Wednesday, November 13, 2013

ဇနီးလေးယောက်



မြို့ တစ်မြို့ က အရမ်းချမ်းသာတဲ့ ကုန်သည်တစ်ဦးဟာ ဇနီးလေးယောက် ရှိပါတယ်။ကုန်သည်ကြီးဟာ ဇနီးလေးယောက် ထဲမှာမှ လေးယောက်မြောက် ဇနီးလေးကို ဂရုအစိုက်ဆုံးတဲ့ ။ဝတ်ကောင်းစားလှတွေ ဆင်ပေးတယ်။ ကောင်းပေ့ ညွန်ပေ့ ဆိုတဲ့ အစားအစာတွေ ကျွေးတယ်။အမြဲတမ်း ဂရုစိုက်ပြီး အကောင်းဆုံးထားသတဲ့။

တတိယမြောက် ဇနီးကျတော့လည်း အချစ်ဆုံးပါပဲ။ ပွဲတက်တဲ့ နေရာတကာ ခေါ်သွားတယ်။ ပြောရရင် ပွဲထုတ်တယ်ပေါ့။သူငယ်ချင်းတွေနဲ့ တွေ့ တဲ့ အခါလည်း မိတ်ဆက်ပေးပြီး ဂုဏ်ယူနေတက်တယ်။ ဒါကြောင့် ကုန်သည်ကြီးက ဒီဇနီး အနားက ထွက်သွားမှာကိုလည်း စိုးရိမ်တကြီး ဖြစ်နေရှာတယ်။

ဒုတိယမြောက် ဇနီးကိုလည်း ထပ်တူကျ ချစ်ရှာပါတယ်။ ကုန်သည်ကြီးအပေါ် အလွန်ကောင်းရှာပြီး စိတ်ရှည်သည်းခံကာဆက်ဆံရှာတယ်။ ကုန်သည်ကြီး ဘာပြဿနာ ကြုံကြုံ  ဒုတိယ ဇနီးကို အမြဲ တိုင်ပင်ပြီး ၊ ထိုဇနီးကလည်း အမြဲတမ်း အကြံဥာဏ်တွေပေးတက်တယ်။

အဲ....နောက်ဆုံး နဲ့ ပထမဆုံးသော ဇနီးကတော့ ကုန်သည်ကြီးအပေါ် အလွန် သစ္စာရှိတဲ့ သူပါပဲ။ ကုန်သည်ကြီးရဲ့  ချမ်းသာကြွယ်ဝမှုစီးပွားရေး တွေကို ထိန်းသိမ်း ကွပ်ကဲပေးပြီး တစ်အိမ်လုံးကိုလည်း စောင့်ရှောက်ပေးတက်သူပေါ့။ ဒါပေမဲ့ ထိုဇနီးက ချစ်သော်ငြားလည်း ကုန်သည်ကြီးက သူမကို လုံးဝမချစ်ခဲ့ပါဘူး။ ဂရုလည်း မစိုက်ဘူးပေါ့။
ဒီလိုနဲ့ တစ်နေ့ ရောက်တော့ .. ကုန်သည်ကြီးက ဖျားလေရောတဲ့။ ဖျားတာမှ အပြင်းဖျား သေနိုင်တဲ့ အဆင့်အထိ ရောက်သွားတယ်။အဲ့ဒီအချိန်မှာ ကုန်သည်ကြီးက ဖျားနေရင် တွေးတယ်။ ငါဟာ အရမ်းချမ်းသာပြီး ဇနီးလည်း လေးယောက်ရှိတယ်။ ဒါပေမဲ့ ငါသေတဲ့ အခါငါ တစ်ယောက်ထဲပါလား။ ငါ တစ်ယောက်ထဲ သေမင်းဆီသွားရမှာပါလား ဆိုပြီး တွေးတယ်။ အဲ့ဒီအချိန်မှာ ဘေးနားမှာ ရှိနေတဲ့ လေးယောက်မြောက် ချစ်ဇနီးလေးကို မေးရှာတယ်။

“ငါ့ တစ်ဘ၀ လုံးမှာ မင်းကိုသာ အချစ်ဆုံး ။ မင်းအတွက် အကောင်းဆုံးတွေကိုသာ လုပ်ပေးခဲ့တယ်။ လိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးခဲ့တယ်။  အခု ငါ သေမင်းဆီ သွားတဲ့ အခါ မင်းကော ငါနဲ့ အတူ လိုက်ပေးနိုင်မလား ။”

“မဖြစ်နိုင်ဘူး ရှင့်..”
လေးယောက်မြောက်ဇနီးက ဆိုတယ်။ ပြီးတော့ ဘာမှ ထပ်မပြောဘဲ ကုန်သည်ကြီး အနားကနေ ထွက်ပြေးသွားသတဲ့။

ကုန်သည်ကြီးဟာ ထိုဇနီး ဒီလို လုပ်သွားတာကို ကြည့်ပြီး သူ့ ရင်ကို ဓားနဲ့ ထိုးသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ခံစားချက် ကိုမြိုသိပ်ပြီးတတိယ ဇနီးကို ပြန်မေးရှာတယ်။
“ငါ မင်းကို တော်တော်လေး ချစ်ခဲ့တယ်။ အမြဲတမ်းလည်း အတူတူ ရှိနေခဲ့တယ်။ အခု ငါ သေမင်းဆီသွားတဲ့အခါ ငါနဲ့  အတူလိုက်ပေးနိုင်မလား “
မလိုက်နိုင်ပါဘူး။ ဒီဘ၀ မှာပဲ ပျော်တယ်။ ရှင်ဆုံးသွားတဲ့ အခါ တခြားတစ်ယောက်နဲ့ ပြန်လက်ထပ်မယ်။ ဒါ ကျမ ဆုံးဖြတ်ချက်ပဲ ။တကယ်ပါပဲ..ကုန်သည်ကြီး နှလုံးသားကို အေးခဲသွားသလို ခံစားလိုက်ရတယ်။

ဒုတိယ ဇနီးကို ကြည့်လိုက်ပြီး ...
“မင်းနဲ့ ငါဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် တိုင်ပင်ပြီး ကူညီခဲ့ကြတယ်။
အခုလည်း မင်း အကူအညီ လိုနေပြီ။ ငါနဲ့ အတူ လိုက်ပေးနိုင်မလား ။”
“စိတ်မကောင်းပါဘူး ရှင် ... ဒီအချိန်မှာ တော့ ရှင်ကို ကျမ မကူညီနိုင်တော့ပါဘူး။
ဒါပေမဲ့ ... အနည်းဆုံးတော့ ရှင့် ဈာပနာကို ကျမ လိုက်ပို့ ပေးနိုင်ပါတယ်။”

ဒီလို ဖြေတာ ကြားလိုက်ရတော့ ကုန်သည်ကြီးဟာ မိုးကြိုးအကြိမ်ကြိမ်ပစ်ချခံလိုက်ရသလို ပါပဲ။ အရမ်း ၀မ်းနည်းသွားတယ်လေ။
အဲ့ဒီအခါ အသံတစ်ခု ထွက်လာတယ်။

“ကျမ ရှင်နဲ့ လိုက်မယ်။ ရှင် ဘယ်ကို သွားသွား ကိစ္စမရှိဘူး ။ လိုက်ပါမယ်။”

ကုန်သည်ကြီးက သူရဲ့  နောက်ဆုံး ကျန်တဲ့ ဇနီးလေးကို လှမ်းကြည့်လိုက်တယ်။ ပိန်လှီနေပြီး အဟာရ မပြည့်ဝ ဖြစ်နေတဲ့
သူရဲ့ ပထမဆုံး ဇနီးလေးဟာ သူ့ ကို ဘေးနားကနေ ငေးကြည့်နေရှာတယ်။ ဒီတော့မှ ကုန်သည်ကြီးဟာ ၀မ်းနည်းတဲ့ လေသံနဲ့ ပြောရှာတယ်။
“နောက်ဆုံးတော့ မင်းပဲ ငါနဲ့ အတူ လိုက်ပါပေးနိုင်တယ် ဆိုတာ
ငါ သိလိုက်ရတဲ့ အတွက် ငါ စိတ်ချမ်းသာပါတယ်။” တဲ့

ဒီ ပုံပြင်မှာ ကုန်သည်ကြီးနဲ့ ဇနီးလေးယောက်က ဘာကို ဆိုလိုချင်တာလဲ..?

လေးယောက်မြောက် အချစ်ဆုံးဇနီးလေး
လေးယောက်မြောက် ဇနီးဆိုတာဟာ  ကျနော်တို့  ခန္တာကိုယ်ကို ဆိုလိုတာပါပဲ။ နေ့ ရော ညရော ကိုယ့်ကိုယ် စိတ်ချမ်းသာအောင် ထားတယ်။မျက်နှာသစ် ၊ သွားတိုက် ၊ သန့် ရှင်းရေး လုပ် ၊ လိုက်ဖက်တဲ့ အ၀တ်အစားတွေ ဆင်ပေး။ ပုံပြင်ထဲက လေးယောက်မြောက်ဇနီးလေးကို ဂရုစိုက်သလိုပေါ့။ဒါပေမဲ့ ကံဆိုးစွာပဲ.. ဒီခန္တာကိုယ်ကြီးက ကျနော်တို့ ဘ၀ တပါးကို ကူးပြောင်းကြတဲ့အခါ အတူတူ လိုက်မပါပေးနိုင်တော့ဘူး။ နောက်ဆုံး ထွက်သက်မှာပဲ ဒီ ကိုယ်ဂရုစိုက်လှပါတယ် ဆိုတဲ့ ခန္တာကိုယ်ကြီးကို ထားသွားကြရတယ်။ ဒါဟာ ကျနော်တို့ သိပ်သဘောကျ ဂရုစိုက်တယ် ဆိုတဲ့ ခန္တာ ကိုယ်ကြီးရဲ့  ဦးတည်ရာက ဒီလောက်ပါပဲ။ လာတုန်းကလည်း ဗလာ သေတော့လည်း ဗလာဆိုသလိုပေါ့။

တတိယမြောက် ဇနီး
ငါတို့ အတွက် တတိယမြောက် ဇနီးကကော ... ကျနော်တို့ ပိုင်ဆိုင်မှုတွေပေါ့။ ကျနော်တို့ ချမ်းသာ ကြွယ်ဝမှုတွေ ၊ ဂုဏ်ဒြပ်တွေ ။ ကျနော်တို့  သေဆုံးတဲ့ အခါ သူတို့ လည်းတခြားတပါးကို ရောက်သွားကြတာပါပဲ။

ဒုတိယမြောက် ဇနီး
ဒုတိယမြောက် ဇနီးဆိုတာကတော့ ကျနော်တို့ မိသားစုနဲ့ မိတ်ဆွေတွေပါ။
ဘယ်လိုပဲ အနီးအနားမှာ အတူတူ ရှိနေပါစေ ။ နောက်ဆုံးမှာတော့ ကိုယ့် ဈာပနကိုပဲ လိုက်ပို့ နိုင်တဲ့ သူတွေပဲလေ။

နောက်ဆုံး ဇနီး
နောက်ဆုံး ဇနီးကတော့ ကျနော်တို့ စိတ်ပါပဲ။ ဥစ္စာ ပစ္စည်းတွေနောက် တစ်ကောက်ကောက်ပါအောင် လိုက်ခဲ့တယ်။
အောင်မြင်မှု ၊ ကျော်ကြားမှုတွေ အတွက် စိတ်ခံစားချက်ကို လျစ်လျူရှုပြီးတော့ပေါ့။ နောက်ဆုံး ကိုယ်နဲ့ ပါလာနိုင်တာက စိတ်ပါပဲလေ။


အားလုံးဆင်ခြင် နိုင်ကြပါစေ။

လင်းတန်ဆောင်

ဂျပန်နိုင်ငံက ကျောင်း



ဂျပန်နိုင်ငံက ကျောင်းတွေမှာ အတန်း Grade 4 မရောက်မချင်း ကလေးတွေကို စာမေးပွဲ မဖြေခိုင်းဘူး လို့ သိရပါတယ်။

ဘာကြောင့်ပါလဲ ?

Wednesday, October 30, 2013

Dream Catcher အကြောင်း တစ်စေ့တစ်စောင်း

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ က ကိုနေဘုန်းလတ် အင်ဒိုနီးရှား ဘာလီမှာ Internet Governance Forum တက်ပြီးပြန်ရောက်တော့အနော်တို့  ရုံးက အဖွဲ့ သားတွေ အတွက် ဘာလီပြန်လက်ဆောင်လေးတွေ ယူလာတယ်။

Monday, September 30, 2013

အမျိုးသမီး များ အတွက်



လူတစ်ယောက်က သူမကို မေးလိုက်တယ်။

သင်ဟာ အလုပ်လုပ်နေတဲ့ မိန်းမလား.. ?
အိမ်ထောင်ရှင်မလား?

အမျိုးသမီး က ပြန်ဖြေလိုက်တယ်။

Sunday, September 29, 2013

စကားပြောတက်စေဖို့ 



လူတစ်ယောက်ရဲ့ ဆွဲဆောင်မှု ရှိတဲ့ ကိုယ်နေကိုယ်ဟန်ထဲမှာ စကားပြောခြင်း အတက်ပညာကလည်း အပါအ၀င်ပဲ ဖြစ်ပါတယ်။ ခေါင်းစဉ်ကိုတော့ ရိုးရိုးရှင်းရှင်း ပေးလိုက်ပေမဲ့ စာဖတ်တဲ့ မိတ်ဆွေများ အနေနဲ့ ဇဝေဇ၀ါ ဂွကျတာတွေ ဖြစ်နိုင်ကောင်းပါတယ်။

Sunday, September 22, 2013

သင့်ဆံပင် အလှအတွက် မီးဖိုချောင်ထဲက လျှို့ ဝှက်ချက်များ




ကျန်းမာတဲ့ ဆံပင်ပိုင်ရှင်များ ဖြစ်ချင်တာက လူသားတိုင်း ဆန္ဒပါပဲ။
သဘာဝ နဲ့ မွေးရာပါ ဗီဇအရ လူတိုင်းဟာ အမျိုးမတူတဲ့ ဆံပင်အမျိုးအစားများ
ပိုင်ဆိုင်ထားကြပါတယ်။ သာမန်ဆံပင် ကျန်းမာသန်စွမ်းတဲ့ သူများက ကိစ္စမရှိပေမဲ့။ ဆိုးဆိုးရွာရွာ ပျက်စီးနေတဲ့ ဆံပင်ပိုင်ရှင်များကတော့
တစ်နေ့ နဲ့ တစ်နေ့  စိတ်ညစ်ဖို့ ကောင်းလောက်အောင် ပြုပြင်နေရတာတွေ ရှိပါတယ်။

Saturday, September 21, 2013

အလုပ်မှာ စိတ်စုစည်းမှုနဲ့  အာရုံစိုက်ပြီး ဘယ်လို အလုပ်လုပ်ကြမလဲ?


အမှန်တော့ ရိုးရိုးသားသားဝန်ခံရရင် ကိုယ့်အတွက် ကိုယ် သတိပေးတဲ့ အနေနဲ့ ရေးလိုက်တဲ့ အသိပေးစာလေးပါပဲ။
အလုပ်လုပ်စရာတွေ များလာရင် ၊ စိတ်မတည်ငြိမ်ရင် ၊ ဖြစ်သင့်တဲ့ အချိန်မှာ ဖြစ်သင့်ဖြစ်ထိုက်တာတွေ မဖြစ်ရင်
ဒါ ကိုယ်လုပ်နေတာတွေ နည်းနည်းလွဲနေတာ ဒါမှမဟုတ် တစ်ခုခု လိုနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။

ဒီတော့ ပိုပြီး အာရုံ စူးစိုက်မှု ရှိပြီး အလုပ်လေးတွေ မြန်မြန်ပြီး ကိုယ်လိုချင်တဲ့ Out Come တွေ ရအောင် စလုပ်ကြည့်ရအောင်။

Thursday, September 19, 2013

ပုံပြင်တိုလေး သုံးခု



တခါက ရွာသားတွေဟာ မိုးခေါင်တဲ့ အတွက် ဆုတောင်းပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဆုတောင်းတဲ့ နေ့ ရောက်တော့ အားလုံးစုကြတဲ့အခါ ကောင်လေး တစ်ယောက်ပဲ
ထီးယူလာခဲ့တယ်တဲ့။

ဒါဟာ ကိုးကွယ်မှု တဲ့ ။


Wednesday, September 18, 2013

မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့ အဆင့်၁၂ချက်


(၁) တစ်ခုခုမှားနေပြီလို့ ခံစားရရင် ထပ်မလုပ်ပါနဲ့ တော့။


အဲ့ဒီအရာကို လုပ်လိုက်လို့ စိတ်ထဲမှာ နေရတာ အဆင်မပြေဖြစ်နေရင် ။
စိတ်မချမ်းသာတော့ ရင် ထပ်မလုပ်ပါနဲ့ တော့။ မိမိ စိတ်ပင်ပန်းမှုပဲ ရှိပါလိမ့်မယ်။


Monday, September 16, 2013

Tama ဘူတာရုံဝန်ထမ်းကြောင်ကလေး



 

Tama , たま, born April 29, 1999

ကီနိုဝါက ဆိုတဲ့ ဂျပန်နိုင်ငံက မြို့ လေးတစ်မြို့ ဟာ တခြားမြို့ တွေနဲ့ အတူ သာမန်မြို့ လေးတစ်မြို့ ပါပဲ ။ ဒါပေမဲ့ ဒီမြို့ လေး ကနေ ကမ္ဘာသိကျော်ကြားတဲ့ အဖြစ်အဖျက်လေး တစ်ခု ရှိနေပါတယ်။  ကီနိုဝါက ရဲ့  ကီရှိဆိုတဲ့ ဘူတာရုံမှာ Tama ဆိုတဲ့ ကြောင်ကလေး တစ်ကောင်ဟာ ဘူတာရုံ  ရဲ့  လက်မှတ်ရုံက မန်နေဂျာ ရာထူး နဲ့ တရားဝင်ခန့် အပ်ထားခြင်း ခံရတဲ့ ကြောင်ဖြစ်ပါတယ်။

Sunday, September 1, 2013

အောင်မြင်မှုရဲ့  နောက်ကွယ်ကို ကြည့်ပါ



ကုမ္မဏီ ကြီး တစ်ခုကို လူငယ်လေးတစ်ယောက်ဟာ မန်နေဂျာ ရာထူးအတွက် အလုပ်လာလျှောက်ပါတယ်။ သူဟာ အရင်ဆုံး အင်တာဗျူးတွေ ကို ဖြေဆိုအောင်မြင်ပြီးအခု ကုမ္မဏီရဲ့  ဒါရိုက်တာနဲ့  နောက်ဆုံး အင်တာဗျုး တစ်ခုကို ဖြေရမဲ့ အချိန်ဖြစ်ပါတယ်။ဒါရိုက်တာဟာ ထိုလူငယ်ရဲ့  CV ကို ကြည့်ပြီး သူ့ ရဲ့  ပညာရေးနောက်ခံ တွေ က တော်တော်လေး ကောင်းတာကို တွေ့ လိုက်ရတယ်။ ဒီတော့ သူက ထိုလူငယ်လေးကို မေးလိုက်တယ်။ 

“ဒီလိုကျောင်းတွေမှာ ပညာသင်ဖို့  စကောလားရှစ်တွေ ဘာတွေများ ရခဲ့သေးသလား ?”

“မရခဲ့ပါဘူး”

"ဒါဆို မင်းအဖေက မင်းကို ဒီလို ကျောင်းတွေ တက်ဖို့ ထောက်ပံ့ပေးခဲ့တာပေါ့။"

“ကျနော် ငယ်ငယ် ကထဲက အဖေက ဆုံးသွားတယ်ခင်ဗျ ။ ဒီကျောင်းတက်ဖို့  စားရိတ်တွေ အားလုံးကို မေမေ ကပဲ ထောက်ပံ့ပေးတာပါ။” လို့  ပြန်ဖြေ လိုက်တယ်။

“မင်း အမေ ဘယ်မှာ အလုပ်လုပ်သလဲ ?”

“အမေက အ၀တ်လျှော်တဲ့ အလုပ်လုပ်ပါတယ်”

ဒါနဲ့ ဒါရိုက်တာက ထိုလူငယ်လက်ဖ၀ါးတွေ ကို ဖြန့် ပြဖို့  တောင်းဆိုလိုက်တယ်။ လူငယ်လေးရဲ့ လက်ဖ၀ါး တစ်စုံလုံးဟာ ချောမွေ့ ပြီး အနာအဆာ မရှိတာကို တွေ့ ရတယ်။ 

Wednesday, August 28, 2013

ကျနော် နဲ့ အင်တာနက် ၁

Internet is not only Connect But also Access.

အင်တာနက်ကို ဘာကြောင့် သုံးချင်ကြတာလဲ လို့  ICT Training ပေးတဲ့ အခါ Trainee တွေကို သင်ခါနီးခဏခဏ မေးခဲ့ဖူးတယ် ။
တစ်ချို့ က ကမ္ဘာ တ၀ှမ်းက အဖြစ်အဖျက်တွေကို သိချင်လို့ တဲ့ ။ တစ်ချို့ ကတော့ မိတ်ဆွေတွေနဲ့ ဆက်သွယ်ချင်လို့  ။ တစ်ချို့ ကတော့ ပုံတွေ ကြည့်ချင်လို့ တဲ့ ။
အသက် ၁၀နှစ်ကျော်လောက်ကနေ စလို့  အသက်၃၀ကျော် ၄၀ နာ နီးပါး လူတွေ အားလုံး အင်တာနက်ဆိုတာက မသုံးဖူးခင်  အင်တာနက်အသုံးပြုပုံကို မသင်ရသေးခင် သူတို့ ကို မေးကြည့်တယ်။ သူတို့ သိသလောက် မှတ်သလောက် ဖြေကြတာဖြစ်ပါတယ်။

Self Study လို့ ခေါ်နိုင်မလား ??


Friday, August 23, 2013

Freelance လုပ်ကြမလား ?

Freelance လုပ်ကြမလား ?

August 23, 2013 at 7:54pm
အမေရိကန် နိုင်ငံသား အလုပ်သမား သုံးယောက်မှာ တစ်ယောက်နှုန်းဟာ Freelance အလုပ်ကို လုပ်ကိုင်ကြတယ်တဲ့။ ၀ီကီဆိုက်မှာ ဖော်ပြထားချက်အရ  အများစုကတော့ အမျိုးသမီးတွေ လို့ သိရတယ်။



Freelance ဆိုတာ ဘာတဲ့လဲ ?

Freelance ဆိုတာ နားလည်အောင် ပြောရရင်တော့ ကိုယ်တိုင် Project ရှာပြီး အချိန်ပိုင်း ဒါမှမဟုတ် ကိုယ်လုပ်လိုတဲ့ အချိန်မှာ သူတို့  ပေးတဲ့ အချိန်အတောအတွင်း ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ထုတ်ကုန် တစ်ခုကို ထုတ်လုပ်ဖို့ မိမိ အဆင်ပြေတဲ့ နေရာမှာ လုပ်လို့ ရတဲ့ အလုပ်လို့ လည်း ပြောလို့ ရတယ်။ အဲ့ဒီအတွက် မိမိဘက်က အရင်းအနှီးမများတဲ့ အပြင် မိမိ အဆင်ပြေတဲ့ အချိန်မှာ လုပ်နိုင်တာပါပဲ။  ရုံးတက် ရုံးဆင်း၊ ရုံးချိန်အတိအကျ လုပ်စရာမလိုတဲ့ အလုပ်မျိုးကို ဆိုလိုတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မိမိ အဆင်ပြေရင် ပြေသလို၊ အချိန်ပေးနိုင်ရင် ပေးနိုင်သလို လုပ်နိုင်တဲ့ အလုပ်မျိုး ဖြစ်ပါတယ်။

Freelancing is one of the easiest, fastest, and lowest cost ways to start working for yourself.


တစ်ချို့ ကတော့ ကုမ္မဏီလို နေရာကနေ အလုပ်လုပ်မဲ့ သူတွေကို လိုအပ်တဲ့ အချိန်မှာ လိုအပ်တဲ့ ဖောက်သည်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်နိုင်တဲ့ အလုပ်တစ်ခု အနေနဲ့ လုပ်ကိုင်ကြတာ ရှိပါတယ်။ ဒီလို အလုပ်မှာတော့ လုပ်မဲ့သူ နဲ့ သူ ရဲ့ ကျွမ်းကျင်မှုသာ လိုပြီး ဖောက်သည်လို့ ခေါ်နိုင်တဲ့ အလုပ်ရှင်တွေ အပ်တဲ့ အလုပ်ကို သတ်မှတ်ချိန် အတွင်းပုပ်ပြတ် လုပ်ပေးကြရတာမျိုး ပါ။ ဒီအတွက် ကိုယ့်ရဲ့   အလုပ်အပေါ်စီမံခန့် ခွဲတဲ့ HR တို့  Project Manager တို့ ရှိမှာမဟုတ်ပါဘူး ။ သတ်မှတ်ချိန်မှာ အရည်အသွေး ကောင်းတဲ့ Outcome တစ်ခု ထွက်ပေါ်လာဖို့  ကိုယ်တိုင် ကြိုးစားပြီး ဖန်တီးနိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ထိုက်သင့်တဲ့ လုပ်အားခ ကို ကိုယ်တိုင်ညှိပြီး ကြိုက်မှ လုပ်နိုင်ပါတယ်။

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery