကို ဘယ်လိုစတင်ဖြစ်ခဲ့သလဲ ၊ ဘယ်လို အခက်အခဲတွေကို ကျော်ဖြတ်ခဲ့သလဲ
ဆိုတာကို လေ့လာကြည့်ရအောင်..
Mimi Cheng
ဆိုတာက Mimi ဆိုတဲ့ ကျွန်မတို့ အမေရဲ့ အိမ်နာမည်ကို ယူထားတာပါ။ ပြီးတော့ အမေ့ရဲ့ အရသာရှိတဲ့
ထိုင်ဝမ်လက်ရာကို အစွဲပြုပြီး ပေးထားတာ။ ကျွန်မတို့  ယုံကြည့်တာက ကောင်းမွန်တဲ့ အစားအစာ
ဆိုတာ သင့်တင့်မျှတတဲ့ ဈေးနှုန်းရှိပြီး အလွယ်တကူ စားသုံးနိုင်မယ်။ ကျွန်မတို့  အစားအသောက်တွေဆိုတာ
အိမ်မှာ နေ့ စဉ်လုပ်တဲ့ လက်ရာတွေပါ ။ လတ်ဆတ်တဲ့ အသားနဲ့  အော်ဂဲနစ် ဟင်းသီးဟင်းရွက်တွေကို
သုံးထားပါတယ်။ ဒါတွေက အစားအစာကို ပိုပြီး အရသာရှိစေပါတယ်။
ညီအစ်မ နှစ်ယောက်
အလုပ် အတူတူ လုပ်ရတဲ့ အချိန်မှာ ဘယ်အချက်က အကောင်းဆုံး ဖြစ်မလဲ
ညီအစ်မ နှစ်ယောက်
အတူတူ ဖွင့်တဲ့ ဆိုင်ဆိုတော့ သိပ်ပြီး ထွေထွ ထူးထူး ညှိစရာတော့ မရှိပါဘူး။ တစ်ယောက်နဲ
့တစ်ယောက် ဆိုင်ထိုင်မဲ့ အချိန်တွေကို အချိန်ဇယားတွေ ဆွဲပြီး လုပ်ထားလိုက်တယ်။ အပြင်ထွက်စရာ
ဘာတွေ ရှိရင်လည်း တစ်ယောက်တစ်လှည့်စီ အချိန်ပေးလို့ ရတယ်။ ဒီတော့ အလုပ်ထဲမှာလည်း ပိုပြီးအချိန်တွေ
ပေးနိုင်တဲ့အတွက်ဖန်တီးမှု နဲ့  တီထွင်ကြံဆ မှုတွေက အတူတူစဉ်းစားရတာတွေ ပိုကောင်းလာတယ်။
ညီအစ်မ နှစ်ယောက်
အတူတူ အလုပ်လုပ်ရတဲ့ အချိန်မှာ ဘယ်အရာက အခက်ခဲဆုံး ဖြစ်မလဲ
မွေးချင်းတွေ
အားလုံးမှာ ရှည်လျားတဲ့ ရင်းနှီးမှု အတိတ်တွေ ကိုယ်စီရှိကြတယ်။ ဒါတွေက အလုပ်နဲ့ ပတ်သတ်ပြီး
သဘောထားမတိုက်ဆိုင်တာတွေ ဘာတွေ ရှိခဲ့ရင်နဂိုဆက်ဆံရေးကို ဖြစ်စေဖို့ ပိုပြီးလွယ်ကူစေတယ်။
တစ်ခါတလေ..ညှိရတာတွေ ရှိပေမဲ့ အလုပ်လုပ်တဲ့ နေရာမှာ ကောင်းတဲ့ ဆက်ဆံရေးတွေကို ပြန်
စဉ်းစားပြီး လုပ်ဖြစ်ပါတယ်။
ဘာတွေက သင်တို
့ကို နေ့ စဉ် အားတက်စေသလဲ?
အရင်ဆုံး ကိုယ့်ဘက်က
ကောင်းမွန်တဲ့ ဆက်ဆံရေး ပေးခြင်းက ကိုယ့်ကိုယ် အားတက်စေပြီး အလုပ်တွေ ပိုမိုလုပ်ချင်စိတ်
ဖြစ်ပေါ်စေပါတယ်။ပြီးတော့ ကျွန်မတို့ Team လေးကို မိသားစုဝင်တွေလို ဆက်ဆံတယ်။ နောက်
ကိုယ့်ရဲ့  ဖောက်သည်တွေကို ဒီလိုမျိုး ဆက်ဆံတယ်။ Mimi Cheng က ကျွန်မတို့ ကို လူသိစေတဲ့
ပရောဂျက် တစ်ခုလည်း ဖြစ်ပါတယ်။မိသားစုရဲ့  ကိုယ်ပိုင် ချက်ပြုတ်နည်း လက်ရာကို မျှဝေခြင်းပါပဲ။
ပြီးတော့ လူတွေကို ကျွန်မတို့ ဆီလာပြီး စကားပြောထွက်လာစေဖို့ ဖိတ်ကြားတဲ့ ပုံစံလိုမျိုးပါ။
ကိုယ်တွေဆီကို
လာတဲ့ လူတွေကို အမြဲတမ်းလည်း ကြိုဆိုနေပါတယ်။ ကျွန်မတို့ လုပ်ချင်စိတ် ထက်သန်တာကို
နေ့ တိုင်လုပ်နိုင်တယ်။ ဘာလို့ လဲ ဆိုတော့သူတို့ ကိုခွင့်တောင့်စရာမလိုဘဲ ကိုယ်တွေဆီ
ရောက်လာအောင် စွမ်းဆောင်နိုင်လို့ ပါပဲ။ ဒါက တကယ်ကို ထူုးခြားတဲ့ ဝန်ဆောင်မှု လုပ်ငန်းတစ်ခုပါတဲ့။
Follower 18.8 K ရှိတဲ့ Mimi Cheng ရဲ့  Instagram မှာ သူတို့  ဖန်တီးမှုလေးတွေကို လေ့လာကြည့်ရအောင် https://www.instagram.com/mimichengs
Fred Rangoon
Fred Rangoon
Tuesday, April 19, 2016
ရန်ကုန်မြို့ တွင်း နဲ့ လမ်းဘေးဈေးဆိုင်
မိတ်ဆွေတို
့သိတဲ့ အတိုင်း ရန်ကုန်မြို့ ရဲ့ Downtown Area လို့ ပြောကြတဲ့ လမ်း ၄၀ ပန်းဆိုးတန်းလမ်းက
စလို့ ၁၅ လမ်း ၊ ဘုန်းကြီးလမ်း အထိက လမ်းဘေးဈေးသည်တွေ
ပေါမှပေါ ။
လမ်းဘေးဈေးသည်တွေဆိုတာကလည်း
တဖက်ကကြည့်ရင် တစ်ပိုင်တစ်နိုင် လုပ်စားကြတဲ့ သူတွေလည်း ဖြစ်သလို တစ်ဖက်ကနေ ကြည့်ပြန်ရင်
မြို့ ထဲမှာ လမ်းကြပ်တဲ့ အကြောင်းအရင်းမှာ ပါတဲ့ အကြောင်းအရင်း တစ်ခုက ဖြစ်ပြန်ရောလေ။
လူသွားလမ်း
ပလက်ဖောင်းတွေမှာ ဈေးတွေ ခင်းရုံတင်မက ၊ ကားရပ်နားရာ နေရာအထိပါ
ဈေးတွေ ခင်းလာကြလို
့ ကျနော်တို့ လို မြို့ ထဲမှာ သွားလာနေတဲ့သူတွေ အထူးသဖြင့် ညနေပိုင်းအချိန်တွေ ဆိုရင်
အဲ့နေရာတင် အချိန် နာရီဝက်ကနေ တစ်နာရီကျော်လောက် ကြာအောင် ကားစီးရတက်ပါတယ်။
အလုပ်က အပြန်
လူကပန်း ၊ စီးရတဲ့ ဘတ်စ်ကားက ကြပ် ၊ အဲကွန်းက မပါ ဒီလိုနဲ့ ပင်ပန်းမှု ဒဏ်တွေ နှစ်ဆင့်
သုံးဆင့် နဲ့ သွားရတဲ့ ယာဉ်ကြောက ကြပ်လိုက်ပြန်တော့..
အဲ့ဒီ ဖီလင်ကြီးကို
ဘယ်သူ့ မေးမေး စိတ်ကုန်တယ်လို့  ညည်းတွားကြမဲ့သူတွေချည်းပါပဲ။
ကိုယ်တွေဆီမှာ
ဘတ်စ်ကား၊ အိမ်စီးကား ၊ တက်စီ တို့ ကိုသာ အားထားပြီး သွားလာရတဲ့ သူတွေများတာမို့ လို
့သူများနိုင်ငံတွေလို အဲကွန်အပြည့်ဖွင့်ထားတဲ့ အမြန်ရထားတွေ ၊မြို့ ထဲ ဆိုင်ကယ်စီးခွင့်တွေကလည်း
မရဘူးလေ။ တစ်ချိန်ချိန်တော့ ဖြစ်လာမှာပါလို့ မျှော်လင့်ပေမဲ့အခုဖြစ်နေတဲ့ လတ်တလော ပြဿနာကို
ဖြေရှင်းဖို့ ကလည်း လိုပါတယ်။
လမ်းဘေးဈေးသည်
ကိစ္စ ဘယ်လိုရှင်းမလဲ
ရန်ကုန် စည်ပင်ကတော့
လမ်းဘေးဈေးသည်တွေကို အချိန်နဲ့ ဖွင့်ခိုင်းတယ် ( နေ့ လည် ၃နာရီ ကနေ ညနေ ၈နာရီ အထိ
) ပြောပေမဲ့ မွန်းတည့်ချိန်ကနေ စလို့  ဈေးသည်တွေက ရောက်ရှိနေကြပြီး စီးပွားရေး သောင်းကျန်းနေပြါပြီး။ ဒါကလည်း သူတို
့ဝမ်းစာမို့ လို့  ပိတ်ပင်ပြီးလည်း မပြောလိုပါဘူး ။ ဒါပေမဲ့ ဒီလိုမျိုး ပြည်သူတွေက ဒီဒဏ်ကို ဆက်လက်ခံနေရမှာလား ဆိုတော့လည်း
မဖြစ်သင့်ပါဘူး ။တကယ် လုပ်မယ် ဆိုရင် ရေရှည် Long Term ကို တွက်ပြီး စီမံကိန်းချရပါမယ်
ရေတို Short Term ကို ကြည့်ပြီးပဲ မလုပ်သင့်တော့ပါဘူး ။ ဥပမာပြောရရင် စည်းကမ်းမလိုက်နာလို
့ ဈေးသည်နဲ့ ဈေးပစ္စည်းတွေကို ကားပေါ် ဆွဲတင်တယ် ။ သိမ်းတယ် ။ ဒါက ဖြစ်လာရင် တော်တော်
ရုပ်လည်း ပျက်ပါတယ်။
Law
တိုင်းလွတ်တော်ကို
လမ်းဘေးဈေးသည်များ ဖယ်ရှားမည့် အဆိုကို တင်သွင်းမယ်လို့  ဂျာနယ်မှာ ဖတ်လိုက်ရပါတယ်။
ဖယ်ပြီးတော့ ဈေးရုံကြီးများ ပြုလုပ်ပေးပြီး ရောင်းချခွင့် ပြုရေး ဆိုတာကိုပါ ထည့်မယ်လို
့ဆိုပါတယ်။ ဒါတကယ် ဖြစ်လာမယ် ဆိုရင် ကောင်းပါတယ်။ ကားလမ်းပေါ်မှာ ကားသာရှိစေမယ် ။ လူုသွားလမ်း
ဖလက်ဖောင်းမှာ လူသာ အေးဆေး လျှောက်လို့ ရမယ် ဆိုရင် ယာဉ်တိုက်မှု နဲ့ ကားပိတ်တာတွေ လျော့စေလာနိုင်ပါတယ်။
သွားလာရတဲ့ သူတွေလည်း စိတ်ချမ်းသာ စေနိုင်မှာပါ။
နေရာသတ်မှတ်ပေးတဲ့
ကိစ္စ
ဘန်ကောက်ကို
သွားလည်တုန်းက Night Market တွေဆိုတာကို လည်ပတ်ကြည့်ပါတယ် ။ Local အကြိုက် ၊ ကမ္ဘာလှည့်တွေ
အကြိုက် ၊ စားချင်သောက်ချင်သူတွေ အကြိုက် ၊ ညအလှကို ကောင်းကောင်းခံစားချင်တွေ အကြိုက်
ဓာတ်ပုံရိုက်ချင်တဲ့သူတွေ အကြိုက် စသဖြင့်
ညဈေး အစုံအလင် တွေ့ ခဲ့ပါတယ်။ ရန်ကုန်မှာလည်း ဒီလိုမျိး ဖြစ်နိုင်ရင် လုပ်စေချင်ပါတယ်။
အရင်ဆုံး စဉ်းစားမိတာကတော့ ဗိုလ်တစ်ထောင် ဆိပ်ကမ်းပေါ့ ။ ကိုယ်တွေစီမှာ အတွဲထိုင်တဲ့
နေရာ ၊ အရက်သောက်တဲ့ နေရာ ဖြစ်မှန်းမသိ ဖြစ်နေပေမဲ့ ဘန်ကောက်မှာ ဒီလို မြစ်ဘေးက ဆိပ်ကမ်းလိုနေရာမှာ
ကမ္ဘာလှည့်ခရီးသည်တွေရော Local တွေပါ အဆင်ပြေပြေ ညဘက်ကို လည်ပတ် စားသောက်နိုင်အောင်
ပြုလုပ်ထားတဲ့ Asiantique လို နေရာမျိုးလေး လုပ်ထားတာကို တွေ့ ရပါတယ်။ တော်တော်လေးလည်း
လှပြီး ခရီးသွားတွေဆီက ငွေကို သဲ့ယူနိုင်လောက်အောင် အစားအသောက် ၊ အဝတ်အထည် ၊ ဘားဆိုင်
သန့် သန့်  ပြန့်  ပြန့် ကောင်းကောင်းလေးတွေ လုပ်ထားတာာ တွေ့ ရပါတယ်။
တရုတ်တန်း နဲ
့ ၁၉ လမ်း
တရုတ်တန်း ကို
ဖြစ်နိုင်ရင် ညဈေးတစ်ခု အနေနဲ့ ပြောင်းလို့  ညနေဘက် ၅နာရီလောက်ကနေ စပြီး ယာဉ်ကြောကို
လမ်းလွဲလိုက်ပြီး အဲ့နေရာလေးကို အစားအသောက်ကောင်းကောင်း ရှာဖွေ စားသောက်လို့ ရတဲ့ နေရာ
၊ ညဈေးပတ်လို့ ရတဲ့ နေရာ တစ်ခု ဖြစ်သင့်ပါတယ်။ မြို့ ထဲကို ဖြတ်မဲ့ ကားတွေကိုတော့
ကမ်းနားလမ်းဘက်ကို ခဏ လမ်းလွဲလိုက်ရင် အဆင်ပြေမယ် ထင်ပါတယ်။
ဘာလို့ လဲဆိုတော့
တရုတ်တန်းလမ်းက ဗန္ဒူလလမ်းကို တစ်လမ်းမောင်းသွားတာ ဆိုတော့ ညနေဘက် တရုတ်တန်းမှာ စားဖို
့သွားရင် ဘတ်စ်ကား ၊ အိမ်စီးကားတွေနဲ့  ရှောင်နေရပြီး လမ်းဘေးမှာ စားနေတဲ့သူတွေ ဘယ်တော့
ကားပွတ်မိမလဲ ရင်တမမ နဲ့  ကြည့်နေရလို့ ပါပဲ။
၁၉လမ်း ဆိုတာကလည်း
ဘန်ကောက်မှာ ဆိုရင် ခေါက်ဆန်လမ်း ( Khao San Road ) နဲ့ ဆင်တူပြီး ယမကာနဲ့ အစားအစာတွေ
ကောင်းကောင်း စားသောက်လို့ ရတဲ့ နေရာ လေးအဖြစ် သီးသန့် ရှိစေသင့်ပါတယ်။
Walking
Street Night Market တစ်ခု ဖြစ်လာစေဖို့  ဘုန်းကြီးလမ်းကနေ ဆူးလေအထိ လမ်းကို ညနေ ၅နာရီကနေ
၁၁ နာရီအထိ ယာယီပိတ်လိုက်ပြီး ဝင်လာသမျှကားတွေကို လမ်းလွဲလိုက်ရင် ဒီနေရာလေးက လမ်းလျှောက်လို
့ ကောင်းတဲ့ ညဈေးလေး ဖြစ်လာမှာ ပါ။
အင်းလျားကန်ဘောင်
အင်းလျားကန်ဘောင်က
အထိုင်လုပ်ထားတဲ့ ဆိုင်တန်းတွေထဲမှာ အကြော်ဆိုင်တန်းကြီးကို ပြောရရင် သိပ်ဘဝင်မကျလှပါဘူး
။ စားရတာလည်း အဆင်မပြေတဲ့ အတွက် ဒီဆိုင်တန်းကြီးကို ဖျတ်ပြီး ယာယီ ညဈေးလေး လုပ်သင့်ပါတယ်။
အစားအသောက်မျိုးစုံ ကို ကောင်းကောင်းဝယ်စားလို့ ရပြီး ကန်ဘောင်မှာ သူငယ်ချင်းတွေနဲ
့အတူတူ ထိုင်စားကြရင် ပျော်စရာ ကောင်းမှာပါ ။ နေရာတကာ စီးပွားရေးဆန်ဆန် လုပ်နေတာတွေ
လျော့ပြီး Win Win ဖြစ်စေမဲ့ဟာလေးတွေ စဉ်းစားသင့်ပါပြီ။ ကန်ဘောင်ကို လာရတဲ့ ရည်ရွယ်ချက်က
ညဈေးလေးလည်း ရှိမယ်။ စားသောက်စရာတွေ ကောင်းကောင်းစားပြီး သူငယ်ချင်းတွေနဲ့ အတူတူ လည်ပတ်မယ်။
အဲ အဆင်ပြေရင် Mobileသည် Second Hand ဆိုင်လေးတွေ Hand Made ဖန်စီ ဆိုင်လေးတွေပါ ထည့်ဖွင့်လိုက်တော့
.. ကဲ တခြားနိုင်ငံက လာလည်တဲ့သူတွေ အမှတ်တရ ပစ္စည်းတွေ ဝယ်လို့ ရတဲ့ နေရာပါ ဖြစ်သွားရောပေါ့။
ဒါဆို ညည အမှတ်တရ ပစ္စည်းဆိုင် ဆိုလို့  တကူးတက ရှာစရာ မလိုတော့ပါဘူး ။ ရိုးရာမပြတ်
အကြော်ဆိုင်လည်း ဖွင့်ချင်သေးသပ ဆိုရင်လည်း အကြော် ဆိုင်ဖွင့်ဖို့ ဆိုင်ကြီး ကနာကြီး
မလိုပါဘူး ။ ထိုင်ခုံအပုလေးတွေ ၊ ခေါက်ထီးအမိုးကြီးတွေနဲ့ ဖွင့်ရင်တောင် ရပါပြီ။ အဲ့ဒီနေရာကို
သပ်သပ်ရပ်ရပ်နဲ့  ကောင်းကောင်း လုပ်လိုက်ရင် Tourist Attraction နဲ့  Night Life ကောင်းကောင်း
ကျော်ဖြတ်လို့ ရတဲ့ နေရာလေးတောင် ဖြစ်သွားအုံးမှာပါ။
Fred Rangoon
Fred Rangoon
Tuesday, February 9, 2016
Make Space
ကိုယ်ပိုင်
ပစ္စည်းတွေဟောင်းသွားရင် ဖြစ်ဖြစ် ၊ အသစ်ဝယ်ဖို့ ကြုံလာရင်ဖြစ်ဖြစ် အဟောင်းတွေကို ထားဖို
့ နေရာကို အမြဲစဉ်းစားရတက်ပါတယ်။ကိုယ်ပိုင် တိုက်ခန်းနဲ့ ဆိုရင်တောင် နေရာကလည်း အတိအကျဖြစ်နေတာကြောင့်ဒါကလည်း
လူတိုင်းကြုံရတဲ့ ပြဿနာတစ်ခုပါပဲ။
ဒီ ပြဿနာနဲ့ ပတ်သက်ပြီး Sam Rosen တစ်ယောက်ဟာ အမြဲတမ်းလိုလိုခေါင်းစား
နေသူပါ။
"ကိုယ့်အိမ်က
ထားဖို့ နေရာမရှိတဲ့ ပစ္စည်းတွေကို ခေါက်ပြုပြီး ဒီဂျင်တယ် ဖိုင်လို DropBox မှာ သိမ်းထားလို
့လည်း မရဘူးလေ။ အိမ်ထောင်ပရိဘောဂပစ္စည်းတွေဆို ပိုဆိုးတာပေါ့။"
ဒီ အခြေအနေက
Make Space ဆိုတဲ့ စွန့် ဦးလုပ်ငန်းလေးကို စတင်စေခဲ့ပါတယ်။ အောက်တိုဘာလ ၂၀၁၃ ခုနှစ်
နယူးယောက်မြို့ မှာပါ။
Wednesday, February 3, 2016
Accidental Entrepreneurs - Run Safe App
ဇန်နဝါရီလ ၂၀၁၄ ခုနှစ်တုန်းက Violet Alexander ဟာ သူမ သားလေးကို တွန်းလှည်းလေးမှာ ထည့်ပြီး အပြင်ကို ထွက်လာခဲ့ပါတယ်။သူမ နေထိုင်ရာ Colo မြို့ က လူသိများတဲ့ မြို့ ပတ်လျှောက်လမ်းအတိုင်း လျှောက်လာခဲ့တဲ့ အချိန်မှာရုတ်တရုတ်ချော်လဲပြီးလမ်းဘေးမှာရှိတဲ့ ရေခဲပြင်ဘက်ကိုရောက်သွားပါတယ်။ ကံကောင်းစွာနဲ့ လုံခြုံရေး ကြိုးမှာ ညှိနေတဲ့အတွက် သူမ နဲ့ ကလေးပါ ပြန်ထလာနိုင်ခဲ့ပါတယ်။
ချက်ချင်းပဲ သူမရဲ့ ယောက်ျားကို ဖုန်း Message လှမ်းပို့ ပြီး သူမဖြစ်နေတာတွေကိုပြောပြပါတယ်။ ပြီးတော့ သူမ အိမ်ကိုပြန်နေတယ် ဆိုတဲ့ အကြောင်းကိုပါ ရေးပို့ ခဲ့ပါတယ်။
ကံဆိုးတာက သူမယောက်ျား ဖုန်းပြန်ခေါ်တဲ့ အခါ သူမဖုန်းပြန်မဖြေနိုင်တော့ပါဘူး ။ ဒီတော့ စိတ်တွေ ပိုပူလာခဲ့ပါတယ်။
"ဖုန်းဆက်တဲ့အချိန်တိုင်း ဖုန်းပြန်မကိုင်တဲ့ အခြေအနေမှာ ကျနော့် စိတ်တွေ ထိန်းလို့ လုံးဝမရတော့ပါဘူး။"
Wednesday, January 13, 2016
မေမေ့ ဆီက သင်ယူခဲ့တဲ့ ဘဝအကြောင်းအရာများ
ကျွန်တော် ရဲ
့ မေမေဟာ ကျနော် သိသမျှလူတွေထဲမှာ စမတ်အကျဆုံး သူတစ်ယောက်ပါ ။ မေမေ့ရဲ့ အလုပ် အကိုင်
ကောင်းတာကြောင့်နဲ့ ပညာရေးမြင့်မားမှုကြောင့်လည်း မဟုတ်ပါဘူး။ မေမေ့ရဲ့  ဘဝအတွေ့ အကြုံတွေ
ကြောင့်ပါ။ ကျနော် ငယ်ငယ်တုန်းက မေမေ့ရဲ့ အမြင်တွေ အတွေးအခေါ်တွေ ဘဝ အတွေ့ အကြုံတွေကို
နားထောင်ရင်း ကြီးပြင်းခဲ့ရပါတယ်။ ရိုးရိုးသားသားပြောရရင် မေမေ့ရဲ့  ဖေးမမှုစကားတွေကြောင့် ဒီနေ့ မှာ လူတော် တစ်ယောက်
ဖြစ်လာခဲ့တာပါ။
မေမေဆုံးမတဲ့
စကားတွေကို နားထောင်မှတ်သားရင်း ကလေးဘဝကို ကြီးပြင်းခဲ့တဲ့ အခိုက် မေမေ့ရဲ့  အကောင်းဆုံး
အတွေးအခေါ်တွေ ကို စုစည်ထားခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာတော့ ကျနော့်ရဲ့ ဒီလုပ်ငန်းစဉ်လေး
ပြီးဆုံးသွားခင်မှာပဲ မေမေဟာ အိပ်ပျော်ရင်း ဆုံးပါးသွားခဲ့ပါတယ်။ ဒီနေ့  မေမေ့ ရဲ့ စိတ်အားတက်ကြွစေတဲ့
စကားလုံးတွေကို မိတ်ဆွေတို့ ကို မျှဝေ ချင်ပါတယ်။ ဒီစကားလုံးတွေက ကျနော့်ဘဝကို မြင့်တင်ပေးခဲ့သလို
..မိတ်ဆွေတို့  ဘဝကိုလည်း မြင့်တင်ပေးမယ်လို့ မျှော်လင့်ပါတယ်။
အနာဂတ်မှာ ရှင်သန်ပါ
၊ အသက်ရှုပါ အတိတ်ကို ထုတ်ပြစ်ပါ ၊ ရှူထုတ်ပြစ်ပါ
Tuesday, December 1, 2015
ကြောင်ကလေးFukumaru နဲ့  အဖွားအို Misao
ဂျပန်နိုင်ငံရဲ့ မြို့ တစ်ခုရဲ့ အပြင်မှာ မထင်မရှာ အဖွားအိုတစ်ဦး နဲ့  ကြောင်တစ်ကောင် နေထိုင်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုများ ပြုလုပ်လေ့ရှိတဲ့ တိရိစ္ဆာန်များနဲ့ တစ်ကိုယ်တည်း နေထိုင်တဲ့ အမူအကျင့်လည်း ဖြစ်ပါတယ်။
အဖွားအို နဲ့  ကြောင်ကလေးကတော့ ဒီဇာတ်လမ်းတွေထဲက ထူးထူးခြားခြား တစ်ခုပါပဲ။ မျက်လုံး အဝါရောင်တစ်ခု အပြာရောင် တစ်ခု ပိုင်ဆိုင်ထားတဲ့ ကြောင်ကလေး နာမည်ကတော့ Fukumaru ပါတဲ့ ။ ဒီကြောင်လေးဟာ နယ်နယ်ရရတော့ မဟုတ်ပါဘူး။ ထူးခြားတဲ့ မျက်လုံးပိုင်ဆိုင်တာမို့ လို့  Wallpaper များစွာကို ရိုက်ကူးခံရတဲ့ ကြောင်မော်ဒလ်လည်း ဖြစ်ပါတယ်။
Wednesday, October 7, 2015
Tree Food ဖန်တီးသူ မချိုလဲ့အောင်
မချိုလဲ့အောင် ဆိုတာကတော့
စွန့် ဦးတီထွင်မှု နဲ့ ဖန်တီးမှု အနုပညာကို ဝါသနာကြီးတဲ့ မြန်မာအမျိုးသမီးငယ် တစ်ဦး ဖြစ်ပါတယ်။
မိမိ ဝါသနာပါတဲ့ ဖန်တီးမှု အနုပညာကို မြန်မာ့ရိုးရာ စားစရာ တစ်ခုနဲ့  ပေါင်းစပ်လို့ 
မြန်မာပြည်တွင်မက ကမ္ဘာမှာပါ ချပြနိုင်ဖို့ 
ကြိုးစားနေတဲ့ လူငယ်တစ်ဦးလည်း ဖြစ်ပါတယ်။
Tree Food ဆိုတဲ့
စားသောက်ကုန် တစ်ခုကို ဖန်တီးထုတ်လုပ်နေသူ ဖြစ်ပြီး အဓိက ကုန်ပစ္စည်းကတော့ ထန်းလျက်ဖြစ်ပါတယ်။
မြန်မာတို့ ရဲ့ ရိုးရာ စားစရာ ထန်းလျက်ဟာ အစာကြေပြီး ကျန်းမာရေးအတွက်လည်း သင့်တော်တဲ့
ဓာတ်စာ တစ်ခု လည်း ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ ဧည့်ခံ တည်ခင်းတဲ့ စားစရာ ဖြစ်တဲ့
အပြင် မြန်မာတို့ အခေါ် Burma Chocolate လို့ လည်း ဆိုကြပါသေးတယ်။ ထန်းလျက်ကို ပြည်တွင်း
စားသောက်ကုန် တစ်ခု အနေဖြင့် ထင်ရှားခဲ့ရာမှ ကမ္ဘာမှာ မြန်မာ့စားစရာ အဖြစ် လက်ဆောင်ပေးလို
့ရတဲ့ အရာ ဖြစ်လာအောင် မြန်မာတို့ ရဲ့  သမရိုးကျ စားစရာကို ပုံမှန် အရသာ နဲ့ ရိုးရာမပျက်စေဘဲ
ထူးခြားဆန်းသစ်ထားတဲ့ စားသောက်ကုန် တစ်ခု အနေနဲ့  ဖြစ်လာဖို့ တီထွင်ဖန်တီးနေတဲ့ သူ လူငယ် အမျိုးသမီး စွန့် ဦးဖန်တီးသူ
မချိုလဲ့အောင်နဲ့  တွေ့ ဆုံပြီး စကားပြောဖြစ်ခဲ့ပါတယ်။
အစ်မက ဘယ်လိုစခဲ့သလဲဆိုတော့
အစားအသောက်လုပ်ငန်းတစ်ခုကို လုပ်ချင်တယ်ပေါ့နော်။ အစားအသောက်နဲ့ ပတ်သက်ပြီးတော့ ။ အရင်တုန်းကတော့
အလုပ်တစ်ခု လုပ်ခဲ့ဖူးတယ်ပေါ့နော် ။ အင်္ကျီချုပ်ဆိုင်ပေါ့။ ဒါပေမဲ့ အဲ့ဒီ အချိန်တုန်းက
ဘာမှမသိဘဲ လုပ်ခဲ့တယ်။ လုပ်ချင်တဲ့ဟာ တစ်ခုဆိုပြီးတော့ လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒုတိယတစ်ခု
လုပ်မယ် ဆိုတဲ့ အခါမှာ သေချာစဉ်းစားတယ်။ အဲ့ဒီ
အလုပ်က ကိုယ်ကိုယ်တိုင်လည်း တစ်ပိုင်တစ်နိုင်လုပ်နိုင်ရမယ်။ အသေးဆုံးကနေ စပြီး အကြီးဆုံးဖြစ်အောင် ဖွင့်နိုင်မယ့် လုပ်ငန်းဖြစ်ကို ဖြစ်ရမယ်။ နောက်ပြီးတခြားနိုင်ငံတွေ
၊ အနီးဆုံး ဘန်ကောက်ကိုကြည့်လို့ ရှိရင် သူတို့ လုပ်တဲ့ ပစ္စည်းလေးတွေက အရမ်းချစ်ဖို့ ကောင်းတယ်။ ကြည့်လိုက်တာနဲ
့ဝယ်ချင်စရာလေး ။ မြန်မာပြည်မှာ ကြည့်လိုက်ရင် တကယ့်ကို အဖိုးတန်တဲ့ အရာတွေ ထွက်နေပေမဲ့
ဆွဲဆောင်မှု မရှိသေးဘူး။ အဲ့ဒီတော့ ဘာလုပ်ရင် ကောင်းမလဲ ပေါ့နော် ။ တီထွင်ဆန်းသစ်မှုတစ်ခုတော့
လုပ်ချင်တယ်။ ပြီးတော့ အစ်မရဲ့  Background တစ်ခု ကျတော့ အနုပညာလုပ်ငန်းပေါ့။ ပန်းချီတွေဆွဲတယ်။
အဲ့လိုမျိုးဘက်ကို ဝါသနာပါတယ်။ အနုပညာပေါ့
။
အဲ့ဒီတော့ စဉ်းစားတာက
ကိုယ်အလုပ်တစ်ခုလုပ်ရင် အနုပညာနဲ့ လည်း ပတ်သတ်ရမယ် ။ ပိုက်ဆံလည်း ရ ရမယ်။ မိန်းမတစ်ယောက် အနေနဲ့  နိုင်နိုင်နင်းနင်းလုပ်နိုင်တဲ့
ဟာ တစ်ခု ဖြစ်ရမယ် ဆိုပြီး အဲ့လိုမျိုး စဉ်းစားတယ်ပေါ့နော် ။ Supermarket မှာ လျှောက်သွားတယ်။တင်ထားတဲ့ ကုန်ပစ္စည်းတွေကြည့်တယ်။
ဘာတွေ လုပ်နိုင်သလဲ ။ ဘာတွေ ထုတ်နေသလဲ ။ အမြဲလေ့လာတယ် ။ အဲ့အခါကျတော့ လျှောက်ကြည့်ရင်း
လျှောက်ကြည့်ရင်းနဲ့ အစ်မဘာတွေ လဲ ဆိုတော့ ။ စစချင်းတွေ့ တဲ့ အရာက ချောကလတ်တွေ..။ နိုင်ငံခြား ချောကလတ်တွေက အရသာ မျိုးစုံရှိတယ်။
ချောကလတ်ရဲ့ Level တွေကို က 90 % တွေ 70% တွေ ရေးထားတယ်။ နောက်ပြီးတော့ အထဲမှာမှ အရသာတွေထည့်ထားတယ်။
အိုကေ ..အဲ့ဒါ ဆိုရင် ဒီ ထန်းလျက်ကို ကော မလုပ်နိုင်ဘူးလားပေါ့ စဉ်းစားတယ်။ ။
နောက်တစ်ခုက ဘာထပ်တွေ
့လဲ ဆိုတော့ လက်ဖက်ခြောက်..။
လက်ဖက်ခြောက်ကို
သူက Blend လုပ်ထားတာ ။ ဘာအရသာ နဲ့ ဘာအရသာ ပေါင်းပြီးတော့ ။ Blend တွေမှ ထွက်လာတာအများကြီးပဲ။
အဲ့ဒီတော့ ကိုယ်ကော ဒီအရသာတွေကို တခြားတစ်နေရာမှာ ၊ ကိုယ့်မြန်မာ အစားအစာတစ်ခုခုမှာ
ထည့်လို့ မရဘူးလား ဆိုပြီး စဉ်းစားမိတဲ့ အခါ ထန်းလျက် ကို သွားစဉ်းစားမိတယ်။
ထန်းလျက်ခဲမှာ ကော
ဘာအရသာတွေ ထည့်လို့ ရမလဲ ။ အဲ့ဒီလို စဉ်းစားတယ်။ တခါတလေ ကျရင် လမ်းပျောက်နေတက်တယ်။
အစ်မရဲ့ အကြံဥာဏ်အများစုဟာ လမ်းလျှောက်ရင်း ထွက်လာတာလို့  မြင်တယ်ပေါ့နော်။ ဈေးတွေထဲကို
လျှောက်သွားတယ်။ ဒီလိုမျိုး ရပ်ကွက်တွေထဲ က ဈေးတွေကို လျှောက်သွားတယ်။ ပြီးကျတော့ အစ်မ ဘာတွေ့ လဲ ဆိုတော့ ထန်းလျက်ခဲကို
Mix လုပ်လို့ ရမဲ့ အရသာမှုန့် တွေ ကို တွေ့ တယ်။ နောက်ပြီး ထန်းညှက် အတုံးအကြီးကြီးကနေ
အတုံးသေးသေးလေး ခွဲနိုင်အောင် နည်းပညာရှာတယ်ပေါ့နော် ။ ဘာလို့ လဲ ဆိုတော့ ထန်းလျက်က
တစ်တုံးစားရင် အကုန်မစားနိုင်ကြဘူး ။ ပြီးတော့ ချိုပြီး အီလည်း အီတယ်။ ဒီအတိုင်း လွင့်ပစ်လိုက်ကြတာလည်း
ရှိတယ်။ ဒါနဲ့ တစ်ခါ စားစာ အတုံးလေးတွေ ခွဲနိုင်ဖို့ ကြိုးစားတယ်။ အဲ့ဒီမှာ အတုံးလေးတွေတော့ ခွဲနိုင်သွားတယ်။ ဒါပေမဲ့
အစ်မဟာတွေက အရည်တွေပျော်ပြီးတော့ အိမ်ကလူတွေလိုက်ကျွေးတာတောင်မှ အိမ်ကလူတွေက မစားချင်ဘူး
။ ပြီးတော့ ပွဲတွေထဲမှာ လိုက်ပြီးတော့ သူငယ်ချင်းတွေကို ကျွေးတော့လည်း သူငယ်ချင်းတွေက
မကြိုက်ကြဘူး။ ဒီလိုနဲ့ ဆက်ပြီး စမ်းသပ်တယ်ပေါ့။ နောက်ဆုံး အရည်မပျော်အောင် လုပ်တဲ့
နည်းနဲ့  အတုံးသေးသေးလေး ခွဲတဲ့ နည်းကို သိပြီး အဆင်ပြေသွားတယ်။
နောက်တစ်ခုက
Super Market တွေကို သွားတဲ့ အခါကျရင် အကုန်လုံးက Import Product တွေချည်းပဲ ။ အကုန်လုံးက
ယိုးဒယား ပစ္စည်းတွေချည်းပဲ။ မြန်မာနိုင်ငံက ဘာမှ မထုတ်နိုင်ဘူးလား ဆိုတော့ ထုတ်နိုင်တယ်
။ သယံဇာတတွေထုတ်တယ်။ ။ ဒါပေမဲ့ အဲ့ဒါကို Value Added လုပ်နိုင် ဖို့ အတွက် အမြဲစဉ်းစားတယ်။ ဘယ်နေရာပဲ ရောက်ရောက် အဲ့ဒါတွေကို Value Added လုပ်နေတာ
ဘာရှိလဲ ။ မန်းကျည်သီး ..ဘာညာအကုန်လုံး အစ်မလေ့လာကြည့်တယ်။ နောက်ဆုံး ထန်းညှက်ဆိုတဲ့ အရာမှ Value Added လုပ်လို
့ရအောင် မရမက စဉ်းစားတယ်။ အစ်မ ဘယ်ဘဲ သွားသွား ဦးနှောက်ထဲမှာ ထန်းလျက်ဆိုတဲ့ ဟာပဲ
ရှိတယ် ။ ထန်းလျက်နဲ့ ဘာနဲ့ ပေါင်းလို့ ရမလဲ
အဲ့လိုပဲလိုက်ရှာခဲ့တယ်ပေါ့နော်။ နောက်ပြီးတော့ ကိုယ်အလုပ်တကယ် လုပ်တဲ့ အချိန်ကျရင်လည်း
သူများနိုင်ငံက Importပစ္စည်းတွေ မဟုတ်ဘဲ Made in Myanmar ဆိုတဲ့ ပုံစံမျိုး လုပ်ချင်တာ
။ အမှန်ဆိုလို့ ရှိရင် အစ်မရဲ့ ထန်းလျက်ဖန်ပုလင်းကလည်း
Made in Myanmar ဆိုတဲ့ ဟာလေး ဖြစ်ရမှာပေါ့နော် ။ အခုလောလောဆယ် အဲ့ဒီ ပုလင်းက အဆင်မပြေသေးဘူး
။ အဲ့ဒီ ကုန်ကြမ်းပုလင်းအတွက် ဈေးနှုန်းက လည်း ဈေးများနေသေးတဲ့အတွက်ကြောင့် ရိုးရိုး တက်နိုင်တဲ့ ပုလင်းလေးတွေနဲ့ လုပ်တာပေါ့နော်။
အမှန် အစ်မ ဖြစ်ချင်တာက လုံးဝ Product တစ်ခုလုံး အဖုံး ၊ ပုလင်း ၊ အတွင်းက စားစရာ
အားလုံးက Made in Myanmar ဖြစ်နေရမယ်။ အကုန်လုံးက Hand
Made အများဆုံး ဖြစ်နေရမယ် ပေါ့နော်။ ဘာလို့ လဲ ဆိုတော့ Hand Made ဆိုတဲ့ နေရာမှာ သူက
အဓိပ္ပါယ်ရှိတယ်။ လူသားတွေရဲ့ လက်နဲ့ လုပ်တဲ့ အရာ အားကုန်လုံးက စက်နဲ့ လုပ်တဲ့ အော်တိုထွက်လာတဲ့
အရာတွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရတဲ့
အထဲက ခံစားချက်တွေ မေတ္တာတွေ ပါတယ်ပေါ့နော်။ ဒါကြောင့် Hand Made လုပ်ဖို့ အတွက်ကို ပိုအလေးထားတယ်။
အကောင်အထည်ဖော်ခြင်း
အစ်မ ဒါကို စလုပ်တာက
ကိုယ်ပိုင် နေရာကလည်း မရှိဘူး ။ တစ်နေရာမှာ ငှားလုပ်ဖို့ က တိုက်ခန်းငှားခက လည်း ဈေးများတော့ ဒီလောက်အဆင်မပြေသေးဘူး။
ဒီလိုနဲ အခု အလုပ်လုပ်နေတဲ့ အင်္ကျှီချုပ်ဆိုင်လေးမှာပဲ ဒီ ထန်းလျက်လုပ်တာကို ပူးတွဲလုပ်ဖြစ်တယ်။ အဲ့ဒါကြောင့် သေးသေးလေးကနေစနိုင်ဖို
့အတွက် ကြိုးစားတဲ့ အခါကျတော့ အဲ့ဒီနေရာမှာပဲ
ကိုယ်ပိုင် စမ်းသပ်ခန်းလေး အနေနဲ့ လုပ်ဖြစ်တယ်။ စလုပ်ဖြစ်ခဲ့တာ အခုဆိုရင် ခြောက်လလောက်တော့
ရှိပြီပေါ့။ April လလောက်ကနေ စပြီး လေ့လာသင်ယူတယ်။ ခြောက်လလောက် အတွင်းမှာ စမ်းတယ်။
လုပ်တယ် ။ ပြီးတော့ အစ်မ ထန်းတောတွေထဲအထိ လိုက်သွားတယ်။ စလုပ်တုန်းက မအောင်မြင်ဘူး
။ အရာရာတိုင်းမှာပညာဆိုတာ ရှိတယ်။ ပညာရှင်ဆိုတာလည်း ရှိတယ်။အဲ့ဒီ ပညာရှင်ဆိုတာကို သွားရှာမယ်
ဆိုပြီး ပဲခူးဘက်က ထန်းတော တွေဘက်ကို သွားတယ်။
အဲ့ဒီအချိန်က ထန်းသိမ်းချိန် တွေ ဖြစ်နေပြီ ။ဒါပေမဲ့ အဲ့ဒီက ထန်းတောဘက်က ဦးလေးကြီးတွေကို သွားမေးတယ်။
ထန်းလျက်အကြောင်းမေးတော့ ။ သွားမစမ်းဖို့ နဲ့  ထန်းညှက်မှာ လျှို ဝှက်ချက် ရှိတယ် ဆိုတဲ့ အကြောင်းတွေပြောတယ်။
တကယ်ကို အားပြတ်အောင် ပြောလွတ်ခဲ့တယ်။
ဒါပေမဲ့ ဇွဲမလျော့ပဲ
ကိုယ်တိုင် အကြိမ်ကြိမ် စမ်းသပ်ပြီး လုပ်ခဲ့တယ်။ အခုလို လူတွေအတွက် Hand Made
Product အနေနဲ့  သင့်လျော်တဲ့ မြန်မာရိုးရာ စားစရာ တစ်ခု အနေနဲ့ ပေါ့။ အခုဆိုရင် အော်ဒါတွေလည်း
ရနေပြီ ဆိုတော့ ကိုယ့်ရည်မှန်းချက် အကောင်အထည်ပေါ်လာပြီလို့  ပြောလို့ ရတာပေါ့။
Biography of Ma Cho Lei Aung
အစ်မက ဆေးနဲ့ ကျောင်းပြီးခဲ့တာပါ
။ အိမ်ကလည်း ဆရာဝန်ဖြစ်စေချင်တယ်။ ဒါပေမဲ့ အစ်မက အဲ့ဒီ Career နဲ့ လုံးဝ မအပ်စပ်ဘူး
လို့  သိတယ်။ ဒီအလုပ်က အရမ်းတည်ငြိမ်နေတယ်။ အစ်မက ဗီဇက ထူးခြားတဲ့ ဆန်းသစ်မှုတွေကို
ရှာပြီးတော့ လုပ်ချင်တယ်။ ပြီးတော့ တစ်ခုခုဆိုလို့ ရှိရင် အစ်မက အရမ်းပျင်းလွယ်တယ်။
တစ်နေနေရာမှာ အဲ့ဒီလို အကြာကြီးနေရာမှာကို အရမ်းပျင်းတယ်။ အဲ့ဒီတော့ တစ်ခုခုကို ရှာဖွေပြီးတော့
လုပ်နေရတာကို သဘောကျတယ်။ အဲ့ဒီတော့ အဲ့ဒီ ဆရာဝန်အလုပ်နဲ့ မအပ်စပ်ဘူးလို့  ဆိုပြီး အိမ်နဲ
့အတိုက်အခံလုပ်ပြီး ထွက်လိုက်တယ်ပေါ့နော်။ အဲ့ဒီ Career ကို ဆက်မလုပ်တော့ဘူး ပေါ့နော်။
အဲ့ဒီအချိန်မှာ ဘာလုပ်သလဲဆိုတော့ ကိုယ့်Career
နဲ့ မဆိုင်တဲ့ အကျီချုပ်ဆိုင်လေးဖွင့်ဖြစ်တယ်။ အစ်မနဲ့ ပေါ့နော်။
အဲ့ဒီအချိန်မှာ
Art ဆိုတဲ့ ဟာကို သွားတွေ့ တယ်။ ကိုယ့်ကိုယ် ရှာဖွေ တွေ့ ရှိသွားပြီလို့  ထင်လိုက်တယ်။
အနုပညာထဲမှာပေါ့နော် ။ ပန်းချီတွေ ဆွဲတယ် ။
အရမ်းပျော်တယ်။ အဲ့ဒီအချိန်ကျမှ ဘဝက ပြန်ပြီး လန်းဆန်းလာသလို ခံစားရတယ်။ ငါလုပ်မဲ့
နောက်ပိုင်းအလုပ်တွေ အကုန်လုံးက အနုပညာနဲ့ ပတ်သက်ရမယ်လို့ ဆုံးဖြတ်ထား တယ်။ မဆီမဆိုင်
အင်္ကျီချုပ်တဲ့ ဟာကို လုပ်တယ်။ အဆင်ပြေပါတယ်။ အောင်မြင်ပါတယ်။ ဒါပေမဲ့ ချဲ့ ဖို့ အတွက်ကျတော့
အားမကောင်းသေးဘူး ပေါ့နော်။ ဒီလိုနဲ့ ဒုတိယ အလုပ်ကို ငါလုပ်မယ်။ အဲ့ဒီအလုပ်ကတော့ ဝန်ဆောင်မှု
ပေးတဲ့ လုပ်ငန်းမဟုတ်ဘဲနဲ့  ထုတ်လုပ်ရေး လုပ်ငန်းကို လုပ်ချင်တာပေါ့နော်။ ပြီးတော့
အစားအသောက်ဆိုတာ လူတွေ အရမ်းကို လိုအပ်တဲ့ အရာ တစ်ခုပေါ့နော် ။ အခု မြန်မာနိုင်ငံက
အရမ်းကို ပွင့်လင်း လာပြီဆိုတော့ ဒီ Entrepreneur လေးပဲ လုပ်ရင် ကောင်းမယ် ဆိုပြီး
အစ်မလိုက်ရှာရင်းနဲ့  ဒါလေးကိုလုပ်ဖြစ်တယ်။ ဒီနှစ်ဆန်းပိုင်းမှာတုန်းကဆိုရင် အစ်မ လမ်းပျောက်နေခဲ့သေးတယ်။
ဒါပေမဲ့ တစ်ခုခုကို ရှာတွေ့ လိုက်မယ်လို့ ကိုယ့်ကိုယ် အမြဲယုံကြည်နေတယ်။
အစ်မက ကိုယ့်ကိုယ်
ခံယူထားတာက ငါလွတ်လပ်နေရင် ပြီးရော ငါ ဘာလုပ်လုပ်။ ကိုယ်ပျော်ပြီးတော့ လွတ်လပ်နေတဲ့
အရာတစ်ခုကို အမြဲလုပ်နိုင်ဖို့  ဆုပ်ကိုင်ထားတယ်။ အဲ့ဒီတစ်ချက်ကလည်း အမြဲတမ်း အိမ်နဲ
့ရန်ဖြစ်ရတဲ့ အချက်ပဲ ပေါ့နော်။ အိမ်ကလည်း
နင်အဲ့ဒီလောက်တောင် လွတ်လပ်ချင်နေရင် တောထဲမှာ သွားနေပါလားလို့  ဖြစ်တဲ့ အထိပေါ့နော်။
ဒီခရီးတစ်လျှောက်လုံးမှာ
အခက်အခဲတွေကတော့ မျိုးစုံပဲပေါ့။ ဒါကလည်း သဘာဝပဲလေ။ အဆင်ပြေသွားတဲ့ အချိန် အောင်မြင်သွားတဲ့
အချိန်မှာ ထောက်ခံသူတွေများပေမဲ့ စခဲ့တဲ့ အချိန်မှာ
ကိုယ့်ကိုယ် အရူးတစ်ယောက်လို ကြည့်ခဲ့တယ်။ အစ်မ ပညာရှင်တွေကို သွားရှာတယ်။ ထုတ်ပိုးမှု
ဆိုလည်း ထုတ်ပိုးမှု ပတ်သက်တဲ့ အရာတွေ အရူးအမူးလျှောက်လုပ်တယ်။ အဲ့ဒီအချိန်မှာ အကုန်လုံးက
အားမပေးဘူး ။ ပိုက်ဆံတွေ မကုန်ဘူး လား ဆိုတော့လည်း ကုန်တယ်။ ဟိုဟာလေး ဝယ်ပြီး စမ်းလိုက်
ဒီဟာလေး ဝယ်ပြီး စမ်းလိုက်နဲ့  ကုန်တယ်။ ပညာရှင် တွေနဲ့ တွေ့ တဲ့ အခါမှာလည်း သူတို
့တွေက အထူးအဆန်းဖြစ်နေပြီး သမီး အဲ့ဒီလို လုပ်ရတာ
မလွယ်ဘူး ဆိုပြီး ဖြစ်ခဲ့တယ်ပေါ့့နော်။ အဲ့ဒီအချိန်မှာ
အစ်မ သိလိုက်တယ်။ အစ်မ ဘယ်လိုလူမျိုးကို ရှာရမလဲ ဆိုတဲ့ ခံစားမှုပေါ့နော်။ အဲ့ဒါက ကိုယ့်ကိုယ်
ထောက်ပံ့ပေးနိုင်မဲ့သူ ။ အရည်အချင်း သုံးမျိုးနဲ
့ပြည့်စုံတဲ့ သူ။ ပထမတစ်ခုက သူ့ ရဲ့ နယ်ပယ်မှာ ကျွမ်းကျင်တဲ့ သူတစ်ယောက် ဖြစ်ရမယ်။
ကိုယ်နဲ့ အတွေးအမြင်မတူဘဲနဲ့  ဆန့် ကျင်ဘက် ဖြစ်တဲ့ ဘက်ကနေ ပြောနိုင်ရမယ်။ နောက်တစ်ခုကတော့
အရေးအကြီးဆုံးပေါ့နော်။ ကိုယ်က ပေါက်ကရတွေ လျှောက်စမ်းနေတဲ့ သူ ဆိုလို့ ရှိရင် ပေါက်ကရလူကို
သွားရှာရတာ အဆင်အပြေဆုံးပဲ ။ ကိုယ်က ဘာလုပ်ချင်တယ် ..ဒီလို.. ဆိုပြီး ပြောနေပေမဲ့ သူက
အူကြောင်ကြောင်နဲ့  ကြည့်ပြီး မဖြစ်နိုင်ဘူးဘဲ ငြင်းတယ်။ ဒါပေမဲ့ လူတွေကပြောတာက မြန်မာနိုင်ငံက
လူတွေက မဖြစ်နိုင်ဘူးကနေစ ပြောတယ်။ အမှန်တော့ မဟုတ်ပါဘူး ။ ကိုယ်က မှန်ကန်တဲ့ သူကို
မတွေ့ တာပါ။ ကိုယ်က မှန်ကန်တဲ့ သူုကိုတွေ့ လို့ ရှိရင် အစ်ကိုရေ ညီမက ဒီလိုလုပ်ချင်တယ်နော် လို့  ပြောလိုက်လို့ ရှိရင်
..အဲ့ဒါ ကျွန်တော် လုပ်ပြီး သွားပြီ ။ အဲ့ဒါကတော့ ဘယ်လိုဖြစ်တယ် ။ အကုန်ပေါင်းစုံနေအောင်
ပြောနိုင်တဲ့သူ ။ သူတို့ တွေကလည်း စွန့် ဦးတီထွင်တွေပဲ ။ ဒါပေမဲ့ မြုပ်ကွယ်နေပြီးတော့
အသက်တွေလည်း ကြီးသွားကြပြီ ။ အဲ့လိုမျိုး လူတွေကို ရှာလို့ ရှိရင် ကိုယ့်အတွက် အများကြီး အထောက်အကူ ဖြစ်တယ်ပေါ့။
အောင်မြင်တဲ့ လူတွေကိုသွားပြီးတော့
မေးကြည့်ဖူးတယ်။ အောင်မြင်ခြင်တဲ့ လူငယ်တစ်ယောက်ကို ဘာများပြောချင်သလဲ ဆိုတော့.. ကိုယ်လုပ်ချင်တဲ့
အလုပ်တစ်ခုကို ဘယ်တော့မှာ မရပ်တန့် လိုက်နဲ့ ။ ဆက်သာလုပ် ။ ဘယ်လောက်ပဲ မွဲတေနေပြီး
။ ဘယ်လောက်ပဲ စုတ်ပြတ်သပ်နေပါစေ တစ်ရက်ကျရင် အောင်မြင်လိမ့်မယ် တဲ့။
အစ်မရဲ့ ပန်းချီဆရာမ
ပြောဖူးတယ်။ ပန်းချီဆွဲတဲ့ နေရာမှာ ဖြစ်ဖြစ်
အလုပ်လုပ်တစ်ခုခု လုပ်တဲ့ နေရာမှာ ဖြစ်ဖြစ်
။ ဆော့ဝဲလ်ဆွဲသလိုပဲတဲ့ ဘောလုံးတစ်လုံးက အပေါ်ကို
ပြေးတယ်။ အောက်ကို ပြေးတယ် ဆိုလို့ ရှိရင် ဘောလုံးတွေက နှံ့ နေအောင် ပြေးပြီး သွားတော့မှ
ဆော့ဝဲလ်တစ်ခုဆိုတာ ဖြစ်တယ်ပေါ့နော်။ အဲ့ဒီလိုပဲ အရာတစ်ခုကို လုပ်တဲ့အချိန်မှာ နည်းပေါင်းစုံနဲ
့ကျွမ်းကျင်နေရမယ်။ အဲ့ဒီလိုမျိုး နှံ့ စပ်နေအောင် ထောင့်စေ့နေအောင် ပြီးမြောက်တဲ့ အထိ ပြီးဆုံးအောင်လုပ်ကြည့်လိုက်ပါ။
အဲ့ဒီအချိန်ကျရင် အောင်မြင်မှု ဆိုတာ ရလာနိုင်ပါတယ်။
အောင်မြင်မှု နဲ့ 
Talent
Talent ပါရမီ ဆိုတဲ့ နေရာမှာလည်း လူတော်တော်များများက ကိုယ့်ကိုယ် ရှာမတွေ့ သေးတာလည်း ပါတယ်။ အစ်မရှာတွေ
့သွားတဲ့ အချိန် အဲ့ဒီ အနုပညာဆိုတဲ့ အရာကို ရှာတွေ့ သွားတဲ့ အချိန်မှာတော့ သြ..ငါ့မှာတော့
ဒီ Talent လေးတစ်ခုတော့ ရှိတယ်။ အဲ့ဒါလေးနဲ့  ဘာများ လုပ်နိုင်မလဲ ပေါ့။ လူတိုင်းမှာ
Talent ဆိုတာ ရှိတယ်။ ငါ့မှာ Talent ရှိတယ် ဆိုတာနဲ့ ပြီးသွားတာ မဟုတ်ဘူး ။ လေ့လာရသေးတယ်။
စာအုပ်ဆို စာအုပ်။ ဒီဇိုင်းဆို ဒီဇိုင်း စသဖြင့်ပေါ့။ Talent က ၅၀ ရာခိုင်နှုန်း နဲ့ ကိုယ်ကြိုးစားတာ ၅၀
ရာခိုင်နှုန်း ရှိရတယ်။
မြန်မာနိုင်ငံနဲ့  Entrepreneur လူငယ်တွေရဲ့  အားနည်းမှု အပေါ် မိမိအမြင် ကတော့ ကြိုးစားအားထုတ်မှု အားနည်းတဲ့ အပြင် အဲ့ဒါကို တစ်စိုက်မတ်မတ် လုပ်တဲ့ အပေါ် အားနည်းတယ်လို့ မြင်ပါတယ်။ ဒါကြောင့် အောင်မြင်လိုတဲ့ စွန့် ဦးတီထွင် လူငယ်များလည်း မိမိ ဆန္ဒရှိတာကို တစ်စိုက်မတ်မတ် ကြိုးစားလုပ်ကိုင်ကြပါလို့  ပြောချင်ပါတယ်။
Tree Food Facebook >>https://www.facebook.com/mytreefood?fref=ts
Fred-Rangoon
7 Oct , 2015
www.fred-rangoon.blogspot.com
Fred Rangoon. Powered by Blogger.
Life always goes on
About Me
About Me
Fred Rangoon
Alis - Freddy
Alis - Freddy
Blogger , Writer ,Techie , Digital Marketer ,Contact : tazaung.pr@gmail.com
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef
Search This Blog
Blog Archive
-
▼
2017
(4)
- ► 03/12 - 03/19 (2)
- ► 02/12 - 02/19 (1)
-
►
2016
(6)
- ► 10/16 - 10/23 (1)
- ► 07/31 - 08/07 (1)
- ► 04/17 - 04/24 (1)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
- ► 01/10 - 01/17 (1)
-
►
2015
(17)
- ► 11/29 - 12/06 (1)
- ► 10/04 - 10/11 (1)
- ► 09/27 - 10/04 (1)
- ► 08/30 - 09/06 (2)
- ► 08/23 - 08/30 (3)
- ► 08/16 - 08/23 (1)
- ► 08/09 - 08/16 (1)
- ► 07/05 - 07/12 (3)
- ► 03/29 - 04/05 (2)
- ► 03/01 - 03/08 (1)
- ► 02/08 - 02/15 (1)
-
►
2014
(20)
- ► 12/21 - 12/28 (1)
- ► 11/30 - 12/07 (1)
- ► 09/07 - 09/14 (1)
- ► 08/24 - 08/31 (1)
- ► 08/10 - 08/17 (1)
- ► 07/27 - 08/03 (1)
- ► 07/13 - 07/20 (1)
- ► 06/29 - 07/06 (1)
- ► 06/22 - 06/29 (1)
- ► 05/18 - 05/25 (2)
- ► 05/04 - 05/11 (1)
- ► 04/27 - 05/04 (1)
- ► 04/20 - 04/27 (4)
- ► 04/13 - 04/20 (1)
- ► 03/30 - 04/06 (1)
- ► 01/19 - 01/26 (1)
-
►
2013
(52)
- ► 12/15 - 12/22 (1)
- ► 11/24 - 12/01 (1)
- ► 11/10 - 11/17 (2)
- ► 10/27 - 11/03 (1)
- ► 09/29 - 10/06 (2)
- ► 09/22 - 09/29 (1)
- ► 09/15 - 09/22 (4)
- ► 09/01 - 09/08 (1)
- ► 08/25 - 09/01 (1)
- ► 08/18 - 08/25 (1)
- ► 07/28 - 08/04 (1)
- ► 07/07 - 07/14 (2)
- ► 06/30 - 07/07 (2)
- ► 06/23 - 06/30 (1)
- ► 06/09 - 06/16 (4)
- ► 06/02 - 06/09 (1)
- ► 04/21 - 04/28 (1)
- ► 04/14 - 04/21 (3)
- ► 03/31 - 04/07 (4)
- ► 03/24 - 03/31 (4)
- ► 03/17 - 03/24 (3)
- ► 03/10 - 03/17 (1)
- ► 03/03 - 03/10 (3)
- ► 02/24 - 03/03 (3)
- ► 02/03 - 02/10 (1)
- ► 01/27 - 02/03 (3)
Labels List Numbered
- Food (2)



























